Tuesday 24 December 2013

အခြေခံဥပဒေ ပြင်ဆင်ရေး မြို့နယ် ၂၇၀ မှ လူထု သဘောထား လွှတ်တော်သို့ပို့မည်

Photo: အခြေခံဥပဒေ ပြင်ဆင်ရေး မြို့နယ် ၂၇၀ မှ လူထု သဘောထား လွှတ်တော်သို့ပို့မည် 
==================================

Tuesday, December 24, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀ တွင် ကောက်ယူထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကို ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါ မြို့နယ်များမှ ရရှိလာသော လူထုဆန္ဒ သဘောထားများကို NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက စိစစ်လျက်ရှိပြီး ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်း အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ မြို့နယ် ၂၇၀ မှ လူထု ဆန္ဒသဘောထားတွင် အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးထက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုသာ ထောက်ခံမှု ရာခိုင်နှုန်း များကြောင်း၊ ရာခိုင်နှုန်းအတိ အကျကို NLD ပါတီက စိစစ်နေဆဲ ဖြစ်သည့်အတွက် ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထုထောက်ခံမှု ရရှိထားပြီး ဖြစ်သောကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ အတွက် အလားအလာ ကောင်းကြောင်း နိုဝင်ဘာလ တတိယပတ်တွင်း ပြုလုပ်ခဲ့သော မြန်မာ အမျိုးသမီးဖိုရမ်တွင် ပြောကြားထားသည်။

NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို စက်တင်ဘာ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရေး အတွက် လူထုဆန္ဒ ကောက်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြံပြုချက် များကို အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ သို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့ရမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀ တွင် ကောက်ယူထားသည့်  ပင်ဆင်ရေးနှင့် အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကို ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
အဆိုပါ မြို့နယ်များမှ ရရှိလာသော လူထုဆန္ဒ သဘောထားများကို NLD ပါတီ အခြေခံဥပဒေ ပြင် ဆင်ရေး ကော် မတီက စိစစ်လျက်ရှိပြီး ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်း အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ မြို့နယ် ၂၇၀ မှ လူထု ဆန္ဒသဘောထားတွင် အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးထက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုသာ ထောက်ခံမှု ရာခိုင်နှုန်း များကြောင်း၊ ရာခိုင်နှုန်းအတိ အကျကို NLD ပါတီက စိစစ်နေဆဲ ဖြစ်သည့်အတွက် ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ၄င်းက ထပ်လောင်း ပြော ကြား သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထုထောက်ခံမှု ရရှိထားပြီး ဖြစ်သောကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ အတွက် အလားအလာ ကောင်းကြောင်း နိုဝင်ဘာလ တတိယပတ်တွင်း ပြုလုပ်ခဲ့သော မြန်မာ အမျိုးသမီးဖိုရမ် တွင် ပြော ကြား ထားသည်။

NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို စက်တင်ဘာ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရေး အတွက် လူထုဆန္ဒ ကောက်ယူ ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြံပြုချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော် မတီ သို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့ရမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ထုတ်ပြန်ချက်အရ သိရ သည်။

The Voice Weekly

No comments:

Post a Comment