Monday 24 February 2014

အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်


အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။
လေထိုးရန် မလိုသည့် တာရှည်ခံ ဘောလုံး ၅၃၀၀ ကို အခြေခံပညာ ကျောင်းများသို့ လာမည့် ပညာသင်နှစ် အတွင်း (၂၀၁၄-၁၅) ပေးအပ် လှူဒါန်းမည် ဖြစ်ကြောင်း Pacific AA Motor ထံမှ သိရသည်။

“မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းတွေ အကုန်လုံးကို လှူဒါန်းမှာပါ။ ၂၀၁၃-၁၄ ပညာသင်နှစ် တုန်းကလည်း အလုံး ၂၀၀ လှူဒါန်း ပြီးသွားပါပြီ။ အားကစား လုပ်ခြင်းအားဖြင့် ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးရာ ရောက်နိုင်ပါတယ်” ဟု Pacific AA Motor အမှုဆောင် အရာရှိချုပ် ဦးဇော်မိုးခိုင်က ပြောကြားသည်။

ယင်းအပြင် ရှယ်ဗီ ကရုဏာ အကျိုးဆောင် အစီအစဉ် (Chevy Care Program) အရ Chevrolet (ချယ်ဗလက်ဟု လူသိများ) မော်တော်ယာဉ် နှစ်စီးကို ပြည်တွင်း လူမှု အကျိုးဆောင် အဖွဲ့အစည်းများ ခြောက်လ အခမဲ့ သုံးစွဲခွင့် ပြုမည် ဖြစ်ကြောင်း General Motor နှင့် Pacific AA Motor တို့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment