Tuesday 24 December 2013

ဝါယာကြိုးဆွေးမြေ့ အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

Photo: ၀ါယာကြိုးဆွေးမြေ့ အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား 
Tuesday, December 24, 2013

၂၄-၁၂-၂၀၁၃ရက်နေ့၊ နံနက် (၀၁း၀၀)နာရီအချိန်တွင် တောင်ငူမြို့ (၁၇)ရပ်ကွက်၊ ကုန်သည်ကြီး လမ်းပေါ်ရှိ ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံ) ဈေးဆိုင်နေရာတွင် မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံ) ဈေးဆိုင်၊ ဆိုင်အမှတ်(၁၇/၂၂၆)ပိုင်ရှင် ဦးသန်းထူးသည် ၄င်း၏နေအိမ် စကားစနေလမ်း၊ (၂၀)ရပ်ကွက်သို့ ဆိုင်အားသော့ပိတ်၍ ပြန်သွားခဲ့ကြောင်း၊ ဆိုင်အတွင်းရှိ ၀ါယာကြိုးဆွေးမြေ့ အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်ဟု သုံးသပ်ကြောင်းသိရှိရသည်။

မီးလောင်မှုကြောင့် ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံဆိုင်) (၂၀×၁၇၅)ပေ၊ ကွန်ကရစ် (၂)ထပ် အတွင်းပိုင်းနှင့် အပေါ်ပိုင်း၊ ဦးအန်းကူ (၆၆)နှစ်ပိုင် နေအိမ် (၂၀×၇၀)ပေ၊ အုပ်ညှပ် (၂)ထပ် အတွင်းပိုင်း၊ ဦးတင်ဝင်း (၆၂)နှစ်ပိုင် ၀င်းကမ္ဘာ မိုဘိုင်းအရောင်းဆိုင် (၂၅×၁၂၀)ပေ၊ ကွန်ကရစ် (၂)ထပ် အတွင်းပိုင်း၊ ဦးစိုးဝင်း (၆၅)နှစ်ပိုင် စိုးရတနာ ရတနာရွှေဆိုင် (၄၀×၂၀၀)ပေ၊ အုပ်ညှပ်(၂)ထပ် အပေါ်ထပ်တို့ မီးလောင် ပျက်စီးခဲ့သည်။

သို့သော် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး သိန်း(၁၃၀) ဖြစ်ကြောင်းနှင့် မီးစတင်လောာင်ကျွမ်းခဲ့သည့် ဆိုင်ရှင် ဦးသန်းထူး(၄၈)နှစ်အား မြို့မရဲစခန်း(ပ) ၆၃၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်-ပြန်/ဆက်

MOI Webportal Myanmar
၂၄-၁၂-၂၀၁၃ရက်နေ့၊ နံနက်(၀၁း၀၀)နာရီအချိန်တွင် တောင်ငူမြို့ (၁၇)ရပ်ကွက်၊ ကုန်သည်ကြီး လမ်းပေါ် ရှိ ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံ) ဈေးဆိုင်နေရာတွင် မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံ) ဈေးဆိုင်၊ ဆိုင်အမှတ်(၁၇/၂၂၆)ပိုင်ရှင် ဦးသန်းထူးသည် ၄င်း၏နေအိမ် စကားစနေလမ်း၊ (၂၀)ရပ်ကွက်သို့ ဆိုင်အားသော့ပိတ်၍ ပြန်သွားခဲ့ကြောင်း၊ ဆိုင်အတွင်းရှိ ၀ါယာကြိုးဆွေးမြေ့ အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်ဟု သုံးသပ်ကြောင်းသိရှိရ သည်။

မီးလောင်မှုကြောင့် ၀င်းသီရိ (လက်ဘက်နှင့် အကြော်စုံဆိုင်) (၂၀×၁၇၅)ပေ၊ ကွန်ကရစ် (၂)ထပ် အတွင်းပိုင်းနှင့် အပေါ်ပိုင်း၊ ဦးအန်းကူ (၆၆)နှစ်ပိုင် နေအိမ် (၂၀×၇၀)ပေ၊ အုပ်ညှပ် (၂)ထပ် အတွင်းပိုင်း၊ ဦးတင်ဝင်း (၆၂)နှစ်ပိုင် ၀င်းကမ္ဘာ မိုဘိုင်းအရောင်းဆိုင် (၂၅×၁၂၀)ပေ၊ ကွန်ကရစ် (၂)ထပ် အတွင်းပိုင်း၊ ဦးစိုးဝင်း (၆၅)နှစ်ပိုင် စိုးရတနာ ရတနာရွှေဆိုင် (၄၀×၂၀၀)ပေ၊ အုပ်ညှပ်(၂)ထပ် အပေါ်ထပ်တို့ မီးလောင် ပျက်စီးခဲ့သည်။

သို့သော် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး သိန်း(၁၃၀) ဖြစ်ကြောင်းနှင့် မီးစတင်လောာင် ကျွမ်းခဲ့သည့် ဆိုင်ရှင် ဦးသန်းထူး(၄၈)နှစ်အား မြို့မရဲစခန်း(ပ) ၆၃၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်-ပြန်/ဆက်
MOI Webportal Myanmar

No comments:

Post a Comment