Thursday 20 February 2014

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၁၈ ဖျက်သိမ်းရေး ရွှေတောင်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပေးရေးနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈) ဖျက် သိမ်းပေးရေးအတွက် ပဲခူးတိုင်းရွှေတောင်မြို့နယ်တွင် မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူ၂၆ ဦးက ဖေ ဖော်ဝါရီ ၁၉ ရက်တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်သည်။


“ပြည်သူတိုင်း သမ္မတဖြစ်ခွင့်ကို အခြေခံဥပဒေမှာပါတဲ့ ၅၉(စ) နဲ့ ၅၉ (ဃ)က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားမြစ်ထားတယ်။ ပြည်သူတိုင်း လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ပုဒ်မ(၁၈)နဲ့တား မြစ်ထားတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီဖော် ဆောင်မှုမှာ ဒီဥပဒေတွေလုံးဝ မရှိသင့်ဘူးလို့ ယုံကြည်တဲ့အတွက် ဆန္ဒပြခြင်းဖြစ်တယ်”ဟု ဆန္ဒပြခေါင်းဆောင် ကိုကျော်ဇေယျက ဆိုသည်။

ဆန္ဒဖော်ထုတ်မှုသည် ရွှေတောင်မြို့နယ် တည်ကုန်းလမ်းဆုံမှ ပြည်-ရန်ကုန် လမ်းမကြီးအတိုင်း ဆေးရုံ လမ်းမှတစ်ဆင့် အာဇာနည်ကျောက်တိုင်ရှေ့သို့ လမ်းလျှောက် ချီတက်ခြင်းဖြစ်သည်။

အာဇာနည်ကျောက်တိုင်ရှေ့တွင် အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲ အသီးသီးမှ ကျဆုံးသွားသောသူများကို တစ်မိနစ် ဂုဏ်ပြုငြိမ်သက်ခြင်းများ ပြုလုပ်သည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေးရေးနှင့် ပတ်သက်ပြီး ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်၍ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထပ်မံဆန္ဒဖော်ထုတ်သွားရန် ခွင့်ပြုချက် တောင်းခံထားကြောင်း လည်း ပါတီ အဖွဲ့ဝင်များက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment