Thursday 20 February 2014

ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို

Photo: ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို
Thursday, February 20, 2014

မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည် ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် မြန်မာ့တပ်မတော် အရာရှိများကို ဗြိတိန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ခေါ်ယူပြီး နားချရန် ကြိုးပမ်းမည်ဟု ဗြိတိန်နိုင်ငံ Nicky Bray,Air Commordore (UK Of 6) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်ဟု ဦးဝင်းမြင့်က ပြောကြားကြောင်း အဆိုပါ ဂျာနယ်က ရေးသားထားသောကြောင့် ယခုကဲ့သို့ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ရေးသားဖော်ပြမှုသည် ပါတီအဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးတစ်ယောက် ထိခိုက်စေသည့်အပြင် နိုင်ငံရေး ရှုပ်ထွေးမှု ဖြစ်စေရန် မဟုတ်မမှန် ရေးသားခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဒီကိစ္စကို ကျွန်တော့်ကိုလည်း မမေးဘူး၊ ကျွန်တော်လည်း မဖြေဖူးဘူး၊ ဒီဂျာနယ် အပတ်စဉ်ထုတ် ဆိုတာလည်း ကျွန်တော် မသိဘူး။ အဲဒါကြောင့် ရိုးရိုးလေးပဲ။ မတောင်းပန်ရင် တရားရေးအရ ဖြေရှင်းမယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သတင်းကိစ္စကို ဦးဝင်းမြင့် ကိုယ်တိုင် ဖြေရှင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ လွှတ်တော် အစည်းအဝေး မကျင်းပမီ အချိန်၌ တာဝန်ပေးထားခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ထုတ်ဖော် ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်းတည့်နေ ဂျာနယ်သို့ The Voice မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ် မေးမြန်းရာ၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှသာ ပြန်လည် ပြောကြားနိုင်မည် ဖြစ်ကြောင်း အယ်ဒီတာ ဦးဟန်သစ်က ဖြေကြားခဲ့သည်။

The Voice Weekly
မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည် ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။


မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် မြန်မာ့တပ်မတော် အရာရှိများကို ဗြိတိန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ခေါ်ယူပြီး နားချရန် ကြိုးပမ်းမည်ဟု ဗြိတိန်နိုင်ငံ Nicky Bray,Air Commordore (UK Of 6) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်ဟု ဦးဝင်းမြင့်က ပြောကြားကြောင်း အဆိုပါ ဂျာနယ်က ရေးသားထားသောကြောင့် ယခုကဲ့သို့ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ရေးသားဖော်ပြမှုသည် ပါတီအဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးတစ်ယောက် ထိခိုက်စေသည့် အပြင် နိုင်ငံရေး ရှုပ်ထွေးမှု ဖြစ်စေရန် မဟုတ်မမှန် ရေးသားခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ “ဒီကိစ္စကို ကျွန်တော့်ကိုလည်း မမေးဘူး၊ ကျွန်တော်လည်း မဖြေဖူးဘူး၊ ဒီဂျာနယ် အပတ်စဉ်ထုတ် ဆိုတာလည်း ကျွန်တော် မသိဘူး။ အဲဒါကြောင့် ရိုးရိုးလေးပဲ။ မတောင်းပန်ရင် တရားရေးအရ ဖြေရှင်းမယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သတင်းကိစ္စကို ဦးဝင်းမြင့် ကိုယ်တိုင် ဖြေရှင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ လွှတ်တော် အစည်းအဝေး မကျင်းပမီ အချိန်၌ တာဝန်ပေးထားခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ထုတ်ဖော် ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်းတည့်နေ ဂျာနယ်သို့ The Voice မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ် မေးမြန်းရာ၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှသာ ပြန်လည် ပြောကြားနိုင်မည် ဖြစ်ကြောင်း အယ်ဒီတာ ဦးဟန်သစ်က ဖြေကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment