Tuesday 24 December 2013

“အရောင်မဆိုးနဲ့” သီချင်း MTV ကို ကျပ်သိန်း ၅၀ အကုန်အကျခံရိုက်ကူး

အဆိုတော်နိုင်းဝမ်းနှင့် နီနီခင်ဇော် တို့ သီဆိုထားသည့် “အရောင်မဆိုးနဲ့”သီချင်းကို အဆိုတော်နိုင်းဝမ်းက သူ၏ အနုပညာကြေးပါ ပေါင်းစပ်ပြီး ကျပ် သိန်း ၅၀ အကုန်အကျခံကာ ရိုက်ကူး ထားကြောင်း အဆိုတော်နိုင်းဝမ်းက မဇ္ဈိမကို ပြောသည်။
“အစက Romanson Mile Stone 13 တေးအယ်လ်ဘမ်ကို Live Show အနေနဲ့ ပဲထုတ်မယ်ဆိုပြီး နောက်မှ ကျွန်တော့် ရဲ့ “အရောင်မဆိုးနဲ့” တေးသီချင်းရယ်၊ ဆိုတေးနဲ့ ဘန်နီဖြိုးဆိုထားတဲ့ “သစ္စာ” သီချင်းကို MTV ရိုက်ကူးမယ်ဆိုလို့ ဇာတ်လမ်းပုံစံစဉ်းစားတော့ ထူးထူးဆန်းဆန်း ဖြစ်အောင်ရိုက်ဖို့ စိတ်ကူးဖြစ်တယ်။ ဒီဟာ လေးကို ကျွန်တော်ကိုယ်တိုင် စိတ်တိုင်းလဲ ကျပါတယ်။ ဒီလို MTV ပုံစံမျိုး မြန်မာ ပြည်မှာမရှိသေးတဲ့အတွက် ပရိသတ်တွေ စိတ်တိုင်းကျမယ်ထင်ပါတယ်””ဟု ပြောသည်။

အဆိုပါတေးစီးရီး MTV တွင် ဒုတိယကမ္ဘာစစ်အတွင်းကို ပုံဖော်ထားပြီး ၁၉၅၀ ခုနှစ်က ဥရောပစစ်အ၀တ် အစားများဖြင့် ၀တ်ဆင်ရိုက်ကူးထားခြင်းဖြစ်သည်။

ယင်း MTV စီးရီးဖြစ်မြောက်ရန် အတွက် ချယ်ရီဦး (Romanson)က ကျပ် ၂၅ သိန်းထုတ်ပေးပြီး ကျန် ငွေများကို ၎င်းင်း၏ အနုပညာကြေးများ စုပေါင်းပြီးရိုက်ကူးခဲ့ခြင်းဖြစ်သည်။ အဆိုပါတေး စီးရီးထွက်ရှိနိုင်ရန်အတွက် အပင်ပန်းခံ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး လမ်းခရီးများသည် လည်း ဆိုးရွားခြင်းကြောင့် လူစားလဲ ရိုက်ကူးရန်အတွက် တောင်းဆိုကြသော် လည်း ကိုယ်တိုင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ယင်းဗီစီဒီကို ဒါရိုက်တာဝင်းလွင်ထက်က ရိုက်ကူးပုံဖော်ပေးထားခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလကို အခြေခံထားသည့် Mtv စစ်ကားပုံစံကို ခံစားရ မည်ဖြစ်ကာ ပဲခူးရိုးမတွင် သုံးရက်ကြာ သွားရောက်ရိုက် ကူးထားခြင်းဖြစ်သည်။ “အရောင် မဆိုးနဲ့” တေးသီချင်းသည် audio ထွက်ရှိသည့်အချိန်ကတည်းက ပရိသတ်ကြား ရေပန်းစားနေ သည့် တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး Romanson Mile Stone 13 တေး အယ်လ်ဘမ်တွင် ပါဝင် ခဲ့သည့်သီချင်းတစ်ပုဒ်ဖြစ်သည်

ယခုရိုက်ကူးထားသည့် MTVကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (သို့မဟုတ်)ဖေဖော်ဝါရီလတွင် စီစဉ်သူများဘက်က ထွက်ရှိရန် စီစဉ်လျက်ရှိသည်။ ယင်းMTV တွင် နိုင်းဝမ်း၊Miss People 2013 award ဆုရှင် ယွန်းမှီမှီကျော်တို့ ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment