Tuesday 24 December 2013

၁၅၀၀ တန် CDMA များကို LTE စနစ် ပြောင်းလဲမည်ဟုဆို

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်းချခဲ့သည့် ၁၅၀၀ ကျပ်တန် MEC Tel CDMA 800 မိုဘိုင်း ဖုန်း လိုင်းများကို Long Time Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။
“အစ်ကိုတို့က 3G စနစ်၊ ဒါကို တချို့ 4G သွားလို့မရဘူးလို့ ပြောနေကြတယ်။ နောက်ပိုင်းထွက်တဲ့ မိုဘိုင်း ဖုန်းလိုင်းတွေမှာ 4G စနစ်ကို ဆက်သွားမှာ။ LTE စနစ်ကို သွားလို့မရဘူး မဟုတ်ဘူး။ သွားလို့ ရတယ်” MEC Tel မှ တာဝန်ရှိသူ မန်နေဂျာတစ်ဦးက ပြောသည်။

MEC သည် CDMA ဖုန်းလိုင်းများကို ZTE နှင့် ပူးပေါင်း၍ တည်ဆောက် ထားခြင်းဖြစ်ပြီး နောင်တစ်ချိန်၌ LTE စနစ်သို့ ကူးပြောင်းသွားမည်ဟု သိရသည်။ ZTE နှင့် ပြိုင်ဘက်ကုမ္ပဏီသည် ZTE ၏ နည်းပညာများ မှာ ခေတ်မီခြင်းမရှိတော့သည့်အပြင် MEC အနေဖြင့် ZTE နည်းပညာ များကို ချဲ့ထွင်နေပါက နောင်တစ် ချိန်ပြင် ဆင်ရန် ခက်ခဲမည်ဟု ဝေဖန် ခဲ့ကြသည်။

MEC အနေဖြင့် ZTE သည် မြန်မာ့ဆက်သွယ်ရေးနှင့် အစဉ်အဆက် လက်တွဲလာခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် လက်ရှိကာလ၌လည်း အဆိုပါနည်းပညာသည် အဆင်ပြေစွာ သုံးစွဲနေ ဆဲဖြစ် သည်ဟု ပြောဆိုခဲ့သည်။ အများအနေဖြင့် 4G စနစ်သို့ CDMA များ ကူးပြောင်းနိုင်ခြင်း မရှိဘူး ပြောဆိုကြသည်မှာ မှားယွင်းသည့်အပြင် ၎င်းတို့အနေဖြင့်လည်း LTE စနစ်ကို ကူးပြောင်းရန် ရည်ရွယ်ပြီးဖြစ်ကြောင်း MEC က ပြောဆိုခဲ့သည်။

လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G နည်းပညာကိုသာ ဆက်လက်အသုံးပြုမည် ဟု ကြေညာ ခဲ့ပြီး တိုးချဲ့ခန့်အပ်လိုက်သည့် ဆက်သွယ်ရေး အော်ပရေတာများသည်လည်း 3G, 2G နည်းပညာ များကို အသုံးပြု၍ လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။ လက်ရှိအချိန်၌ MEC သည် မိုဘိုင်းဖုန်းလိုင်း ၁ သန်းကျော်ကို ချ ထားပေးပြီးဖြစ်သည်။

မြင့်ကျော်လှိုင်
Internet Journal

No comments:

Post a Comment