Thursday 20 February 2014

နိုက်ဂျီး ရီးယား အစ္စ လာမ်မစ် သူပုန်များ ရွာသား များကို သတ်

Photo: နိုက်ဂျီး ရီးယား အစ္စ လာမ်မစ် သူပုန်များ ရွာသား များကို သတ်
Thursday, February 20, 2014

နိုက်ဂျီး ရီးယားမှ အစ္စလာမ္မစ် စစ်သွေး ကြွသူပုန် ဘိုကို ဟာရမ်ဟု ယူဆရသည့် လူအုပ် စုသည် ကျေးရွာ တစ်ရွာကို ဝင်ရောက် တိုက်ခိုက် ကာ ဒါဇင်ပေါင်း များစွာ သော အရပ်သား များကို သတ်ဖြတ်သွား ခဲ့ကြောင်း မျက်မြင် သက်သေ များ၏ ပြန်လည် ပြောပြ ချက်အရ BBC သတင်း တစ်ရပ်က ဖော်ပြ ထားသည်။

သေနတ် သမား များသည် အစ်ဇ်ဂီ ကျေးရွာမှ အရပ်သား များကို တစ်နေ ရာတွင် စုလိုက်ပြီး ပစ်သတ်ခဲ့ ကြခြင်း ဖြစ်ကာ နောက်ပိုင်း တွင်လည်း တစ်အိမ် တက် တစ်အိမ်ဆင်း လိုက်ရှာကာ တွေ့သူ များကို သတ်ပစ်ခဲ့ ကြသည်။ ယင်းအစု လိုက်အ ပြုံလိုက် သတ်ဖြတ်မှု ၏ နောက်ကွယ်တွင် ဘိုကို ဟာရမ် စစ်သွေး ကြွများ ရှိနေ သည်ဟု ယူဆ ကြောင်း နိုက်ဂျီး ရီးယား အရာရှိ များက ပြောကြား သည်။

နိုက်ဂျီးရီး ယားနိုင်ငံ မြောက်ပိုင်း တွင် အစ္စလာ မ္မစ်ပြည်နယ် ထူထောင်ရန် အတွက် လက်နက်ကိုင် တိုက်ခိုက် နေသော ဘိုကိုဟာ ရမ်စစ် သွေးကြွ များသည် အလွန်အမင်း အကြမ်း ဖက်မှု၊ မည်သူ့ ကိုမှ မချန် တိုက်ခိုက်မှု တို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြား သည်။

အခင်း ဖြစ်ပွားသော ပြည်နယ် သည် ဘော်နို ပြည်နယ် ဖြစ်ပြီး လွှတ်တော် အမတ်က အစုလိုက် အပြုံလိုက် လူသတ်မှု ကြောင့် သေဆုံးသူ ၁၀၆ ဦးရှိ ကြောင်း BBC ကို ပြောကြား ခဲ့သည်။

ရွာကို လာရောက် တိုက်ခိုက်သော စစ်သွေး ကြွများသည် အင်အား တစ်ရာခန့် ရှိကြောင်း၊ ငါး နာရီကြာ လူသတ်ပွဲ ပြုလုပ်သွား ခဲ့ကြောင်း၊ စစ်တပ်က လာရောက် ကူညီ နိုင်ခြင်း မရှိပါ ကြောင်း အဆိုပါ လွှတ်တော်အမတ် အလီ အန်ဒူမီက ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် သီတင်း ပတ်ကလည်း စစ်တပ်ကို သူပုန် များက ချုံခို တိုက်ခိုက်ခဲ့ ရာ စစ်သား ကိုးဦး သေဆုံး သွားခဲ့ပြီး စစ်တပ် လည်း အဆိုပါ နေရာမှ ဆုတ်ခွာ သွားခဲ့ သည်။ ရွာလုံးကျွတ် လူသတ်မှုမှ ထွက်ပြေး လွတ်မြောက်လာ သူ များ၏ ပြောပြ ချက်အရ သေဆုံးသူ များမှာ သေနတ်ဖြင့် အပစ်ခံ ရခြင်း၊ လည်လှီးခံ ရခြင်းတို့ ကြုံခဲ့ရ သည်ဟု သိရသည်။

"အလောင်း တွေအားလုံး လမ်းပေါ်မှာပဲ ရှိပါတယ်။ သွားပြီး မသင်္ဂြိုဟ်ရဲ သေးပါ ဘူး။ အကြမ်း ဖက်သမား တွေက ချုံခိုပြီး စောင့်နေနိုင် ပါသေး တယ်" ဟု ကျေးရွာ ဒေသခံ အဘူဘေ ကာအူစမန်က Reuters သတင်းဌာ နသို့ ပြောကြားခဲ့သည်။

စစ်သွေးကြွ များသည် ဆိုင်ကယ် များ၊ ထရပ်ကား များဖြင့် ရောက်ရှိ လာကြခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေ များက အတည်ပြု ပေးကြ သည်။

BBC

မှတ်ချက် - မြန်မာ ပြည် ရခိုင် နယ်စပ် သည်လည်း တစ်နေ့ မှာ အစ္စလာ မ္မစ်ပြည်နယ် ထူထောင် ဖို့ အတွက် ရခိုင်တွေ ကို သတ်ဖြတ်မှု များ ပိုမို များပြား လာနိုင်သည်

No comments:

Post a Comment