Tuesday 24 December 2013

ရခိုင်က ဒုက္ခသည်များ အခြေအနေ ဗြိတိသျှ သံ စိုးရိမ်

Photo: ရခိုင်က ဒုက္ခသည်များ အခြေအနေ ဗြိတိသျှ သံ စိုးရိမ် 
Tuesday, December 24, 2013

 မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အန်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေဆီကို သွားရောက် လေ့လာခဲ့ပြီး အခြေအနေ ဆိုးဝါးနေတဲ့ ဒုက္ခသည်တွေဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက်အောင် မပို.ပေးနိုင်တာဟာ တော်တော်လေး စိတ်ပူစရာကိစ္စ ဖြစ်နေတယ်လို. ပြောခဲ့ပါတယ်။

ဒီဒေသမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာတွေ လာလုပ်နေသလဲ ဆိုတဲ့ ကိစ္စအပေါ် ဒေသခံတွေ အယုံအကြည် မရှိတာက အဓိက ပြသနာလို. သံအမတ်ကြီးက ပြောပါတယ်။

ဒါပေမယ့် တချိန်တည်းမှာ ရခိုင်လူမျိုးတချို.က နိုင်ငံတကာ အကူအညီတွေကို ကိုယ့်ခြေကိုယ့်လက်နဲ. စီမံခန့်ခွဲလိုကြပြီး တချို.ကလဲ စခန်းတွေထဲကို အကူအညီတွေ မရောက်အောင် ထိမ်းချုပ်ချင်ကြတယ် လို့လဲ သူက ပြောခဲ့ပါတယ်။

ဒီကိစ္စက စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီး အစိုးရ အနေနဲ. ဒါကို သေသေချာချာ စိစစ်ကိုင်တွယ်ဖို. လိုတယ်လို. သံအမတ်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေထဲမှာ ရခိုင်လူမျိုးတွေရော မွတ်ဆလင်တွေပါ ရှိနေကြတာ ဖြစ်ပေမယ့် သူရောက်သွားတဲ့အခါမှာ ဒီလူ.အဖွဲ.အစည်း နှစ်ခုဟာ လုံးဝ ပက်သက်ဆက်ဆံမှု မရှိဘဲ သီးခြားစီ နေထိုင်နေကြတာ တွေ.ခဲ့ရတယ်လို.သံအမတ်ကြီးက သူ.အတွေ.အကြုံကို ဘီဘီစီကို ရှင်းပြပါတယ်။

သူသွားခဲ့တဲ့ နေရာ တော်တော်များများမှာ တစ်ဖက်နဲ. တစ်ဖက်ဟာ ဟိုဖက်ဒီဖက် ယုံကြည်မှု လုံးဝ ပျက်ပြားနေကြပြီး ရခိုင်ဒေသမှာ အခြေအနေတွေ တိုးတက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ ကိစ္စဟာ တော်တော်လေး အဖြေရခက်တဲ့ ပုစ္ဆာ ဖြစ်နေတယ်လို. သူက ပြောပါတယ်။

ဗြိတိန် သံအမတ်ကြီးဟာ စစ်တွေ ပေါက်တောနဲ. မြေပုံမြို.က ဒုက္ခသည် စခန်းတွေဆီကို သွားရောက်ခဲ့တာပါ။ မပြန်ခင်မှာ စစ်တွေမြို.က မွတ်ဆလင် အများစု နေထိုင်ရာ အောင်မင်္ဂ္လာကိုလဲ သွားရောက်ခဲ့ပါသေးပါတယ်။ စစ်တွေနဲ. နီးတဲ့ စခန်းတွေမှာ အခြေအနေ ဒီလောက် မဆိုးပေမယ့် မြေပုံမှာတော့ စခန်း သေးသေးလေးထဲမှာ ဒုက္ခသည်တွေ အများကြီး ပြွတ်သိပ်ထည့်ခံထားရတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို. သံအမတ်ကြီးက ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အန်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေဆီကို သွားရောက် လေ့လာခဲ့ပြီး အခြေအနေ ဆိုးဝါးနေတဲ့ ဒုက္ခသည်တွေဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက်အောင် မပို.ပေးနိုင်တာဟာ တော်တော်လေး စိတ်ပူစရာကိစ္စ ဖြစ်နေ တယ်လို. ပြောခဲ့ ပါတယ်။


ဒီဒေသမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာတွေ လာလုပ်နေသလဲ ဆိုတဲ့ ကိစ္စအပေါ် ဒေသခံတွေ အယုံအကြည် မရှိတာက အဓိက ပြသနာလို. သံအမတ်ကြီးက ပြောပါတယ်။

ဒါပေမယ့် တချိန်တည်းမှာ ရခိုင်လူမျိုးတချို.က နိုင်ငံတကာ အကူအညီတွေကို ကိုယ့်ခြေကိုယ့်လက်နဲ. စီမံခန့်ခွဲလိုကြပြီး တချို.ကလဲ စခန်းတွေထဲကို အကူအညီတွေ မရောက်အောင် ထိမ်းချုပ်ချင်ကြတယ် လို့လဲ သူက ပြောခဲ့ပါတယ်။

ဒီကိစ္စက စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီး အစိုးရ အနေနဲ. ဒါကို သေသေချာချာ စိစစ်ကိုင်တွယ်ဖို. လို တယ် လို. သံ အမတ်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေထဲမှာ ရခိုင်လူမျိုးတွေရော မွတ်ဆလင်တွေပါ ရှိနေကြတာ ဖြစ်ပေ မယ့် သူရောက်သွားတဲ့အခါမှာ ဒီလူ.အဖွဲ.အစည်း နှစ်ခုဟာ လုံးဝ ပက်သက်ဆက်ဆံမှု မရှိဘဲ သီးခြားစီ နေ ထိုင်နေကြတာ တွေ.ခဲ့ရတယ်လို.သံအမတ်ကြီးက သူ.အတွေ.အကြုံကို ဘီဘီစီကို ရှင်းပြပါတယ်။

သူသွားခဲ့တဲ့ နေရာ တော်တော်များများမှာ တစ်ဖက်နဲ. တစ်ဖက်ဟာ ဟိုဖက်ဒီဖက် ယုံကြည်မှု လုံးဝ ပျက်ပြားေ နကြပြီး ရခိုင်ဒေသမှာ အခြေအနေတွေ တိုးတက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ ကိစ္စ ဟာ တော်တော်လေး အဖြေရခက်တဲ့ ပုစ္ဆာ ဖြစ်နေတယ်လို. သူက ပြောပါတယ်။

ဗြိတိန် သံအမတ်ကြီးဟာ စစ်တွေ ပေါက်တောနဲ. မြေပုံမြို.က ဒုက္ခသည် စခန်းတွေဆီကို သွားရောက်ခဲ့ တာပါ။ မပြန် ခင် မှာ စစ်တွေမြို.က မွတ်ဆလင် အများစု နေထိုင်ရာ အောင်မင်္ဂ္လာကိုလဲ သွားရောက်ခဲ့ ပါသေး ပါတယ်။ စစ်တွေနဲ. နီးတဲ့ စခန်းတွေမှာ အခြေအနေ ဒီလောက် မဆိုးပေမယ့် မြေပုံမှာတော့ စခန်း သေးသေးလေးထဲမှာ ဒုက္ခသည်တွေ အများကြီး ပြွတ်သိပ်ထည့်ခံထားရတဲ့ အနေအထားမျိုး ဖြစ်နေ တယ်လို. သံအမတ်ကြီးက ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment