Thursday 20 February 2014

သမိုင်းကြောင်း အပြောင်းအလဲမှာ မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ဆက်လက်ကျော်ကြားနေဆဲ UWSA

Photo: သမိုင်းကြောင်း အပြောင်းအလဲမှာ မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ဆက်လက်ကျော်ကြားနေဆဲ UWSA
Thursday, February 20, 2014

အခုဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်အတူ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေး နွေးပွဲလှုပ်ရှားမှုများက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အားတက်ဖွယ်ရာပင် ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်နိုင်ပါက ဒီမိုကရေစီ လမ်းကြောင်းသည် ဖွံ့ဖြိုးတိုးတက်မှု များစွာနှင့်အတူ တဟုန်ထိုးပြောင်းလဲ လာမည်ဖြစ်ပါသည်။ သို့သော် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စား လှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲ ရေးအတွက် ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ လည်းကောင်း၊ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လောခီးလာတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ UWSA`၀´ အဖွဲ့ ပါဝင်တက်ရောက်ခြင်း မရှိခဲ့ပေ။

ထိုကဲ့သို့ သမိုင်းကြောင်း အပြောင်းအလဲတွင် UWSA`၀´ အဖွဲ့အနေဖြင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့်မတူ တစ်မူထူးခြားနေခြင်းမှာ အကြောင်းတရားများစွာ ရှိနေပါသည်။ UWSA`၀´ အဖွဲ့သည် အရပ်သား အစိုးရအဖြစ် အသွင်ပြောင်းလာချိန်ကို အခွင့်ကောင်းယူကာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီးမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုထားသည်။ အစိုးရနှင့် ငြိမ်းချမ်းရေးကို ဟန်ပြလုပ်ပြီး နောက်ကွယ်တွင် `၀´ တပ်မတော်ကို အင်အားတောင့်တင်းပြီး ခေတ်မီလက်နက်များဖြင့် ဖွဲ့စည်းတည်ဆောက်လာသည်။ `၀´ လူမျိုးနှင့် လူနေမှုဓလေ့ထုံးစံများ၊ မြို့ပြအိမ်ရာများကိုလည်း တရုတ်နိုင်ငံထဲက မြို့တစ်မြို့အသွင်ဖန်တီးတည်ဆောက်ကာ တရုတ် လက်အောက်ခံ မြို့ကြီး တစ်မြို့အသွင် ဖန်တီးနေပြီဖြစ်သည်။ လက်နက်မှောင်ခို ရောင်းဝယ်မှုဖြင့် `၀´အဖွဲ့ကို အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကပင် ပတ်သက်ဆက်နွယ်လာရသည်အထိ ဖြစ်လာသလို မူးယစ်ဆေးဝါး ကြောင့်လည်း UWSA`၀´ ၏ နာမည်ဆိုးသည် ဆက်လက်ကျော်ကြား နေဆဲပင် ဖြစ်သည်ဟု ဆိုရပါမည်။

ယခင်က ရှမ်းပြည်နယ်တစ်ခုလုံးမှ ထွက်ရှိသော မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုသည် UWSA`၀´အဖွဲ့နှင့် RCSS/SSA အဖွဲ့များ၏ လုပ်ရပ်များ ဖြစ်သည်ဟု နာမည်ကျော်ကြားခဲ့သော်လည်း ယနေ့ခေတ်တွင် RCSS/SSA ကပင် UWSA`၀´အဖွဲ့အား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပါဝင်ဆောင် ရွက်ရန် ကမ်းလှမ်းထားသော အခြေအနေအဖြစ် ပြောင်းလဲနေပြီဖြစ်ပါသည်။

မြန်မာ-ထိုင်း-လာအို နယ်စပ်အဖြစ် နာမည်ကျော်ကြားသော ရွှေတြိဂံ နယ်မြေမှတစ်ဆင့် အမေရိကန်အပါအ၀င် ကမ္ဘာ အနှံ့သို့ ပျံ့နှံ့ရောက်ရှိ နေသော မူးယစ်ဆေးဝါးများ၏ အဓိကအရင်းအမြစ်ကို ရှာဖွေဆန်းစစ် ကြည့်ရာ ၁၉၈၉ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့သော UWSA `၀´ အဖွဲ့ကို တွေ့ရှိရကြောင်း RCSS/SSA ထိပ်ပိုင်းခေါင်းဆောင်က ပြောဆိုခဲ့ကြပြီ ဖြစ်ပါသည်။

UWSA `၀` တပ်ဖွဲ့အနေဖြင့် ပန်ဆန်းကို မူးယစ်ဆေးဝါးပပျောက်သော ဒေသအဖြစ် ကြေညာနိုင်ရေး ကြိုးပမ်းနေ သော်လည်း တကယ့်လက်တွေ့ တွင် ရှမ်းပြည်နယ်ထဲက ဘိန်းများကို ဒေသပေါက်ဈေးထက် အဆမတန် ပေးကာ ၀ယ်ယူလျက်ရှိသည်။ ယခင်နှစ်များက ဘိန်းတစ်ပိဿာလျှင် ဘတ် ၂၅၀၀၀ ခန့်ရှိရာကနေ `၀´ အဖွဲ့၏ ပေါက်ဈေး မဟုတ်သော ၀ယ်ယူ နေမှုများကြောင့် ဘိန်းဈေးမှာ ယခုနှစ်တွင် တစ်ပိဿာလျှင် ဘတ် ၃၃၀၀၀ အထိ မြင့်တက်နေပြီ ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ မူးယစ် အထူးအဖွဲ့များ၏ လေ့လာစုံစမ်းချက်များက ဖော်ပြလျက်ရှိသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်နှင့် ချင်းမိုင်ခရိုင်များအတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သော Amphetamine အမြောက် အများသည် `၀´ တပ်ဖွဲ့၏ မူးယစ်ဆေးဝါးများဖြစ်ကြောင်း ထိုင်းရဲသတင်းများအရ သိရှိရသည်။ ထိုသို့ ဖမ်းဆီးခံရမှုမှာ RCSS/SSA က ထိုင်းရဲကို သတင်းပေး၍သာ အဖမ်းခံ ရခြင်းဖြစ်သည်ဟု `၀´ အဖွဲ့က သံသယရှိခဲ့သည်။ RCSS/SSA အဖွဲ့ အနေဖြင့် `၀´ အဖွဲ့၏ မူးယစ်ဆေးဝါးပို့ဆောင်မှုသတင်းများကို ရယူပြီး ထိုင်းရဲများကို ပေးခဲ့ခြင်းဖြင့် ထိုင်းအစိုးရ ဆီက ရွှေလင်းယုန်ဆုကို စပ်ရွက်ဆစ်က ယူသွားခြင်းဖြစ်သည်ဟု `၀´ တပ်ဖွဲ့မှ ယုံကြည်ခဲ့သည်။ မူးယစ်ဆေးဝါး ပြဿနာနှင့်ပတ်သက်ပြီး UWSA`၀´ အဖွဲ့နှင့် RCSS/SSA ကြားမှာ တင်းမာမှုများရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ် ခဲ့သည်။

ယခင် အတိတ်ကာလများစွာကတည်းက မူးယစ်ဆေးဝါးဖြင့် နာမည် ကျော်ခဲ့သော UWSA `၀´ အဖွဲ့အနေဖြင့် သမိုင်းကြောင်း အပြောင်းအလဲမှာ နာမည်ဆိုးဖြင့် ဆက်လက်ရပ်တည်ရန် မသင့်တော်တော့ပေ။ `၀´ အဖွဲ့ကို မူးယစ် ဆေးဝါးထုတ်လုပ်နေသော အဖွဲ့အစည်း၊ `၀´ ခေါင်းဆောင်ပိုင်း များကိုလည်း ကမ္ဘာကအလိုရှိနေသော မူးယစ်ရာဇာ များဟု လူတိုင်းက သိနေပြီဖြစ်ပါသည်။ မြန်မာတစ်မျိုးသားလုံးသာမက ကမ္ဘာ့လူသား အားလုံးကိုပါ လူညွှန့်တုံး စေသော မူးယစ်ဆေးဝါးကို မြန်မာနိုင်ငံတင်မကပဲ တစ်ကမ္ဘာလုံးကပါ ၀ိုင်းဝန်းကာကွယ်တားဆီးနေချိန်မှာ UWSA `၀´ အဖွဲ့ ကတော့ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာကောင်းနေဆဲပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးနောက်ကွယ်တွင် နာမည်ဆိုးနဲ့ ကျော်ကြားနေဆဲ UWSA `၀´အဖွဲ့ရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေမှုများကို မြန်မာပြည်သူ တစ်ရပ်လုံးက ၀ိုင်းဝန်းကာကွယ်တားဆီးမှသာ မူးယစ်ဆေးဝါး အန္တရာယ် ချုပ်ငြိမ်းပျောက်ကွယ်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားအပ်ပါသည်။

အိုက်ပီး
Shan News
အခုဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်အတူ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေး နွေးပွဲလှုပ်ရှားမှုများက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အားတက်ဖွယ်ရာပင် ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်နိုင်ပါက ဒီမိုကရေစီ လမ်းကြောင်း သည် ဖွံ့ဖြိုးတိုးတက်မှု များစွာနှင့်အတူ တဟုန်ထိုးပြောင်းလဲ လာမည်ဖြစ်ပါသည်။ သို့သော် အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေး ကိုယ်စား လှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲ ရေးအတွက် ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ လည်းကောင်း၊ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လောခီးလာတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ UWSA`၀´ အဖွဲ့ ပါဝင် တက်ရော က်ခြင်း မရှိခဲ့ပေ။

ထိုကဲ့သို့ သမိုင်းကြောင်း အပြောင်းအလဲတွင် UWSA`၀´ အဖွဲ့အနေဖြင့် အခြားတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ နှင့်မတူ တစ်မူထူးခြားနေခြင်းမှာ အကြောင်းတရားများစွာ ရှိနေပါသည်။ UWSA`၀´ အဖွဲ့ သည် အရပ်သား အစိုးရအဖြစ် အသွင်ပြောင်းလာချိန်ကို အခွင့်ကောင်းယူကာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းဒေသကြီးမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ် အသိအမှတ်ပြုရန် တောင်းဆို ထားသည်။ အစိုး ရနှင့် ငြိမ်းချမ်းရေးကို ဟန်ပြလုပ်ပြီး နောက်ကွယ်တွင် `၀´ တပ်မတော်ကို အင် အားတောင့် တင်းပြီး ခေတ်မီ လက်နက်များဖြင့် ဖွဲ့စည်းတည်ဆောက်လာသည်။ `၀´ လူမျိုးနှင့် လူနေမှု ဓလေ့ထုံးစံများ၊ မြို့ပြ အိမ်ရာများကိုလည်း တရုတ်နိုင်ငံထဲက မြို့တစ်မြို့အသွင်ဖန်တီးတည်ဆောက်ကာ တရုတ် လက်အောက်ခံ မြို့ကြီး တစ်မြို့အသွင် ဖန်တီးနေပြီဖြစ်သည်။ လက်နက်မှောင်ခို ရောင်းဝယ်မှုဖြင့် `၀´အဖွဲ့ကို အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကပင် ပတ်သက်ဆက်နွယ် လာရသည်အထိ ဖြစ်လာသလို မူးယစ်ဆေးဝါး ကြောင့်လည်း UWSA`၀´ ၏ နာမည်ဆိုးသည် ဆက်လက်ကျော်ကြား နေဆဲပင် ဖြစ်သည် ဟု ဆိုရပါမည်။

ယခင်က ရှမ်းပြည်နယ်တစ်ခုလုံးမှ ထွက်ရှိသော မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုသည် UWSA`၀´အဖွဲ့နှင့် RCSS/SSA အဖွဲ့များ၏ လုပ်ရပ်များ ဖြစ်သည်ဟု နာမည်ကျော်ကြားခဲ့သော်လည်း ယနေ့ခေတ်တွင် RCSS/SSA ကပင် UWSA`၀´အဖွဲ့အား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပါဝင်ဆောင် ရွက်ရန် ကမ်းလှမ်းထားသော အခြေအနေအဖြစ် ပြောင်းလဲနေပြီဖြစ်ပါသည်။

မြန်မာ-ထိုင်း-လာအို နယ်စပ်အဖြစ် နာမည်ကျော်ကြားသော ရွှေတြိဂံ နယ်မြေမှတစ်ဆင့် အမေရိကန်အပါအ၀င် ကမ္ဘာ အနှံ့သို့ ပျံ့နှံ့ရောက်ရှိ နေသော မူးယစ်ဆေးဝါးများ၏ အဓိကအရင်းအမြစ်ကို ရှာဖွေဆန်းစစ် ကြည့်ရာ ၁၉၈၉ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့သော UWSA `၀´ အဖွဲ့ကို တွေ့ရှိရကြောင်း RCSS/SSA ထိပ်ပိုင်းခေါင်းဆောင်က ပြောဆိုခဲ့ကြပြီ ဖြစ်ပါသည်။

UWSA `၀` တပ်ဖွဲ့အနေဖြင့် ပန်ဆန်းကို မူးယစ်ဆေးဝါးပပျောက်သော ဒေသအဖြစ် ကြေညာနိုင်ရေး ကြိုးပမ်းနေ သော်လည်း တကယ့်လက်တွေ့ တွင် ရှမ်းပြည်နယ်ထဲက ဘိန်းများကို ဒေသပေါက်ဈေးထက် အဆမတန် ပေးကာ ၀ယ်ယူလျက်ရှိသည်။ ယခင်နှစ်များက ဘိန်းတစ်ပိဿာလျှင် ဘတ် ၂၅၀၀၀ ခန့်ရှိရာကနေ `၀´ အဖွဲ့၏ ပေါက်ဈေး မဟုတ်သော ၀ယ်ယူ နေမှုများကြောင့် ဘိန်းဈေးမှာ ယခုနှစ်တွင် တစ်ပိဿာလျှင် ဘတ် ၃၃၀၀၀ အထိ မြင့်တက်နေပြီ ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ မူးယစ် အထူးအဖွဲ့များ၏ လေ့လာစုံစမ်းချက်များက ဖော်ပြလျက်ရှိသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်နှင့် ချင်းမိုင်ခရိုင်များအတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သော Amphetamine အမြောက် အများသည် `၀´ တပ်ဖွဲ့၏ မူးယစ်ဆေးဝါးများဖြစ်ကြောင်း ထိုင်းရဲသတင်းများအရ သိရှိရသည်။ ထိုသို့ ဖမ်းဆီးခံရမှုမှာ RCSS/SSA က ထိုင်းရဲကို သတင်းပေး၍သာ အဖမ်းခံ ရခြင်းဖြစ်သည်ဟု `၀´ အဖွဲ့က သံသယရှိခဲ့သည်။ RCSS/SSA အဖွဲ့ အနေဖြင့် `၀´ အဖွဲ့၏ မူးယစ်ဆေးဝါးပို့ဆောင်မှုသတင်းများကို ရယူပြီး ထိုင်းရဲများကို ပေးခဲ့ခြင်းဖြင့် ထိုင်းအစိုးရ ဆီက ရွှေလင်းယုန်ဆုကို စပ်ရွက်ဆစ်က ယူသွားခြင်းဖြစ်သည်ဟု `၀´ တပ်ဖွဲ့မှ ယုံကြည်ခဲ့သည်။ မူးယစ်ဆေးဝါး ပြဿနာနှင့်ပတ်သက်ပြီး UWSA`၀´ အဖွဲ့နှင့် RCSS/SSA ကြားမှာ တင်းမာမှုများရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ် ခဲ့သည်။

ယခင် အတိတ်ကာလများစွာကတည်းက မူးယစ်ဆေးဝါးဖြင့် နာမည် ကျော်ခဲ့သော UWSA `၀´ အဖွဲ့အနေဖြင့် သမိုင်းကြောင်း အပြောင်းအလဲမှာ နာမည်ဆိုးဖြင့် ဆက်လက်ရပ်တည်ရန် မသင့်တော်ေ တာ့ပေ။ `၀´ အဖွဲ့ကို မူးယစ် ဆေးဝါးထုတ်လုပ်နေသော အဖွဲ့အစည်း၊ `၀´ ခေါင်းဆောင်ပိုင်း များကို လည်း ကမ္ဘာကအလိုရှိနေသော မူးယစ်ရာဇာ များဟု လူတိုင်းက သိနေပြီဖြစ်ပါသည်။ မြန်မာ တစ်မျိုးသားလုံးသာမက ကမ္ဘာ့လူသား အားလုံးကိုပါ လူညွှန့်တုံး စေသော မူးယစ်ဆေးဝါးကို မြန်မာနိုင်ငံ တင်မကပဲ တစ်ကမ္ဘာလုံးကပါ ၀ိုင်းဝန်းကာကွယ်တားဆီးနေချိန်မှာ UWSA `၀´ အဖွဲ့ ကတော့ မူး ယစ်ဆေး ၀ါးနဲ့ စီးပွားရှာကောင်းနေဆဲပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးနောက်ကွယ်တွင် နာမည်ဆိုးနဲ့ ကျော်ကြားနေဆဲ UWSA `၀´အဖွဲ့ရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေမှုများကို မြန်မာပြည်သူ တစ်ရပ်လုံးက ၀ိုင်းဝန်းကာကွယ်တားဆီးမှသာ မူးယစ်ဆေးဝါး အန္တရာယ် ချုပ်ငြိမ်းပျောက်ကွယ်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားအပ်ပါသည်။

အိုက်ပီး
Shan News

No comments:

Post a Comment