Monday 24 February 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်
Monday, February 24, 2014

စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင်သူများက ပြောကြားသည်။

ယင်းကဲ့သို့ ဆန္ဒ ထုတ်ဖော်နိုင်ရန် အတွက် ၂၀၁၃ ခုနှစ်အတွင်းက မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ လေးကြိမ် တင်ပြခဲ့သော်လည်း ခွင့်ပြုမှု မရှိခဲ့ခြင်းကြောင့် ယခုအကြိမ်တွင် အကြောင်းကြားစာ ပေးပို့ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆန္ဒပြရာတွင် ပါဝင်သူ စာရေးဆရာ မောင်မြေမွန် (ချောင်းဦး) က ရှင်းလင်း ပြောကြားသည်။

“ကျွန်တော်တို့ ခွင့်ပြုမထားပါဘူး။ လေးကြိမ် တင်ထားတယ် ဆိုတာလည်း မဟုတ်ပါဘူး။ လျှောက်ထားတဲ့စာ ဒီကနေ့မှ ကျွန်တော့် လက်ထဲ ရောက်တာ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ ရဲလုပ်ထုံး လုပ်နည်းနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ထွန်းကြည်က ယင်းဆန္ဒ ထုတ်ဖော်မှုနှင့် ပတ်သက်၍ ဆိုသည်။

ယင်းချောင်းဦးမြို့ ဒေသခံ ဦးသက်နွယ်ဦးနှင့် ဦးကျော်ဆွေ (မောင်မြေမွန်- ချောင်းဦး) တို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ ပုဒ်မ ၅၉ (စ) (ဃ) ပယ်ဖျက်ရေး၊ မြန်မာ တစ်နိုင်ငံလုံးနှင့် ချောင်းဦးမြို့တို့မှ အဓမ္မ သိမ်းဆည်းထားသော မြေများကို မူလ ပိုင်ရှင်ထံ ပြန်ပေးရေး၊ ဒီပဲယင်း အကြမ်းဖက်မှုမှ ခုနစ်နှစ်တိုင် ချိပ်ပိတ် ခံရသော အိမ်များကို လျော်ကြေးပေးရေး စသည့် အချက်များ ပါဝင်ကြောင်း ယင်းဆန္ဒ ပြသူများထံမှသိရှိရသည်။

ယင်းဆန္ဒပြမှုကို ချောင်းဦးမြို့ အားကစားကွင်းမှ ချောင်းဦးမြို့နယ် စည်ပင်သာယာရေး ရုံးအထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

The Voice Weekly
စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင် သူများက ပြောကြားသည်။


ယင်းကဲ့သို့ ဆန္ဒ ထုတ်ဖော်နိုင်ရန် အတွက် ၂၀၁၃ ခုနှစ်အတွင်းက မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ လေးကြိမ် တင်ပြခဲ့သော်လည်း ခွင့်ပြုမှု မရှိခဲ့ခြင်းကြောင့် ယခုအကြိမ်တွင် အကြောင်းကြားစာ ပေးပို့ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆန္ဒပြရာတွင် ပါဝင်သူ စာရေးဆရာ မောင်မြေမွန် (ချောင်းဦး) က ရှင်းလင်း ပြောကြားသည်။

“ကျွန်တော်တို့ ခွင့်ပြုမထားပါဘူး။ လေးကြိမ် တင်ထားတယ် ဆိုတာလည်း မဟုတ်ပါဘူး။ လျှောက်ထားတဲ့စာ ဒီကနေ့မှ ကျွန်တော့် လက်ထဲ ရောက်တာ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ ရဲလုပ်ထုံး လုပ်နည်းနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ထွန်းကြည်က ယင်းဆန္ဒ ထုတ်ဖော်မှုနှင့် ပတ်သက်၍ ဆိုသည်။

ယင်းချောင်းဦးမြို့ ဒေသခံ ဦးသက်နွယ်ဦးနှင့် ဦးကျော်ဆွေ (မောင်မြေမွန်- ချောင်းဦး) တို့က ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေး၊ ပုဒ်မ ၅၉ (စ) (ဃ) ပယ်ဖျက်ရေး၊ မြန်မာ တစ်နိုင်ငံလုံးနှင့် ချောင်းဦးမြို့တို့မှ အဓမ္မ သိမ်းဆည်းထားသော မြေများကို မူလ ပိုင်ရှင်ထံ ပြန်ပေးရေး၊ ဒီပဲယင်း အကြမ်းဖက်မှုမှ ခုနစ်နှစ်တိုင် ချိပ်ပိတ် ခံရသော အိမ်များကို လျော်ကြေးပေးရေး စသည့် အချက်များ ပါဝင်ကြောင်း ယင်းဆန္ဒ ပြသူများ ထံမှ သိရှိရ သည်။

ယင်းဆန္ဒပြမှုကို ချောင်းဦးမြို့ အားကစားကွင်းမှ ချောင်းဦးမြို့နယ် စည်ပင်သာယာရေး ရုံးအထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment