Thursday 20 February 2014

အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး ပြန်လည်စဉ်းစားသင့်ကြောင်း IID ပြော

ညာင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် တည်ဆောက်နေသော အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး လုပ်ငန်းများအပေါ် ပြန်လည်စဉ်းစား သုံးသပ်သင့်ကြောင်း သြစတြေးလျနိုင်ငံအခြေစိုက် နိုင်ငံတကာဖွံ့ ဖြိုးရေးသိပ္ပံအဖွဲ့ (The Institute for International Development -IID)မှမြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်နှင့် ဒါရိုက်တာ မစ္စတာယိုအန်းခရစ္စတန်စန်က ပြောသည်။

“အစိုးရခွင့်ပြုချက်နဲ့ လုပ်တာပဲ။ သို့ပေမယ့် အင်းလေးကန်ကို ၀င်ထွက်နေတဲ့ နိုင်ငံခြားသား ခရီးသွားဦး ရေအတွက် ဟိုတယ်ဇုန်တစ်ခု လိုအပ်လို့လား။ အင်းလေးကန်ဟာ ပုဂံတို့ မန္တလေးတို့လို နေရာမျိုးနဲ့ ကွာ တယ်။ ကျွန်တော်တစ်ဦးတည်းအမြင်အရ ဟိုတယ်တွေကို ကန်နဲ့ဝေးဝေးမှာ သွားဆောက်သင့်တယ်”ဟု မစ္စတာယိုအန်းက ပြောသည်။

အင်းလေးကန်မှာ လူနေအိမ်တစ်လုံးနှင့်တူကြောင်း၊ အိမ်တစ်လုံးက လက်ခံနိုင်သည့် ဧည့်သည်အရေ အတွက်ထက် များပြားပါက ထိုအိမ်အပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးစိုင်းကျော်အုန်းက အင်းလေးကန် အပါအ ၀င် ကမ်းခြေရှိ ဟိုတယ်များကို ရှုခင်းများအား အကာအကွယ်မဖြစ်စေရန် မြေပြင်မှ အမြင့်ပေ ၃၀ ထိသာ ဆောက်လုပ်ရန် ညွှန်ကြားထားကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် ပြောခဲ့သည်။

ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစံလင်းက “အင်းလေးမှာ ဟိုတယ်ကတော့ လိုအပ်ပါတယ်။ လောလောဆယ်က ဟိုတယ်မလုံလောက်ဘူးလေ။ ဒါပေမဲ့ ဟိုတယ်ဇုန်တစ်ခု ဖော်တာထက် သဘာဝနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဟိုတယ်မျိုးကို ဆောက်တာက ပိုအဆင်ပြေမယ်”ဟု ပြောသည်။

All Asia Exclusive ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးဝေရာဇာက “အင်းလေးကန်မှာ ဧည့် သည်များလာမှာလား၊ လျော့သွားမှာလားက ကြိုပြောလို့မရတဲ့ကိစ္စတွေပဲ။ ဒါ့ကြောင့် ဟိုတယ်များများလို တယ်၊ မလိုဘူး မပြောချင်ဘူး။ ဧည့်များလာမှ ဟိုတယ်လိုတယ်ဆိုရင် အခက်အခဲတွေ့မှာ။ ဒါပေမဲ့ နိုင်ငံ ခြားမှာ ဟိုတယ်ဇုန်ဆိုရင် ကမ်းခြေလောက်မှာပဲ ရှိတယ်။ ဟိုတယ်လိုတယ်ဆိုရင်လဲ ရှုခင်းကောင်း ကောင်းနဲ့ တည်နေရာက ရွေးချယ်ဖို့ လိုသေးတယ်”ဟု ပြောသည်။

မစ္စတာယိုအန်းက “အစိုးရအနေနဲ့ နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်ဖို့ ဟိုတယ်ဇုန်တည်ဆောက် တာထက် ဒီ့ထက်ကောင်းတဲ့နည်းလမ်းတစ်ခု ရှိတယ်ဆိုတာ သဘောပေါက်လာမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

အင်းလေးကန် အရှေ့ဘက်တွင် ဟိုတယ်ဇုန်တစ်ခုဆောက်ရန် သမ္မတရုံးမှ ၂၀၁၂ မေလတွင် ခွင့်ပြုခဲ့ သည်။ မြေဧက ၆၂၀ ပေါ်တွင် ဟိုတယ် ၁၆ လုံး တည်ဆောက်မည်ဖြစ်သည်။ ဟိုတယ်နှင့်ခရီးသွားလုပ် ငန်းဝန်ကြီး ဌာနက ဧက ၂,၀၀၀ ပေါ်တွင် တည်ဆောက်ရန် ကနဦး လျှောက်ထားခဲ့သော်လည်း ပြည် ထောင်စုအစိုးရက ဧက ၆၂၀ စာအတွက်သာ ခွင့်ပြုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment