Tuesday 24 December 2013

Most Beauty Girl of the Year 2013 Top-100 တွင် ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်တို့ ပါဝင်

The Beauties Concept Most Beauty Girl of the Year 2013 Top-100 စာရင်း တွင် မြန်မာနိုင်ငံမှ Miss Supranational Myanmar ခင်ဝင့်ဝါနှင့် Miss Universe Myanmar မိုးစက်ဝိုင်တို့ ပါဝင်ကြောင်း Miss Golden Land Myanmar Organi-zation က မဇ္ဈိမသို့ ပြောသည်။
ယင်းကဲ့သို့ဖော်ပြမှုသည် အလှမယ် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် The Beauties Concept က ရွေးချယ်ချီးမြှင့်မည့် Most Beauty Girl of the Year 2013 Top-100 တွင် မြန်မာနိုင်ငံအလှမယ်နှစ်ဦး ပါဝင် နေခြင်းကို ယင်းဝက်ဘ်ဆိုဒ်က ဒီဇင်ဘာ ၂၂ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။

“The Beauties Concept ကတော့ မနေ့က ကြေညာခဲ့တာ။ ဘယ်လိုဆက် ရွေးမယ်ဆိုတာတော့ မသိရသေးဘူး။ ခင်ဝင့်ဝါက ဒီဝက်ဘ်ဆိုဒ်နဲ့ဆို သုံးခုရှိပြီ။ ကျန်တဲ့ဝက်ဘ်ဆိုဒ်တွေမှာလဲ တစ်ဆင့် ချင်းစီမှာ ပါဝင်နေပါတယ်။The Ideal Beauty Website ကလုပ်တဲ့ Most Beautiful Queen of 2013 Top-30 ထဲမှာလဲ ခင်ဝင့်ဝါ ထပ်ပါဝင်နေပါတယ်””ဟု Miss Golden Land Myanmar Organization မှ ကိုဝေယံ အောင်က ပြောသည်။

“မိုးစက် အခုလို အယောက် ၁၀၀ စာရင်းထဲမှာ ပါဝင်တာ အရမ်းဝမ်းသာ မိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ဆိုရင်လဲ အများကြီးဂုဏ်ယူမိပါတယ်””ဟု မိုးစက် ၀ိုင်က ပြောသည်။

ယခုလက်ရှိတွင် The Ideal Beauty ၀က်ဘ်ဆိုဒ်က ပြုလုပ်နေသည့် Most Beautiful Queen of 2013 Top-80 ထပ်မံရွေးချယ်သည့်အခါတွင် လည်း ခင်ဝင့်ဝါ ထပ်မံပါဝင်ခဲ့ခြင်းဖြစ်ပြီး The Most Beautiful Woman ရွေးချယ်မှုတွင်လည်း မြန်မာနိုင်ငံက ခင်ဝင့်ဝါ ပါဝင်နေခြင်းဖြစ်သည်။

“ညီမ အရမ်းပျော်ပါတယ်။ ပထမ ဆုံးအလှဆုံးမယ်အဖြစ် ရွေးချယ်ခြင်းခံရ တာကို ပျော်မိပါတယ်။ စစချင်းက အယောက် ၁၀၀ ထဲမှာပါခဲ့တယ်။ ဒါက ၀က်ဘ်ဆိုဒ်တစ်ခုရဲ့ အလှမယ်အဖြစ် ရွေးချယ်ခြင်း ခံရတဲ့အချိန်ပေါ့။ နောက် တစ်ခုက အယောက် ၅၀ ထဲမှာ ထပ်မံ ဆန်ခါတင်အဆင့် ပါဝင်ခွင့်ရခဲ့တယ်။ မထင်မှတ်ထားပါဘူး။ အခုလဲ အယောက် ၁၀၀ စာရင်းမှာ ပါဝင်ခွင့်ရတာ ၀မ်းသာ ပါတယ်””ဟု ခင်ဝင့်ဝါက ပြောသည်။

အဆိုပါMost Beautiful Queen of 2013 Top-15 ကို ဒီဇင်ဘာ ၂၆ ရက်တွင် ထပ်မံရွေးချယ် မည်ဖြစ်သည်။ ယခုနှစ်၏ Most Beauty Girl of the Year 2013 Top-100 စာရင်းတွင် မြန်မာနိုင်ငံက ခင်ဝင့်ဝါအပြင် မိုးစက်ဝိုင်ပါရွေးချယ်ခံရခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment