Tuesday 24 December 2013

Christiano Ronaldo Profile နှင့် ဘဝအစိတ်အပိုင်းအချို့

Photo
နာမည်အပြည့်အစုံ - Cristiano Ronaldo dos Santos Aveiro
မွေးနေ့ - ၁၉၈၅၊ ဖေဖော်ဝါရီ၊ ၅
အသက် - ၂၈ နှစ်
မွေးဖွားရာဇာတိ - Funchal, Madeira – Portugal
အရပ်အမြင့် - ၁၈၆ စင်တီမီတာ
အလေးချိန် - ၈၄ ကီလိုဂရမ်
ကစားသည့်နေရာ - အလယ်နှင့် ညာတောင်ပံ၊ တိုက်စစ်
ပထမဆုံးကစားသည့်ကလပ် - Sporting Clube de Portugal
ဗွေဇော်ဦးကစားသည့်ခုနှစ် - ၂၀၀၂ ခုနှစ်၊ အောက်တိုဘာ၊ Moreirense နှင့်ကစားသည့်ပွဲ
လက်ရှိကစားသည့် ကလပ် - ရီးရဲလ်မက်ဒရစ်
နိုင်ငံလက်ရွေးစင် - ပေါ်တူဂီ
နိုင်ငံလက်ရွေးစင်ပထမဆုံးကစားသည့်ပွဲ - ၂၀၀၃ ခုနှစ်၊ သြဂုတ် ၂၀ ရက်တွင် ကစားသည့် ကာဇစ္စတန်နှင့်ပွဲ ချစ်စနိုးဖြင့် ခေါ်သည့်နာမည် - CR7, CR9, Ronny
Christiano Ronaldo တွင် Liliana Catia နှင့် Elma ဆိုသည့် အမနှစ်ဦးနှင့် Hugo ဟု ခေါ်သည့် အကိုတစ်ဦး ရှိသည်။ အသက်(၈)နှစ်အရွယ်ကတည်းက ဘောလုံးစတင်ကစားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် Christiano Ronaldo ဟု လူသိရှင်ကြား ဖြစ်လာခဲ့သည်။ အသက်(၁၆)နှစ်တွင် ကလပ်အသင်း၏ ပထမဆုံးပွဲကို ကစားခဲ့ သည်။ အဆိုပါပွဲမှာပင် ကြည့်ရှု့သည့်ပရိတ်သတ်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ အသက်(၁၇)နှစ် အရွယ်တွင် ကမ္ဘာ့တစ်လွှား၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ UEFA ၏ အသက် (၁၇)နှစ်အောက် ချန်ပီယံ လိဂ်ပြိုင်ပွဲတွင် ပေါ်တူဂီလူငယ်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သည်။ ၂၀၀၃ ခုနှစ် ရာသီကြို တွင် မန်ယူအသင်းသို့ ရောက်ရှိခဲ့သည်။ မန်ယူသို့ရောက်ရှိစဉ် ပထမဆုံး ပို့စ်မောက်ကလပ်နှင့် ကစားခဲ့ပြီး ၃ ဂိုး ၀ ဖြင့် အနိုင်ရရှိ ခဲ့သည်။ ပထမဆုံးဂိုးကို အလွတ်တည်ကန်ဘောမှ တစ်ဆင့် ရရှိခဲ့သည်။ ဘောလုံးနည်းပညာ ကြွယ်ဝမှုကြောင့် သူ့ကိုများစွာချီးကျူးကြသည်။ ရန်ဖန်ရန်ခါတွင် လည်း မှားယွင်းသည့် ဆုံးဖြတ်ချက်များ ကြောင့် ဝေဖန်မှုများကို ခံရသည်။
၂၀၀၅ ခုနှစ်တွင် Christiano Ronaldo ၏ ဖခင် အရက်ကြောင့် အသဲရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ အသက် (၂၀) အရွယ်တွင် သူဘဝ၏ အခက်အခဲအကြပ်တည်းဆုံး အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖခင်၏ အဖြစ်အပျက်က Christiano Ronaldo ကို အရက်မသောက်ရန် သက်သေပြခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ပိုမို နာမည်ကျော်ကြားလာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Christiano Ronaldo Football Writers Association မှ ချီးမြှင့်သော လူငယ်ကစားသမားဆု၊ တစ်နှစ်တာ အကောင်းဆုံးသမားဆု တို့ကို ရရှိခဲ့သည်။

၂၀၀၇-၂၀၀၈ ခုနှစ် တွင်လည်း သူ၏စွမ်းရည်များကို ဆက်လက်ပြသခဲ့ပြီး အင်္ဂလိပ်ပရီးမီးယားလိဂ် ပြိုင်ပွဲ (၃၁)ပွဲတွင် ၄၂ ဂိုး သွင်းယူ ခဲ့သည်။ UEFA ချိန်ပီယံလိဒ်ကို ရရှိပြီးနောက် ၂၀၀၈ ခုနှစ်တွင် FIFA World Player ဆုနှင့် ဥရောပ၏ တစ်နှစ်တာ အကောင်းဆုံးသမားဆုကို ရရှိခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားဖြစ်လာပြီး ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်မှ ရီးရဲမက်ဒရစ်သို့ ယူရို ၉၄ သန်း၊ အမေရိကန်ဒေါ်လာ ၁၃၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပြောင်းရွှေ့လာချိန်တွင် ပရိတ်သတ်ပေါင်း (၈)သောင်းကျော်တို့က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ရီးရဲမက်ဒရစ်တွင်လည်း တာထွက်ကောင်းခဲ့ပြီး ဂိုးများစွာ သွင်းယူနိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် ပထမဆုံးအကြီးအကျယ် ဒဏ်ရာရရှိခဲ့သည်။ ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိစဉ် ပထမ ရာသီတွင် ၃၃ ဂိုး သွင်းယူနိုင်ခဲ့သည်။ သို့သော် ၂၀၀၉-၂၀၁၀ ရာသီတွင် မည်သည့်ဖလားမ ရရှိခဲ့ခြင်း မရှိ။

သူ့သည် သားတစ်ဦး၏ ဖခင်ဖြစ်နေပြီ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် သူ၏ facebook မှ တစ်ဆင့် ကြေညာခဲ့သည်။ အဆိုပါကြေညာမှုကြောင့် ပရိတ်သတ်များကို အံ့အားသင့်သွားစေခဲ့ပြီး မိခင် မည်သူဖြစ် သနည်းဟု မေးခွန်းထုတ်လာကြသည်။ လက်ရှိအချိန်တွင် အဆိုပါကလေးမှာ Christiano Ronaldo ၏ အုပ်ထိန်းမှုအောက်တွင်ရှိပြီး ကလေးကို မိခင်ဖြစ်သူနှင့် ညီမဖြစ်သူတို့က ကူညီစောင့်ရှောက်ပေးနေကြ သည်။

၂၀၁၀-၂၀၁၁ ခုနှစ်တွင်လည်း Christiano Ronaldo သည် ထူးချွန်သည့်ဘောလုံးသမားအဖြစ် စံချိန်များစွာကို ချိုးဖျက်နိုင်ခဲ့ သူ ဖြစ်သည်။ လာလီဂါတွင် ၄၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး Hugo Sanchez နှင့် Telmo Zarra တို့ သွင်းယူ ခဲ့သည့် ၃၈ ဂိုး စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ စုစုပေါင်း ၅၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး Lionel Messi ကို ကျော်၍ ရွှေဖိနပ်ဆု ရရှိခဲ့သည်။ သို့သော် ဘိုင်ယံမြူနစ်နှင့် Penality အဆုံးအဖြတ်တွင် ရှုံးနိမ့်ပြီး ချိန်ပီယံ လမ်းကြောင်း အဆုံးသတ်ခဲ့ရသည်။ ရီးရဲမက်ဒရစ်ရောက် (၄)ရာသီမြောက် (၂၀၁၂-၂၀၁၃) တွင် Christiano Ronaldo တစ်ယောက် Spanish Super Cup ရရှိသည်ကလွဲ၍ စွမ်းဆောင် ချက် မရှိသေး။ သို့သော် အဆိုးကြီး လည်းမဟုတ်။ ပွဲပေါင်း (၅၅)ပွဲတွင် (၅၅)ဂိုး သွင်းယူနိုင်ခဲ့သည်။ ချိန်ပီယံလိဂ်တွင် ၁၂ ဂိုး သွင်းယူပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် တည်ရှိနေဆဲဖြစ်သည်။ ထုံးစံအတိုင်း ရာသီကုန်လျင်တော့ Christiano Ronaldo ၏ အနာဂတ်နှင့် ပတ်သက်၍ ကောလဟလများ ထွက်လာဦးမည်သာ ဖြစ်သည်။

MOI Webportal Myanmar

No comments:

Post a Comment