Thursday 20 February 2014

ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် သုံးစင်း ရန်ကုန်မြို့သို့ရောက်ရှိ

Photo: ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် သုံးစင်း ရန်ကုန်မြို့သို့ရောက်ရှိ
Thursday, February 20, 2014

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် သုံးစင်း HTMS KRABURI, HTMS SAIBURI, HTMS NARATHIWAT သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် ရန်ကုန်မြို့ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ ရေတပ် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဌေးနိုင်နှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်များတွင် ထိုင်းဘုရင့် ရေတပ်မှ Cadet Traning Command ၏ Commander ဖြစ်သူ Rear Admiral Vaslnsan Chantavarin ဦးစီး၍ အရာရှိ ၈၃ ဦး၊ ဗိုလ်လောင်း ၂၈၃ဦး၊ စစ်သည် ၃၁၁ဦး၊ အရပ်သား ဝန်ထမ်း ၁၈ ဦးတို့ လိုက်ပါလာပြီး ၎င်းစစ်ရေယာဉ် များသည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၉ရက်မှ ၂၃ ရက်အထိ ငါးရက်ကြာ လည်ပတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ များမှ စစ်ရေယာဉ်များ မကြာခဏလာ ရောက်လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ် အချင်းချင်း သာမက နိုင်ငံ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင် ဆောင်ရွက် လာနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment