Tuesday 24 December 2013

ကုန်သွယ်မှုသင်တန်းများ အထက်မြန်မာပြည် ကုန်သည်များပါ တက်ရောက်ရန် စီစဉ်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာဂျပန်စင်တာတို့ ပူးပေါင်းကာ ကုန်သွယ်မှုဆိုင် ရာ အသိပညာသင်တန်းများ ပို့ချပေးလျက်ရှိရာ မန္တလေးမြို့သာမက အထက်မြန်မာပြည်မှ ကုန် သည်များ လည်း တက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော် စီးပွားရေးနှင့်ကူးသန်း ရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက မန္တလေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတွင် ဒီဇင်ဘာလ ၂၀ ရက်က ကျင်းပသော အဆိုပါသင်တန်းဆင်းပွဲ တွင် ပြော သည်။
“ဒီလိုသင်တန်းမျိုးတွေ နောက်လည်း ထပ်ဖွင့်ပေးမှာပါ၊ အထက်မြန်မာပြည်ကလူတွေ တက်နိုင်အောင် လည်း စီမံဆောင်ရွက်ပေးသွားမှာပါ။ ရက်တိုသင်တန်းသာမကဘဲ လပိုင်းသင်တန်းတွေလည်း ဖွင့်ဖို့အစီ အစဉ်ရှိပါတယ်”ဟု ပြောသည်။

မြန်မာဂျပန်စင်တာနှင့် ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သဖြင့် ဂျပန်နိုင်ငံမှ စီးပွားရေးပညာရှင်များ၏ အတွေ့အ ကြုံ၊ ဗဟုသုတများကို လာရောက်ပို့ချပေးလျက်ရှိရာ ဂျပန်လူမျိုးများ၏အကြိုက်နှင့် ဈေးကွက်အနေ အ ထား ကိုပါ သိရှိနိုင်မည်ဟု နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မြန်မာကုန်ပစ္စည်းတွေက ဂျပန်အဆင့်ကိုမှီပြီဆိုရင် ဘယ်သူမှကြောက်စရာမလိုတော့ဘူး။ ဂျပန်အဆင့်ကို ၀င်နိုင် ရင် ဥရောပနဲ့ တစ်ကမ္ဘာလုံးကို ပို့လို့ရပြီ၊ ဈေးကွက်လည်း ပိုရလာမယ်၊ လူကြိုက်လည်းများလာ မယ်”ဟု ပြောသည်။

မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ကုန်သွယ်မှုနှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာ ရက်တိုသင်တန်းများ ဖွင့်လှစ်ခဲ့သည်မှာ အခြေခံသင်တန်းလေးခုနှင့် အဆင့်မြင့် သင်တန်းသုံးခု ပြီးစီးပြီဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment