Thursday 20 February 2014

အဝေးသင်တက္ကသိုလ်ပါမောက္ခ အလုပ်ဖြုတ်မှု ပြည်ထောင်စု တရားလွှတ်တော် ချုပ် နှစ်ဖက်ကြားနာရန် ဆင့်ခေါ်နိုင်

Photo: အဝေးသင်တက္ကသိုလ်ပါမောက္ခ အလုပ်ဖြုတ်မှု ပြည်ထောင်စု တရားလွှတ်တော် ချုပ် နှစ်ဖက်ကြားနာရန် ဆင့်ခေါ်နိုင်
Thursday, February 20, 2014

အဝေးသင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးအား အလုပ်ဖြုတ်ခဲ့သော ပညာရေးဝန်ကြီးဌာနကို မကြာမီ ပြည်ထောင်စု တရားလွှတ်တော် ချုပ်က နှစ်ဖက်ကြားနာရန်အတွက် ဆင့် ခေါ်မည့်အခြေအနေ ရှိနေသည်ဟု သိရသည်။

အရပ်သားအစိုးရသစ် အဖွဲ့ဟု ကြွေးကြော်နေသော သမ္မတဦးသိန်းစိန် လက်ထက် ကာလအတွင်း ဝန်ကြီးဌာန နှင့် ဝန်ထမ်းအကြား ယခုဖြစ်ရပ်က အမြင့်ဆုံးသော တရားရုံးတော်တွင် ပထမဆုံးထိပ်တိုက်တွေ့ခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ၎င်းတို့အမိန့် ဖြင့် အလုပ်ဖြုတ်ပြီး တစ်နှစ်အကြာတွင် တွေ့ဆုံခြင်းလည်းဖြစ်ကြောင်း တရားလို ဖြစ်သူ ပါမောက္ခဒေါက်တာ ဒေါ်ကျင် ဌေးက ဆိုသည်။

''အခုလို သိရတာဝမ်းသာတယ်။ ကျွန်မက နှစ်ပေါင်း ၃၅ နှစ်ကျော်လုံးလုံး ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့အညီ ဖြောင့်မတ်စွာနေလာခဲ့တာ။ ဒါကို မတရား ဖြုတ်လိုက်တာ မခံနိုင်ဘူး။

အခုမတရား မှုကို ရင်ဆိုင်ဖြေရှင်းခွင့် ရသွားတယ် လို့ မြင်တယ်'' ဟု ၎င်းကဆိုသည်။ နိုင်ငံတော်သမ္မတရုံးစာအရဟု ရည်ညွှန်းထားပြီး နိုင်ငံဝန်ထမ်း ပုဒ်မ ၄၁ နှင့်အညီဟု
ဆိုထားသော ကြေညာ စာဖြင့် ဒေါက်တာဒေါ်ကျင်ဌေးကို ပညာရေးဝန်ကြီးဌာနက ၂ဝ၁၃ မတ်လ ၂၉ ရက်နေ့တွင် မယူမနေရပင်စင်ဖြင့် အလုပ်ဖြုတ်ခဲ့သည်။

အလုပ်ဖြုတ်ခဲ့စဉ်က ဒေါ်ကျင်ဌေး မှာ အဝေးသင်တက္ကသိုလ် စီးပွားရေး ပညာဌာနတွင် ပါမောက္ခ (ဌာနမှူး) တာဝန်ယူလုပ်ကိုင်နေသည်။

ယခု ပြည်ထောင်စုတရားလွှတ် တော်ချုပ်ရုံးက ပညာရေးဝန်ကြီးဌာန အားဆင့်ခေါ်မှုမှာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ လ ၂၃ ရက်နေ့တွင် တရားလို က တင်သွင်းခဲ့သော စာချွန်လွှာအရ ဖြစ်သည်ဟု တရားလို၏ ရှေ့နေဖြစ်သူ ဦးမောင်မောင်တိုးက ပြောသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ အတွင်း ရေးမှူး ဦးသန်းထိုက်အောင်က ''ကျွန် တော်တို့ အသင်းအနေနဲ့ ဥပဒေနဲ့အညီ ပညာရေးဝန်ကြီးဌာနထံ စာထုတ်ပြီး တောင်းဆိုတာမျိုးတွေသာ လုပ်နိုင်ပါ တယ်။

ဆရာမ ဒေါ်စိုးစိုးခိုင်တုန်းက လည်း ဘာမှ မထူးခဲ့ပါဘူး။ ဥပဒေကို ဝန်ကြီးဌာနတစ်ခုက ပြောင်ပြောင်တင်း တင်း ချိုးဖောက်နေတယ်။ ဒီတော့ ကျွန် တော်တို့က တရားထစွဲဖို့ပဲ ရှိတော့ တယ်'' ဟု ပြောသည်။

ဒေါက်တာဒေါ်ကျင်ဌေး အမှုကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် လက်ခံရန် သင့်၊ မသင့် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် အဖွဲ့က ဆွေးနွေး ကာ တရားလိုဘက်က လျှောက်လဲချက် ပေးခဲ့ရပြီး ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လက်ခံသွားမည်ဟု အဖွဲ့က ဆုံးဖြတ်ခဲ့ ကြသည်ဟု သိရသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး သို့တည်းမဟုတ် ၎င်း၏ ကိုယ် စားလှယ်ကို ကြားနာရန် ဆင့်ခေါ် မှုကို ဖေဖော်ဝါရီလဆန်းထဲတွင် တရားလို ရှေ့နေထံ အကြောင်းကြားလာသည်ဟု သိရသည်။

Popular Myanmar News Journal
အဝေးသင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးအား အလုပ်ဖြုတ်ခဲ့သော ပညာရေးဝန်ကြီးဌာန ကို မကြာမီ ပြည်ထောင်စု တရားလွှတ်တော် ချုပ်က နှစ်ဖက်ကြားနာရန်အတွက် ဆင့် ခေါ်မည့်အခြေအနေ ရှိနေသည်ဟု သိရသည်။


အရပ်သားအစိုးရသစ် အဖွဲ့ဟု ကြွေးကြော်နေသော သမ္မတဦးသိန်းစိန် လက်ထက် ကာလအတွင်း ဝန်ကြီး ဌာန နှင့် ဝန်ထမ်းအကြား ယခုဖြစ်ရပ်က အမြင့်ဆုံးသော တရားရုံးတော်တွင် ပထမဆုံးထိပ် တိုက်တွေ့ခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ၎င်းတို့အမိန့် ဖြင့် အလုပ်ဖြုတ်ပြီး တစ်နှစ်အကြာတွင် တွေ့ဆုံခြင်းလည်းဖြစ်ကြောင်း တရားလို ဖြစ်သူ ပါမောက္ခဒေါက်တာ ဒေါ်ကျင် ဌေးက ဆိုသည်။

''အခုလို သိရတာဝမ်းသာတယ်။ ကျွန်မက နှစ်ပေါင်း ၃၅ နှစ်ကျော်လုံးလုံး ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့အညီ ဖြောင့်မတ်စွာနေလာခဲ့တာ။ ဒါကို မတရား ဖြုတ်လိုက်တာ မခံနိုင်ဘူး။

အခုမတရား မှုကို ရင်ဆိုင်ဖြေရှင်းခွင့် ရသွားတယ် လို့ မြင်တယ်'' ဟု ၎င်းကဆိုသည်။ နိုင်ငံတော် သမ္မတရုံးစာအရဟု ရည်ညွှန်းထားပြီး နိုင်ငံဝန်ထမ်း ပုဒ်မ ၄၁ နှင့်အညီဟု ဆိုထားသော ကြေညာ စာဖြင့် ဒေါက်တာဒေါ်ကျင်ဌေးကို ပညာရေးဝန်ကြီးဌာနက ၂ဝ၁၃ မတ်လ ၂၉ ရက်နေ့တွင် မယူမနေရပင်စင်ဖြင့် အလုပ်ဖြုတ်ခဲ့သည်။

အလုပ်ဖြုတ်ခဲ့စဉ်က ဒေါ်ကျင်ဌေး မှာ အဝေးသင်တက္ကသိုလ် စီးပွားရေး ပညာဌာနတွင် ပါမောက္ခ (ဌာနမှူး) တာဝန်ယူလုပ်ကိုင်နေသည်။

ယခု ပြည်ထောင်စုတရားလွှတ် တော်ချုပ်ရုံးက ပညာရေးဝန်ကြီးဌာန အားဆင့်ခေါ်မှုမှာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ လ ၂၃ ရက်နေ့တွင် တရားလို က တင်သွင်းခဲ့သော စာချွန်လွှာအရ ဖြစ်သည်ဟု တရားလို၏ ရှေ့နေဖြစ်သူ ဦးမောင်မောင်တိုးက ပြောသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ အတွင်း ရေးမှူး ဦးသန်းထိုက်အောင်က ''ကျွန် တော်တို့ အသင်းအနေနဲ့ ဥပဒေနဲ့အညီ ပညာရေးဝန်ကြီး ဌာနထံ စာထုတ်ပြီး တောင်းဆိုတာမျိုးတွေသာ လုပ်နိုင်ပါ တယ်။

ဆရာမ ဒေါ်စိုးစိုးခိုင်တုန်းက လည်း ဘာမှ မထူးခဲ့ပါဘူး။ ဥပဒေကို ဝန်ကြီးဌာနတစ်ခုက ပြောင်ပြောင်တင်း တင်း ချိုးဖောက်နေတယ်။ ဒီတော့ ကျွန် တော်တို့က တရားထစွဲဖို့ပဲ ရှိတော့ တယ်'' ဟု ပြောသည်။

ဒေါက်တာဒေါ်ကျင်ဌေး အမှုကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် လက်ခံရန် သင့်၊ မသင့် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် အဖွဲ့က ဆွေးနွေး ကာ တရားလိုဘက်က လျှောက်လဲချက် ပေးခဲ့ရပြီး ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လက်ခံသွားမည်ဟု အဖွဲ့က ဆုံးဖြတ်ခဲ့ ကြသည်ဟု သိရသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး သို့တည်းမဟုတ် ၎င်း၏ ကိုယ် စားလှယ်ကို ကြားနာရန် ဆင့်ခေါ် မှုကို ဖေဖော်ဝါရီလဆန်းထဲတွင် တရားလို ရှေ့နေထံ အကြောင်းကြားလာသည်ဟု သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment