Wednesday 26 February 2014

JP Morgan မှ ယခုနှစ်အတွင်း အလုပ်အကိုင် ရှစ်ထောင်ကျော် ဖြတ်တောက်သွားမည်ဟုဆို

ပေါင်နှံမှု စီးပွားရေး ကျုံ့ဝင်လာမှုနှင့် လုပ်ငန်းခွဲများတွင် ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ရန်အတွက် ဘဏ်လုပ်ငန်းကြီး တစ်ခုဖြစ်သည့် Jp Morgan Chase ကုမ္ပဏီမှ ယခုနှစ်အတွင်း အလုပ်အကိုင်နေရာ ရှစ်ထောင်ကျော်ကို ဖြတ်တောက်သွားရန် ပြင်ဆင်လျှက် ရှိသည်။

၎င်းအလုပ်အကိုင် ထက်ဝက်ကျော် ဖြတ်တောက်မှုကို ကြေငြာခဲ့ပြီး ဖြစ်သည်။ယခုအခါတွင် ၎င်း၏အလုပ်အကိုင်နေရာပေါင်း ၂၅၁၀၀၀ မှ သုံးရာခိုင်နှုန်းကို ထုတ်ပယ်ပြီး ၂၀၁၆ ခုနှစ်တွင် စားသုံးသူ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု ကုန်ကျစရိတ်ကို ၂ ဘီလျံ ဒေါ်လာကျော် လျော့ချရန် ကြိုးစားလျက် ရှိသည်။ သို့ရာတွင် ဘဏ်၏ အခြားသော လုပ်ငန်း နေရာများတွင် အလုပ်အကိုင် နေရာ ၃၀၀၀ ခန့်ကို ထပ်မံ ခန့်အပ်သွားမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ပေါင်နှံမှုစီးပွားရေးနှင့် အသေးစား လက်လီ ဘဏ်လုပ်ငန်းခွဲများတွင် အလုပ်အကိုင် ဖြတ်တောက်မှုများကို အင်္ဂါနေ့တွင် ကြေငြာ ခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်ကလည်း ၎င်းလုပ်ငန်းများတွင် အလုပ်အကိုင် နေရာပေါင်း ၁၆၅၀၀ ကျော်ကို ဖြတ်တောက်ခဲ့သည်။

JP Morgan ၏ ပေါင်နှံမှု စီးပွားရေးလုပ်ငန်းသည် အခြားသော ဘဏ်ကြီးများကဲ့သို့ပင် အမေရိကန်ပြည်သူတို့၏ အိမ်ယာများ ကို ပေါင်နှံချေးငှားမှု နည်းပါးလာခြင်းကြောင့် ကျဆင်းလျှက် ရှိသည်။ “ ဒီလုပ်ငန်းဟာ အဆိုးဝါးဆုံး စီးပွားရေး လုပ်ငန်းပါပဲ ” ဟု ကုမ္ပဏီ၏ ချယ်ယာမင်နှင့် စီအီးအို ဖြစ်သူ ဂျေမီဒိုင်မွန်မှ ပြောဆိုခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဘာကြောင့် ပေါင်နှံမှု စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်နေရသည်ကို မေးမြန်းဖွယ် ရှိသော်လည်း အမေရိကန်များအတွက် ပေါင်နှံမှု စီးပွားရေး လုပ်ငန်းမှာ မရှိမဖြစ် ဖြစ်ပြီး ဘဏ်လုပ်ငန်း၏ အရေးပါသော လုပ်ငန်း လည်း ဖြစ်ကြော င်း ကိုလည်း ပြောဆိုခဲ့သည်။

ဘဏ်လုပ်ငန်းခွဲများမှာ အရေးပါနေဆဲပင် ဖြစ်ကြောင်း Jp Morgan Chase ၏ စားသုံသူဘဏ် အကြီးအကဲ ဘယ်ရီဆိုမာမှ အလေးအနက်ထား ပြောဆိုခဲ့သည်။ စားသုံးသူများ၏ လေးပုံ သုံးပုံခန့်သည် ဘဏ်ခွဲများသို့ သုံးလကြာတိုင်း လာရောက်လေ့ ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

ငွေများ အပ်နှံခြင်း၊ ထုတ်ယူခြင်းများ စသည့် ငွေကြေးလွှဲပြောင်းမှု ဆိုင်ရာများ၊ ဘဏ်အကောင့်များ ဖွင့်လှစ်ခြင်း၊ ဘဏ် လုပ်ငန်းဆိုင်ရာ အကြံဉာဏ်များ ရယူခြင်းနှင့် ငွေချေးငှားမှု အရာရှိနှင့် ဆက်ဆံခြင်းများအတွက် ဘဏ်ခွဲများမှ အဓိက လုပ်ကိုင် ရကြောင်းဟု ပြောဆိုသွားသည်။ ၎င်းငွေကြေး လွှဲပြောင်းမှုများသည် ဘဏ်၏ အခြေခံ လုပ်ငန်းဖြစ်သည်။ ငွေသား လွှဲပြောင်းမှု လုပ်ငန်းစဉ်အတွက် အီလက်ထရောနစ် လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်လျှင် ၃ ဆင့်ခန့် ကျသင့်ပြီး ဘဏ်ခွဲများရှိ ငွေကိုင်စာရေးမှ တဆင့် ဆောင်ရွက်လျှင် ၆၅ ဆင့် ကျသင့်ကြောင်း ကုမ္ပဏီမှ သိရှိရသည်။

JP Morgan Chase ကုမ္ပဏီ၏ စတော့တန်ဖိုး ၁ ဒေါ်လာ ကျဆင်းခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ၅၇.၀၃ အမေရိကန် ဒေါ်လာ တန်ဖိုး ရှိသော်လည်း ၎င်းတန်ဖိုးမှာ ၅၂ ပတ်အတွင်း အမြင့်ဆုံး နှုန်းထားဖြစ်သည့် ၅၉.၈၂ ဒေါ်လာ အနားသို့ ကပ်လျှက် ရှိသည်။

မြန်မာ့ခေတ်

No comments:

Post a Comment