Tuesday 24 December 2013

တန်ဖိုးနည်း ဖုန်းများ မောင်တော နယ်စပ်တွင် ဆက်သွယ်မှုခက်

တန် ဖိုးနည်းဖုန်းများ လစဉ်ချပေး ပြီးနောက် မောင်တောနယ်စပ် ၏ဖုန်းလိုင်းများမှာ ဆက်သွယ် မှုလုံးဝမကောင်းကြောင်း ဖုန်း သုံးစွဲသူ များက ပြောသည်။

''နှစ်သိန်းတန် ဂျီအက်စ် အမ်ဖုန်းတွေ ချပေးခဲ့တုန်းက ဖုန်းလိုင်းလဲ ကောင်းပါတယ်။ အင်တာနက်လိုင်းလဲ ကောင်း ပါတယ်။ ဒါပေမဲ့ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်းတွေ ချပေး ပြီးတဲ့နောက် ဖုန်းလိုင်းက လုံးဝ မကောင်းဖြစ်သွားပါတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ဖုန်းလိုင်းများ မကောင်းဖြစ်ရခြင်းမှာ လိုင်း အင်အားနည်းပါးပြီး ချပေးထား သည့် ဖုန်းအလုံးရေများပြားနေ သည့် အတွက်ဖြစ်သည်။

လက်ရှိမောင်တောနယ် စပ်တွင် ဖုန်းဆက်သွယ်ရေးတာ ဝါတိုင်အဖြစ် မြို့နယ်ဆက်သွယ် ရေးစခန်းတွင် တစ်တိုင်၊ မြို့နှင့် နှစ်မိုင် ခန့်အကွာ မြို့သူကြီးကျေး ရွာတွင် တစ်တိုင် စိုက်ထူပေး ထားပြီး ဖုန်းလိုင်း များကောင်း စေရန် တာဝါတိုင်များ ဆက် လက်စိုက်ထူရမည်ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment