Thursday 20 February 2014

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများနှင့် ကင်တားနားတို့ နေပြည်တော်၌ သီးခြားစီ တွေ့ဆုံ

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ကင်တားနားသည် ဖေဖော် ၀ါရီ ၁၈ ရက်က နေပြည်တော်သို့ သွားရောက်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာဖေသက်ခင်တို့ အပါအ၀င် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။


ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်အခြေအနေ များ၊ ရွေးကောက်ပွဲကော်မရှင်၏ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဥပဒေရေးရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ၊ သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေး ဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏ အခြေအနေနှင့် တည်ငြိမ်အေး ချမ်းရေး၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ ကိစ္စရပ်များ၊ သိမ်းဆည်းမြေယာများနှင့် ပတ်သက်ပြီး ဖြေရှင်းပေးမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခြေအနေများ၊ စစ်ဘေးဒုက္ခသည်များ၏ အခြေအနေ၊ သန်းခေါင်စာရင်းကောက်ယူမှု ဆောင်ရွက်နေသည့်အခြေအနေ နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေအနေများ၊ ဥပဒေအသစ်များ ရေးဆွဲပြဋ္ဌာန်းခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment