Thursday 27 February 2014

ကရင်နီဒုက္ခသည်များ နေရပ်ပြန်ရေး ကြန့်ကြာနေခြင်းက ၄င်းတို့၏ ကိုယ်စားလှယ်များကြောင့်သာဖြစ်ဟု ကယားအစိုးရအဖွဲ့တုံ့ပြန်

ထိုင်းနိုင်ငံရှိ ကရင်နီဒုက္ခ သည်များ နေရပ်ပြန်ရောက်ရေးအတွက် အစိုးရ၏ ဆောင်ရွက်မှု ကြန့်ကြာနေသည်ဟု တိုင်းရင်း သားလက်နက် ကိုင်များက ဝေဖန် ထားသော်လည်း အဆိုပါဒုက္ခ သည်များ၏ ကိုယ်စားလှယ်များက လာရောက် မညှိနှိုင်းခြင်းေ ကြာင့် ဟု ကယားပြည်နယ်အစိုးရအဖွဲ့က တုံ့ပြန်ပြောဆိုလိုက်သည်။

ကရင်နီဒုက္ခသည်များ ပြန် လာရေးအတွက် ပြည်နယ်အစိုးရ အနေဖြင့် ဆွေးနွေးရန် ဖိတ်ခေါ် ထားသော်လည်း ဒုက္ခသည်ကိုယ် စားလှယ်များမှ လာရောက်ညှိနှိုင်း ခြင်းမရှိသည့်အတွက် လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသေး ကြောင်း ကယားပြည်နယ် အစိုးရ အဖွဲ့ စီမံရေးရာဝန်ကြီးဦးတော့ ရယ်ကပြောသည်။

''တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ အရပ်ဘက်အဖွဲ့တွေ ကိုလဲ ခဏခဏပြောတယ်။ ဒုက္ခ သည် ကိုယ်စားလှယ်တွေလာညှိ ဖို့လို တယ်။ သူတို့ လာဆွေးနွေးမှ ဘယ်နေရာမှာနေချင်တယ်။ လူ ဘယ်လောက် ပြန်လာမယ်ဆိုတာ သိရမယ်။ ဒီလို လာဆွေးနွေး မှ လို အပ်တာတွေလုပ်နိုင်ဖို့ ဘတ်ဂျက် တင်ရမှာ''ဟု ဝန်ကြီးက ပြောသည်။

ယခုအခါ ထိုင်းနိုင်ငံမြောက် ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ အမှတ်(၁)၊ အမှတ်(၂)ဒုက္ခသည် စခန်း၌ ကရင်နီဒုက္ခသည် ၁၆ဝဝဝ ကျော်အထိရှိနေပြီး ¤င်းတို့၏နေ ရပ်ပြန်လာရေး၊ စားဝတ်နေရေး အကူအညီများ ထောက်ပံ့ပေးရန် အစိုးရနှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီတို့ ဆွေးနွေးညှိနှိုင်း နေဆဲဖြစ်ကြောင်းသိရသည်။

ကရင်နီအမျိုးသားတိုးတက် ရေးပါတီ(KNPP)မှ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ''ဒုက္ခသည် တွေနေဖို့ စံပြကျေးရွာအနေနဲ့ အိမ်ခြေ ၅ဝ၊ ၁ဝဝ ဆောက်ပေးဖို့ အစိုးရက သဘောတူထားတယ်။ ဒါပေမဲ့ သူတို့ပြန်လာရင် သုံးနှစ် စာ ရိက္ခာထောက်ပံ့ပေးဖို့ ကိုလဲညှိ နေတုန်းပဲ။ အစိုးရအနေနဲ့က ခု ထိ ဘာမှရေရေရာရာ လုပ်ပေးတာ မတွေ့ရသေးဘူး''ဟု ပြောသည်။

ကရင်နီဒုက္ခသည်များသည် ၁၉၄၈ခုနှစ်ကဖြစ်ပွားခဲ့သည့် တိုက် ပွဲများကြောင့် ထိုင်းနိုင်ငံနယ်စပ် သို့ သွားရောက်နေထိုင်ခဲ့ကြ သည်။

Yangon Media Group

No comments:

Post a Comment