Monday 24 February 2014

အမေရိကန် ရင်းနှီးမြှုပ်နှံမှုများမြန်မာပြည်သို့ စတင်ဝင်ရောက်

မြန်မာနိုင်ငံ တွင် Chevrolet ကားပြခန်း ဖွင့်လှစ်ခဲ့ပြီး နောက် ၂ဝ၁၄ ခုနှစ်အတွင်းမှာပင် အမေရိကန် စီးပွားရေးကုမ္ပဏီများ ၁ဝ ခုကျော် ထပ် မံဝင်ရောက် ရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန်အစိုးရက ဖြေ လျှော့မှုများပြုလုပ်လာခဲ့ပြီးနောက် အချို ရည်ကုမ္ပဏီဖြစ်သည့် Coca-Cola? Pepsi ကဲ့သို့ ကုမ္ပဏီကြီးများ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့ကြ သည်။

ထို့အပြင် ၂ဝ၁၄ အစောပိုင်း ကာလက အမေရိကန်သွင်းကုန်၊ ထုတ်ကုန် ဆိုင်ရာ ကုန်သွယ်မှုဘဏ်က မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများအကြား ဆက်ဆံနိုင် ရန် ဖြေလျှော့ပေးခဲ့ရာ အမေရိကန်စီးပွား ရေး လုပ်ငန်း များ ပိုမိုဝင်ရောက်လာရေးအ တွက် အခွင့်အလမ်းတစ်ခုဖြစ်ပေါ် လာစေ ခဲ့သည်။

Chevrolet ကာှး့Show Room ဖွင့်ပွဲအခမ်းအနားတွင် အမေရိကန် သံအ မတ်ကြီး ဒဲရစ်မစ်ချယ်လ်က ''အမေရိကန် ကုမ္ပဏီဖြစ်တဲ့ Chevrolet ဒီမှာ အခြေချ နိုင်တာဟာ တခြားအမေရိကန် ကုမ္ပဏီတွေ အတွက် ဥပမာတစ်ခုလို့ ပြောလို့ရနိုင်ပါ တယ်။ အရင်တုန်းက ပိတ်ဆို့မှုတွေကြောင့် အမေရိကန်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု မရရှိခဲ့ပေမယ့် မကြာခင်မှာ တခြားအမေရိ ကန် စီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်လာ ဖို့ရှိနေပါတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် အခြေစိုက်ကုမ္ပဏီများ ဝင်ရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်မှုမှာ ၂ဝ၁၄ ခုနှစ် အတွင်း ၁ဝ ခုကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖွယ်ရှိ ကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် နီး စပ်သော အသိုင်းအဝိုင်းမှ သတင်းများ ထွက်ပေါ်ခဲ့ရာ ဒဲရစ်မစ်ချယ်လ်ပြောခဲ့သည့် အမေရိကန် ကုမ္ပဏီများ ဝင်ရောက်လာ နိုင်မည်ဆိုခြင်းကို ထောက်ခံသလိုဖြစ်လာ ခဲ့သည်။

Yangon Media Group

No comments:

Post a Comment