Monday 24 February 2014

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင် လူကုန်ကူခံရသူများ အပေါ်ခေါင်းပုံဖြတ်မှု ထပ်မံပြုလုပ်နေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ သူများကပြောဆို

မြန်မာနိုင်ငံ၏လူဦးရေအများဆုံး နေထိုင်ပြီးနိုင်ငံတကာ အဆင့်မီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တွင် ကျေးလက်ဒေသများမှ လူကုန်ကူးခံရသော ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်တောင် သူနှင့် အခြေခံလူတန်းစားများ ကို လေဆိပ်နားနေဆောင်တွင် စစ်ဆေးခြင်း မခံရစေဟု ပြောဆိုပြီး လူတစ်ဦးလျှင် ငွေကျပ်၃ထောင်နှုန်းဖြင့် လိမ်လည် တောင်းခံမှုများရှိနေကြောင်း ထိုင်းနိုင်ငံသို့ တစ်ရွာ တည်းမှ လူ၃၃ဦး လူကုန်ကူးခံခဲ့ရသူများတွင် တစ်ဦးဖြစ်သူကိုသံချောင်း(ခ)ကိုအောင်အောင်က ကိုယ် တိုင်ကြုံတွေ့ ခဲ့ ရပုံကို မြ၀တီသတင်းစာသို့ ပြောကြားသည်။

“ကျွန်တော်တို့ကိုထိုင်းအပေါ်လမ်းက ပို့ပေးမယ်ဆိုပြီး ရန်ကုန်ရောက်တော့ လေဆိပ်မြေပုံနဲ့ဘယ်လို သွား ဘယ်မှာ ထိုင်နေလို့မှာပြီး ထိုင်နေစဉ်လူတစ်ဦးက ခင်များတို့ ထိုင်းသွားကြမဲ့သူတွေဆိုတာသိတယ် လူကြီးတွေလာမစစ်အောင်လုပ်ပေးမယ် တစ်ယောက်သုံးထောင်ပဲ ပေးရမယ်လို့ပြောတယ် ဒါနဲ့ကြော က်ကြော က် နဲ့ ပေးလိုက်ရပါတယ်”ဟု ယင်းကပြောဆိုသည်။

မြန်မာနိုင်ငံအနှံ့မှ တောင်သူလယ်သမားများအနေဖြင့် မိသားစုဦးရေတိုးတက်လာခြင်းနှင့် နေထိုင်စားသော က်ရေး အခက် အခဲ များကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဒေသများသို့ သွားရောက်လုပ်ကိုင်သော သူများကို လူကုန်ကူးသူများ အနေဖြင့် မတရားငွေကြေး တောင်ခံမှုများပြုသည့်အပြင် ထိုသို့လေဆိပ်အတွင်း ထပ်မံလိမ်လည်မှုများ ခံနေရကြောင်းထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူများထံမှ သိရသည်။

ထိုအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင်လည်း မိမိတို့လိမ်လည်ခံရမှုများကိုဌာနေသို့ တယ်လီဖုန်းဖြင့် ပြန်လည်မပြောဆိုရဲကြဘဲ အဆင်ပြေသည်ဟုသာ ပြောဆိုရကြောင်း အဆင်မပြေကြောင်းပြောဆိုသူများကို တခြားသောနေရာသို့ ရောင်းချခြင်း ရဲလက်အပ်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။

လူကုန်ကူးသူများအနေဖြင့် ထိုင်းနိုင်ငံရှိ အလုပ်ရှင်များထံ တစ်ဦးလျင် ဘတ်၈ထောင်မှဘတ်၂သောင်းအထိ ရရှိကြပြီး ထိုလူကုန်ကူးခံရသူများကို ဇိမ်ခံကားများအတွင်း ထိုင်းခုံတစ်ခုံလျင် လူသုံးဦးဆင့်ထိုင်းခိုင်ပြီး ပို့ဆောင်ကြသည့်အပြင် လုပ်အားခခေါင်းပုံဖြတ်မှုများလည်း ခံနေရကြောင်းလည်း သိရသည်။

ဘကြီးအောင်(မကွေး
မြန်မာ့ခေတ်

No comments:

Post a Comment