Wednesday 26 February 2014

ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်

Photo: ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်
Wednesday, February 26, 2014

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။
    
ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်စေခြင်းဖြစ်ကြောင်း သိရသည်။
    
"ဆိပ်ကြီးကမ်းနားကမ်းပြိုတာ နှစ်နှစ်ဆက်ရှိပါပြီ။ ထပ်မပြိုအောင်လို့ တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကန်ထရိုက်စနစ်နဲ့ ပြိုကျသွားတဲ့ပမာဏကို အစားထိုးဆောက်တာဖြစ်တယ်လို့ သိရပါတယ်" ဟု ဆိပ်ကြီးဆိပ်ကမ်း ရွှေရန်ကုန်ရေယာဉ်လိုင်းဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
အဆိုပါ ကမ်းထိန်းနံရံကို ကျယ်သောရေလမ်းကြောင်းနှင့် ကျဉ်းသောရေလမ်းကြောင်းတို့ဆုံရာ ၀ဲကတော့ဖြစ်ရာမှ ကမ်းနားသို့ ရေတိုက်စားမှုဖြစ်ကာ ကမ်းပြိုကျခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောကြားသည်။
    
ပေ ၁၆၀ ရှည် ကမ်းထိန်းနံရံတစ်ခုနှင့် ပေ ၇၀ ရှည် ကမ်းထိန်းနံရံတစ်ခု စုစုပေါင်း ပေ ၂၃၀ ရှည်သော ၎င်းကမ်းထိန်းနံရံသည် ရေအောက်အနက် ပေ ၈၀ ၊ ရေပေါ် ပေ ၃၀ ခန့်အထိ တည်ဆောက်မည်ဟု သိရကြောင်း ရွှေရန်ကုန်ရေယာဉ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
"ဆိပ်ကမ်းကမ်းထိန်းတွေပြိုကျရင် ကျွန်တော်တို့ စက်တပ်ရေယာဉ်အတွက်ရော ခရီးသည်တွေအတွက် အတက်အဆင်းရော ဒုက္ခရောက်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကဆို ပေ ၁၅၀ လောက်ပါသွားတယ်" ဟု သမ္ဗန်မောင်း လုပ်သားတစ်ဦးက ပြောကြားသည်။
    
ရန်ကုန်မြို့ တစ်ဖက်ကမ်း၊ ဆိပ်ကြီးခနောင်တိုမြို့သည် သုံးမိုင်ခန့်ရှည်လျားသော ကျွန်းတစ်ကျွန်းဖြစ်ပြီး မြို့နယ်နေသူတို့သည် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက် ရေကြောင်းခရီးကိုသာ အသုံးပြုရကြောင်း သိရသည်။  

Eleven Media Group

ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)
ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။

    
ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မှ ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်စေခြင်းဖြစ်ကြောင်း သိရသည်။
    
"ဆိပ်ကြီးကမ်းနားကမ်းပြိုတာ နှစ်နှစ်ဆက်ရှိပါပြီ။ ထပ်မပြိုအောင်လို့ တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရပါ တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကန်ထရိုက်စနစ်နဲ့ ပြိုကျသွားတဲ့ပမာဏကို အစားထိုးဆောက်တာဖြစ်တယ်လို့ သိရပါတယ်" ဟု ဆိပ်ကြီးဆိပ်ကမ်း ရွှေရန်ကုန်ရေယာဉ်လိုင်းဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
အဆိုပါ ကမ်းထိန်းနံရံကို ကျယ်သောရေလမ်းကြောင်းနှင့် ကျဉ်းသောရေလမ်းကြောင်းတို့ဆုံရာ ၀ဲကတော့ဖြစ် ရာမှ ကမ်းနားသို့ ရေတိုက်စားမှုဖြစ်ကာ ကမ်းပြိုကျခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောကြား သည်။
    
ပေ ၁၆၀ ရှည် ကမ်းထိန်းနံရံတစ်ခုနှင့် ပေ ၇၀ ရှည် ကမ်းထိန်းနံရံတစ်ခု စုစုပေါင်း ပေ ၂၃၀ ရှည်သော ၎င်းကမ်းထိန်းနံရံသည် ရေအောက်အနက် ပေ ၈၀ ၊ ရေပေါ် ပေ ၃၀ ခန့်အထိ တည်ဆောက်မည်ဟု သိရကြောင်း ရွှေရန်ကုန်ရေယာဉ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
"ဆိပ်ကမ်းကမ်းထိန်းတွေပြိုကျရင် ကျွန်တော်တို့ စက်တပ်ရေယာဉ်အတွက်ရော ခရီးသည်တွေအတွက် အတက်အဆင်းရော ဒုက္ခရောက်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကဆို ပေ ၁၅၀ လောက်ပါသွားတယ်" ဟု သမ္ဗန်မောင်း လုပ်သားတစ်ဦးက ပြောကြားသည်။
    
ရန်ကုန်မြို့ တစ်ဖက်ကမ်း၊ ဆိပ်ကြီးခနောင်တိုမြို့သည် သုံးမိုင်ခန့်ရှည်လျားသော ကျွန်းတစ်ကျွန်းဖြစ်ပြီး မြို့နယ်နေ သူ တို့သည် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက် ရေကြောင်းခရီးကိုသာ အသုံးပြုရကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment