Friday 28 February 2014

သမ္မတ ပေးပို့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေလေးခု ပြဋ္ဌာန်းပေးရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က အစိုးရသို့ ပြန်လွှဲ

Photo: သမ္မတ ပေးပို့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေလေးခု ပြဋ္ဌာန်းပေးရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က အစိုးရသို့ ပြန်လွှဲ
Friday, February 28, 2014

နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာပါ ဥပဒေလေးခုဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ နှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မကျင်းပမီ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ထိုကဲ့သို့ သဝဏ်လွှာပြန်လည်ပေးပို့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မ၏ သဝဏ်လွှာပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေသည် သာသနာရေးဝန်ကြီးဌာနနှင့် လည်းကောင်း၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်လည်းကောင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်လည်းကောင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေအား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်လည်းကောင်း ဆက်စပ်သက်ဆိုင်နေသည်ဟု စိစစ်တွေ့ရှိရသဖြင့် ထိုသို့ဥပဒေမူကြမ်းရေးဆွဲရန် ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းဥပဒေများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဖွဲ့စည်းထားရှိသော လူ့အခွင့်အရေးကော်မရှင်တို့နှင့်လည်း ဆက်နွှယ်သက်ဆိုင်နိုင်သည်ဟု ယူဆကြောင်းလည်း နိုင်ငံတော်သမ္မတထံ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ သမ္မတ၏ သဝဏ်လွှာသည် နိုင်ငံတော်၊ တိုင်းရင်းသားများနှင့် နိုင်ငံသားများအတွက် အထူးအလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်အပ်သော ကိစ္စတစ်ခုဖြစ်သည်ကို နားလည်ကြောင်း၊ ထို့အတူ ဥပဒေပြဌာန်းပေးရေးသည် များစွာသိမ်မွေ့သည့် ဘာသာ သာသနာနှင့် လူမှုရေး၊ လူသားအရေးများ ပါဝင်နေသည်ကို သတိပြုမိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း နိုင်ငံတော် တိုင်းရင်းသားများနှင့် နိုင်ငံသားများ အကျိုးစီးပွား အမှန်တကယ်ရရှိရေး အလေးထားစဉ်းစားသုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြကာ ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတစ်ဝန်းရှိ သံဃာတော်များအပါအဝင် နိုင်ငံသား ၁၃၃၅၆ဝဝ တို့က လက်မှတ်ရေးထိုးကာ အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အဆိုပါဥပဒေလေးခုအား ပြဌာန်းပေးရန် အမျိုးဘာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ တိုက်တွန်းချက်ကို လိုအပ်ပါက ဥပဒေအဖြစ် ပြဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ၂၅ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ဒါဟာ နိုင်ငံရေးနဲ့ နည်းနည်းဆိုင်မယ်ထင်တယ်။ အမျိုးဘာသာရေးထက် နိုင်ငံရေးလို့ ပြောမလိုဖြစ်တယ်ပေါ့နော်။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။ ကျွန်တော်တစ်ယောက်တည်း အမြင်ကတော့ ဒါကြီးဟာ ခင်ဗျားတို့ စုဖုရားလတ်ခေတ်ကို ပြန်ရောက်သွားမယ်။ တစ်လင်တစ်မယားတွေ ပါလာတယ်။ အခုက ဘော်လီဘောတွေ ပုတ်နေတာ။ အခုကို ဘုန်းကြီးက ပြောတယ်ဗျာ။ သမ္မတက လွှတ်တော်ကို ခင်ဗျားတို့ လုပ်လိုက်။ လွှတ်တော်က မဟုတ်ဘူး။ မင်းတို့ဆီက လုပ်ရမှာ။ ဘော်လီဘောတွေပုတ်ပြီးတော့ ရှောင်နေတာလို့ ကျွန်တော် ဒီလိုမြင်တယ်။ ဒါကြီးက မကောင်းပါဘူးလို့ ပြောရင် ဘုန်းကြီးတွေနဲ့ ပြဿနာဖြစ်သွားမယ်။ ဘုန်းကြီးတွေကလည်း ကိုယ့်ဘုန်းကြီးတွေ ဖြစ်နေတာကိုး။ ဒါနည်းနည်းခက်တယ်ဗျ။ နည်းနည်းလေး အန္တရာယ်ကြီးတယ်။ ဒါ ပြဿနာရှိတယ်။ သေချာလုပ်ရမှာ။ လွှတ်တော်ထဲရောက်ရင်လည်း နည်းနည်းပွဲဆူမယ့် သဘောရှိတယ်။ ဘုန်းကြီးတွေ လက်မှတ်ထိုးပြီးတင်တယ်ဆိုပေမယ့် ခုနကပြောသလို ကျွန်တော့်အမြင်ကတော့ ငြိမ်နေတဲ့ ကန်ရေပြင်လေးကို ခဲနဲ့ပစ်လိုက်သလိုဖြစ်မလားလို့”ဟု ဆိုသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ဒီဥပဒေတွေက တအားကို သိမ်မွေ့ နူးညံ့ပါတယ်။ ပြီးတော့ ဒါတွေက လွှတ်တော်ကချည်းပဲ ဥပဒေပြုလို့ မရပါဘူး။ ဝန်ကြီးဌာနတွေနဲ့လည်း သက်ဆိုင်နေတယ်။ အခြားဘာသာဝင်တွေမှာ အခုလို လက်ထပ်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဌာန်းထားတာရှိတယ်။ ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက် တိကျတဲ့ ဥပဒေထုတ်ထားတာ မရှိသေးပါဘူး။ နောက်တစ်ခုက တစ်လင်တစ်မယားစနစ်တို့၊ လူဦးရေတိုးပွားနှုန်း ထိန်းချုပ်တဲ့ ဥပဒေတို့ မရှိသေးဘူး။ ကျွန်မတို့ ရခိုင်ပြည်မှာဆိုရင် ဘင်္ဂါလီတွေက မိန်းမတွေအများကြီးယူတယ်။ ကလေးတွေ အများကြီးမွေးတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေထက် ဘင်္ဂါလီတွေ ပိုများလာတယ်။ ပြီးတော့ မိန်းမတွေ အများကြီးယူပြီး အနှိမ်ခံဖြစ်နေရတယ်။ ကလေးတွေကိုလည်း ကောင်းကောင်းမပြုစုဘူး။ ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေတာပဲ မဟုတ်လား။ ဒီဥပဒေပြုလို့ လူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတာကတော့ ဟိုဘက်အခွင့်အရေး၊ ဒီဘက်အခွင့်အရေး ဆုံးရှုံးတာကိုတော့ မျှပြီးကြည့်ရမယ်။ ဒါကြောင့် ခုဥပဒေတွေက နိုင်ငံအတွက် အရေးကြီးတဲ့အတွက် ကြိုဆိုပါတယ်။ ဒါပေမဲ့ အစွန်းမရောက်ဘဲနဲ့ တကယ့်ကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ဆိုသည်။

ဘားအံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေဟွာကလည်း “ဒီဥပဒေကြမ်း ထုတ်နိုင်ဖို့က ဝန်ကြီးဌာနလေးခုကို တာဝန်ပေးထားတာပေါ့နော်။ ဒါ အင်မတန်ကောင်းပါတယ်။ တကယ်တော့ ကျွန်မတို့ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ဆိုရင် ပိုပြီးတော့ လိုအပ်တဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ ဒီ တစ်လင်တစ်မယားစနစ်တို့ လက်ထပ်ထိမ်းမြားခြင်းတို့ဟာ ဆိုလို့ရှိရင် ကျွန်မတို့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် တအားကို လိုအပ်ပါတယ်။ ကျွန်မတို့က ဒီဥပဒေထွက်လာမယ်ဆိုရင် ကြိုဆိုပါတယ်။ ဒီ ဥပဒေက တခြားဘာသာတွေအတွက် မလိုအပ်ဘူးလို့ ထင်တယ်။ ဗုဒ္ဓဘာသာအတွက်ကို ဆွဲတဲ့ဥပဒေလို့ ကျွန်မယူဆတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာအတွက် အမျိုးသမီးတွေအတွက် အဓိက ဒါလေးတွေက ပိုပြီးတော့ အကျိုးဖြစ်စေမယ်ဆိုတော့လေ။ တခြားဘာသာတွေအနေနဲ့လည်း သူတို့ဘာသာအနေနဲ့ ရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ကျွန်မထင်တယ် ကန့်ကွက်မယ်မထင်ဘူး။ ဘာသာရေးခွဲခြားမှုလည်း မဖြစ်နိုင်ပါဘူး။ ဒါ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ကို ရေးထားတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက်ပဲ အသက်ဝင်မှာပါ။ ကျွန်မတို့နိုင်ငံမှာ နဂိုကတည်းက ဘာသာတွေက လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ရှိတယ်လေ။ ကိုးကွယ်ခွင့်ရှိတယ်ဟာပေါ့နော်။ ကျွန်မစိတ်ထဲမှာ နိုင်ငံရေးနဲ့ မပတ်သက်ဘူးထင်တာပဲ။ ကျွန်မတို့နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ လူ့အခွင့်အရေးနဲ့ ဘာသာရေးက နည်းနည်းလေး လွဲနေတာပေါ့နော်။ အဲဒီတော့ ကျွန်မတို့က ဘာသာရေးကို သွားတယ်ဆိုတော့ ဘာသာရေးကို စဉ်းစားရမှာပေါ့နော်။ ကျွန်မတို့ ဥပဒေတွေဆိုတာက ဒီလွှတ်တော်မှာပဲ ပြဌာန်းသင့်တယ် ဆိုတော့လေ။ အရင်က ကျွန်မတို့ဆီမှာရှိထားတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခြင်းဥပဒေကို ပြန်ကြည့်မယ်ဆိုရင် ခေတ်စနစ်နဲ့ မလျော်ညီတော့ဘူးပေါ့နော်။
အဲဒီတော့ ပြုပြင်ပြောင်းလဲသင့်တာဖြစ်တဲ့အတွက်ကြောင့် ဒီအချိန်မှာ ပြုပြင်တာ အကောင်းဆုံးပါပဲလို့ ကျွန်မမြင်တယ်” ဟု ပြောကြားသည်။

ထိုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကော့မှူးမြို့နယ်) က “ကျွန်မကတော့ နာယကကြီး ရဲ့ သဝဏ်လွှာကို သဘောတူတယ်။ ဒါက ဥပဒေနဲ့လည်း ညီတယ်။ နိုင်ငံရဲ့လိုအပ်ချက်နဲ့လည်း ကိုက်ညီတယ်။ လွှတ်တော်အနေနဲ့ ကတော့ အစိုးရဘက်က ပြန်လာတဲ့စာပေါ်မှာ မူတည်ပြီး ပြန်သုံးသပ်ရမှာပါ။ ဒီဥပဒေတွေက အရေးတကြီးပြဌာန်းဖို့ လို မလိုဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဆုံးဖြတ်ပြီး ပြန်ပြီးတော့ အကြံပြုရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-စိုးမင်းထိုက်)
ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-စိုးမင်းထိုက်)

နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာပါ ဥပဒေလေးခုဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ နှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီ ၂၇ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မကျင်းပမီ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ထိုကဲ့သို့ သဝဏ်လွှာပြန်လည်ပေးပို့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မ၏ သဝဏ်လွှာပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေသည် သာသနာရေး ဝန်ကြီးဌာနနှင့် လည်းကောင်း၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးနှင့်လည်းကောင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့်လည်းကောင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေအား လူဝင် မှုကြီးကြ ပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်လည်းကောင်း ဆက်စပ်သက်ဆိုင်နေသည်ဟု စိစစ်တွေ့ရှိရသဖြင့် ထိုသို့ဥပဒေမူကြမ်းရေးဆွဲရန် ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းဥပဒေများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဖွဲ့စည်းထားရှိသော လူ့အခွင့်အရေးကော်မရှင်တို့နှင့်လည်း ဆက်နွှယ်သက်ဆိုင်နိုင်သည်ဟု ယူဆကြောင်းလည်း နိုင်ငံတော် သမ္မတ ထံ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ သမ္မတ၏ သဝဏ်လွှာသည် နိုင်ငံတော်၊ တိုင်းရင်းသားများနှင့် နိုင်ငံသားများအတွက် အထူးအလေးထား စဉ်းစားသုံးသပ်ဆောင်ရွက် အပ်သော ကိစ္စတစ်ခုဖြစ်သည်ကို နားလည်ကြောင်း၊ ထို့အတူ ဥပဒေပြဌာန်းပေးရေးသည် များစွာ သိမ်မွေ့သည့် ဘာသာ သာသနာနှင့် လူမှုရေး၊ လူသားအရေးများ ပါဝင်နေသည်ကို သတိပြုမိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း နိုင်ငံတော် တိုင်းရင်းသားများနှင့် နိုင်ငံသားများ အကျိုးစီးပွား အမှန်တကယ်ရရှိရေး အလေးထားစဉ်းစားသုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြကာ ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတစ်ဝန်းရှိ သံဃာတော်များအပါအဝင် နိုင်ငံသား ၁၃၃၅၆ဝဝ တို့က လက်မှတ်ရေး ထိုးကာ အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အဆိုပါဥပဒေလေးခု အား ပြဌာန်းပေးရန် အမျိုးဘာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ တိုက်တွန်းချက်ကို လိုအပ်ပါက ဥပဒေအဖြစ် ပြဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ၂၅ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ဒါဟာ နိုင်ငံရေးနဲ့ နည်းနည်းဆိုင်မယ်ထင်တယ်။ အမျိုးဘာသာရေးထက် နိုင်ငံရေးလို့ ပြောမလိုဖြစ်တယ်ပေါ့နော်။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။ ကျွန်တော်တစ်ယောက်တည်း အမြင်ကတော့ ဒါကြီးဟာ ခင်ဗျားတို့ စုဖုရားလတ်ခေတ်ကို ပြန်ရောက်သွားမယ်။ တစ်လင်တစ်မယားတွေ ပါလာတယ်။ အခုက ဘော်လီဘောတွေ ပုတ်နေတာ။ အခုကို ဘုန်းကြီးက ပြောတယ်ဗျာ။ သမ္မတက လွှတ်တော်ကို ခင်ဗျားတို့ လုပ်လိုက်။ လွှတ်တော်က မဟုတ်ဘူး။ မင်းတို့ဆီက လုပ်ရမှာ။ ဘော်လီဘောတွေပုတ်ပြီးတော့ ရှောင်နေတာလို့ ကျွန်တော် ဒီလိုမြင်တယ်။ ဒါကြီးက မကောင်းပါဘူးလို့ ပြောရင် ဘုန်းကြီးတွေနဲ့ ပြဿနာဖြစ် သွားမယ်။ ဘုန်းကြီးတွေကလည်း ကိုယ့်ဘုန်းကြီးတွေ ဖြစ်နေတာကိုး။ ဒါနည်းနည်းခက်တယ်ဗျ။ နည်းနည်းလေး အန္တရာယ်ကြီးတယ်။ ဒါ ပြဿနာရှိတယ်။ သေချာလုပ်ရမှာ။ လွှတ်တော်ထဲရောက်ရင်လည်း နည်းနည်းပွဲဆူမယ့် သဘောရှိတယ်။ ဘုန်းကြီးတွေ လက်မှတ်ထိုးပြီးတင်တယ်ဆိုပေမယ့် ခုနကပြောသလို ကျွန်တော့်အမြင်ကတော့ ငြိမ်နေတဲ့ ကန်ရေပြင်လေးကို ခဲနဲ့ပစ်လိုက်သလိုဖြစ်မလားလို့”ဟု ဆိုသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ဒီဥပဒေတွေက တအားကို သိမ်မွေ့ နူးညံ့ပါတယ်။ ပြီးတော့ ဒါတွေက လွှတ်တော်ကချည်းပဲ ဥပဒေပြုလို့ မရပါဘူး။ ဝန်ကြီးဌာနတွေနဲ့လည်း သက်ဆိုင်နေတယ်။ အခြားဘာသာဝင်တွေမှာ အခုလို လက်ထပ်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဌာန်းထားတာရှိတယ်။ ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက် တိကျတဲ့ ဥပဒေထုတ်ထားတာ မရှိသေးပါဘူး။ နောက်တစ်ခုက တစ်လင်တစ်မယားစနစ်တို့၊ လူဦးရေတိုးပွားနှုန်း ထိန်းချုပ်တဲ့ ဥပဒေတို့ မရှိသေးဘူး။ ကျွန်မတို့ ရခိုင်ပြည်မှာဆိုရင် ဘင်္ဂါလီတွေက မိန်းမတွေအများကြီးယူတယ်။ ကလေးတွေ အများကြီးမွေးတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေထက် ဘင်္ဂါလီတွေ ပိုများလာတယ်။ ပြီးတော့ မိန်းမတွေ အများကြီးယူပြီး အနှိမ်ခံဖြစ်နေရတယ်။ ကလေးတွေကိုလည်း ကောင်းကောင်းမပြုစုဘူး။ ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေတာပဲ မဟုတ်လား။ ဒီဥပဒေပြုလို့ လူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတာကတော့ ဟိုဘက်အခွင့်အရေး၊ ဒီဘက်အခွင့်အရေး ဆုံးရှုံးတာကိုတော့ မျှပြီးကြည့်ရမယ်။ ဒါကြောင့် ခုဥပဒေတွေက နိုင်ငံအတွက် အရေးကြီးတဲ့အတွက် ကြိုဆိုပါတယ်။ ဒါပေမဲ့ အစွန်းမရောက်ဘဲနဲ့ တကယ့်ကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ဆိုသည်။

ဘားအံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေဟွာကလည်း “ဒီဥပဒေကြမ်း ထုတ်နိုင်ဖို့က ဝန်ကြီးဌာနလေးခုကို တာဝန်ပေးထားတာပေါ့နော်။ ဒါ အင်မတန်ကောင်းပါတယ်။ တကယ်တော့ ကျွန်မတို့ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ဆိုရင် ပိုပြီးတော့ လိုအပ်တဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ ဒီ တစ်လင် တစ်မယား စနစ်တို့ လက်ထပ်ထိမ်းမြားခြင်းတို့ဟာ ဆိုလို့ရှိရင် ကျွန်မတို့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် တအားကို လိုအပ်ပါတယ်။ ကျွန်မတို့က ဒီဥပဒေထွက်လာမယ်ဆိုရင် ကြိုဆိုပါတယ်။ ဒီ ဥပဒေက တခြားဘာသာတွေအတွက် မလိုအပ်ဘူးလို့ ထင်တယ်။ ဗုဒ္ဓဘာသာအတွက်ကို ဆွဲတဲ့ဥပဒေလို့ ကျွန်မယူဆတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာအတွက် အမျိုးသမီးတွေအတွက် အဓိက ဒါလေးတွေ က ပိုပြီးတော့ အကျိုးဖြစ်စေမယ်ဆိုတော့လေ။ တခြားဘာသာတွေအနေနဲ့လည်း သူတို့ဘာသာအနေနဲ့ ရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ကျွန်မထင်တယ် ကန့်ကွက်မယ်မထင်ဘူး။ ဘာသာရေးခွဲခြားမှုလည်း မဖြစ်နိုင်ပါဘူး။ ဒါ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ကို ရေးထားတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက်ပဲ အသက်ဝင်မှာပါ။ ကျွန်မတို့နိုင်ငံမှာ နဂိုကတည်းက ဘာသာတွေက လွတ်လွတ် လပ်လပ် ရပ်တည်ခွင့်ရှိတယ်လေ။ ကိုးကွယ်ခွင့်ရှိတယ်ဟာပေါ့နော်။ ကျွန်မစိတ်ထဲမှာ နိုင်ငံရေးနဲ့ မပတ်သက်ဘူးထင်တာပဲ။ ကျွန်မတို့နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ လူ့အခွင့်အရေးနဲ့ ဘာသာရေးက နည်းနည်းလေး လွဲနေတာပေါ့နော်။ အဲဒီတော့ ကျွန်မတို့က ဘာသာရေးကို သွားတယ်ဆိုတော့ ဘာသာရေးကို စဉ်းစားရမှာပေါ့နော်။ ကျွန်မတို့ ဥပဒေတွေဆိုတာက ဒီလွှတ်တော်မှာပဲ ပြဌာန်းသင့်တယ် ဆိုတော့လေ။ အရင်က ကျွန်မတို့ဆီမှာရှိထားတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခြင်းဥပဒေကို ပြန်ကြည့်မယ်ဆိုရင် ခေတ်စနစ်နဲ့ မလျော်ညီတော့ဘူးပေါ့နော်။
အဲဒီတော့ ပြုပြင်ပြောင်းလဲသင့်တာဖြစ်တဲ့အတွက်ကြောင့် ဒီအချိန်မှာ ပြုပြင်တာ အကောင်းဆုံးပါပဲလို့ ကျွန်မမြင်တယ်” ဟု ပြောကြားသည်။

ထိုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကော့မှူးမြို့ နယ်) က “ကျွန်မကတော့ နာယကကြီး ရဲ့ သဝဏ်လွှာကို သဘောတူတယ်။ ဒါက ဥပဒေနဲ့လည်း ညီတယ်။ နိုင်ငံရဲ့လိုအပ်ချက်နဲ့လည်း ကိုက်ညီတယ်။ လွှတ်တော်အနေနဲ့ ကတော့ အစိုးရဘက်က ပြန်လာတဲ့စာပေါ်မှာ မူတည်ပြီး ပြန်သုံးသပ်ရမှာပါ။ ဒီဥပဒေတွေက အရေးတကြီးပြဌာန်းဖို့ လို မလိုဆိုတာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆုံးဖြတ်ပြီး ပြန်ပြီးတော့ အကြံပြုရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment