Thursday 20 February 2014

မြောက်ကိုရီးယား လူ့အခွင့်အရေး ချိုးဖောက်မှုများ ကုလစိုးရိမ်

မြောက်ကိုရီးယားနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ရှိနေကြောင်း ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးထားသည့် စုံစမ်းရေးကော်မရှင်က တွေ့ရှိခဲ့ရာ ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီ မွန်းက မြောက်ကိုရီးယား၏ အခြေအနေ နှင့်ပတ်သက်၍ အလွန် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ဆိုခဲ့သည်ဟု ဖေဖော် ဝါရီ ၁၉ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


မြောက်ကိုရီးယားနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ အသေးစိတ် အစီရင်ခံစာထဲတွင် သတ်ဖြတ် ခြင်း၊ ကျွန်ပြုခြင်း၊ နှိပ်စက် ခြင်း၊ တရားလက်လွတ် ထောင်သွင်း အ ကျဉ်းချခြင်း၊ အဓမ်္မပြုကျင့်ခြင်း၊ အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခိုင်းခြင်းနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများစသည့် စိုးရိမ်ဖွယ်ရာ စွဲချက်များ ပါဝင်နေသည်။

“ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ၏ လူ့အခွင့်အရေးများနှင့် လူသားချင်း စာနာထောက် ထားမှု အခြေအနေများနှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်းအနေဖြင့် လေးလေးနက်နက် စိုးရိမ်နေဆဲ ဖြစ် ပါသည်” ဟု ကြေညာချက်ထဲတွင် မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင်အမည်ကို သုံးစွဲကာ ဖော်ပြထားသည်။

“ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံရှိ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ ကော်မရှင်၏ စုံစမ်းတွေ့ရှိမှုများကြောင့် သူ့အနေဖြင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်မိပါသည်” ဟု ကြေညာချက်ထဲ တွင် ပါရှိသည်။

စုံစမ်းရေးကော်မရှင်ကို လူ့အခွင့်အရေးကောင်စီက တည်ထောင်ထားခြင်း ဖြစ်ပြီး၊ ကော်မရှင်သည် ကုလ သမဂ္ဂအပေါ် မှီခိုမှုကင်းသော လွတ်လပ်သည့် ကော်မရှင် ဖြစ်ကြောင်းလည်း ဘန်ကီမွန်းက ဆိုခဲ့သည်။ 

“ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့ သမ်္မတနိုင်ငံတွင် ထို လူ့အခွင့်အရေးတန်ဖိုး များအား အကြီးအကျယ် ချိုးဖောက်နေလျက်ရှိကြောင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အာရုံစိုက်မှုများလည်း ကော်မရှင်၏ အစီရင်ခံ စာကြောင့် မြင့်တက်လာလိမ့်မည်” ဟုလည်း မျှော်လင့်ထားကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေများနှင့် မြောက်ကိုရီးယား ပြည်သူများ၏ ဘဝအခြေအနေ များ တိုးတက်လာစေရေးအတွက် မြောက်ကိုရီးယား အာဏာပိုင်များအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ညှိနှိုင်းဆောင်ရွက်ရန်လည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment