Tuesday 24 December 2013

တရုတ်နှင့်နယ်စပ်ကုန်သွယ်မှု ရုတ်တရက်များပြားလာခြင်း မှောင်ခိုကုန်သွယ်မှုများ တရားဝင်ဆောင်ရွက်လာ၍ဖြစ်

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကထက် ပမာဏများ စွာပိုမိုလာခြင်းသည် အမှန်တကယ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာခြင်းထက် တရားမ၀င်ကုန်သွယ်မှု အား ထိန်းချုပ်နေ၍သာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်ညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က မဇ္ဈိမသို့ ဒီဇင်ဘာ ၂၃ ရက်ကပြောသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ယခုဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလ လယ်အထိ ကန်ဒေါ်လာ ၂ ဒသမ ၈၈ ဘီလီယံအထိရှိလာကာ ယခင်ဘဏ္ဍာကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက သုံးဆကျော်အထိ ဖြစ် လာခြင်း သည် တရားမ၀င်ကုန်သွယ်ရေးအား Mobile Team အဖွဲ့က လိုက်လံဖမ်းဆီးနေသဖြင့် ယခင်က တရားမ၀င်ဆောင်ရွက်နေခဲ့သော လုပ်ငန်းအချို့အနေဖြင့် တရားဝင်ဆောင်ရွက်လာခြင်း ကြောင့် ကိန်း ဂဏန်း အားဖြင့် ယခင်နှစ်ကထက် ပမာဏအများအပြား ပိုမိုလာခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

ဦးသန်းအောင်ကျော်က “နိုင်ငံတစ်နိုင်ငံရဲ့ကုန်သွယ်မှုက တစ်နှစ်၊ နှစ်နှစ်အတွင်း သုံးဆမြင့်တက်လာဖို့ ဆိုတာ လွယ်တာမှမဟုတ်တာ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အခုက Mobile Team အဖွဲ့တွေနဲ့လု ပ် နိုင်လို့သာ ဒီပမာဏတွေကိုမြင်ရတာ။ ဆန်ဆိုလည်း ပို့ကုန်တိုးဖို့က ချက်ချင်းမဖြစ်နိုင်ဘူး။ ရေထွက်ကုန် ဆိုရင်လည်း အဲလိုပဲ ဒါတွေကရေရှည်နဲ့မှ တိုးတက်လာမှာတွေ။ အထွက်နှုန်းတိုးအောင်ဆိုတာကလည်း နည်းပညာနဲ့ ဆောင်ရွက်ရာမှာ ခုကုန်သွယ်မှု ကိန်းဂဏန်းမြင့်တက်လာတယ်ဆိုတာကတရားဝင် ဘယ် လောက်ဖြစ်လာလဲဆိုတာကိုပြောနေတာ။ မြန်မာနိုင်ငံမှာက တရားမ၀င်ကုန်သွယ်မှုကို နိုင်နိုင်နင်း နင်း ဆောင်ရွက်နိုင်ဖို့ အင်အားကမရှိဘူး” ဟု ပြောသည်။

မြန်မာ-တရုတ်နိုင်ငံ၏ ပုံမှန်ကုန်သွယ်မှုပမာဏသည် ယခုဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလလယ်အထိ ကန် ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံ မြန်မာဘက်မှ ပို့ကုန်ကန်ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံနှင့် သွင်းကုန် ၃ ဒသမ ၆၆ ဘီလီယံဖြစ်ပြီး သွင်းကုန်ပမာဏက ပို့ကုန်၏သုံးဆခန့်ရှိနေကြောင်း စီးပွား/ကူးသန်း၏ ကုန် သွယ်မှုစာရင်းများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်မက်ထရစ်တန်ချိန် ၁ ဒသမ ၆ သန်း တင်ပို့ကာ ၄၆ နှစ်အတွင်း စံချိန်တင် အနေအထားဖြစ်ခဲ့ရာတွင် တရုတ်နိုင်ငံသို့ နယ်စပ်မှတင်ပို့ခဲ့မှုသည် ထက်ဝက်ကျော်ပါဝင်နေ ကာ ယခုနှစ်တွင်လည်း အဆိုပါဈေးကွက်သည် ဆက်လက်ကောင်းမွန်နေကြောင်း ကုန်သည် များ က ပြော ကြား သည်။ အဆိုပါဆန်ပို့ကုန်အား တရုတ်ဘက်မှ တရားဝင်ခွင့်ပြုထားခြင်းမရှိသော်လည်း မြန်မာ ဘက်မှမူ တရားဝင်ခွင့်ပြုထားခြင်းဖြစ်ရာ ဆန်တင်ပို့မှုများပြားနေခြင်းသည် မြန်မာဘက်မှ ကုန်သွယ်မှု ကိန်းဂဏန်းများ မြင့်တက်စေကြောင်း ယင်းတို့က ဆက်လက်ပြောကြားသည်။

ဆန်ကုန်သည်ကြီးတစ်ဦးဖြစ်သူ ဦးလူမော်မြင့်မောင်က “တရုတ်ဘက်က မြန်မာဆန်ကိုဝယ်လို အား မြင့်နေ ပါ တယ်။ ဆက်ပြီးတော့လဲ ဒီဈေးကွက်ရဲ့ ၀ယ်လိုအားက ကောင်းနေဦးမယ့်သဘောရှိနေပါ တယ်” ဟု မဇ္ဈိမသို့ ပြောသည်။

အထက်ပါကဲ့သို့ မြန်မာနိုင်ငံ၏တရုတ်နှင့် နယ်စပ်မှ ကုန်သွယ်မှုကိန်းဂဏန်းများမြင့်တက်လာနေသော် လည်း နိုင်ငံ၏ကုန်သွယ်မှုကဏ္ဍတစ်ခုလုံးအနေဖြင့် အဓိကပို့ကုန်များဖြစ်သည့် ပဲ၊ ဆန် နှင့် ရေထွက် ပို့ကုန်အသီးသီးသည် ယခင်နှစ်ကတင်ပို့နိုင်သည့် အနေအထား အောက်ကျဆင်းနေကြောင်း ကုန်သည် များက ဆက်လက်ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏသည် ဒီဇင်ဘာ ၁၃ ရက်အထိ ကန်ဒေါ် လာ ၁၆ ဒသမ ၅ ဘီလီယံဖိုးအထိရှိပြီဖြစ်ကာ ယခင်နှစ်ကာလတူပမာဏထက် ကန်ဒေါ်လာ လေးဘီလီ ယံနီးပါး ပိုမိုနေပြီဖြစ်ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူများကပြောကြားသည်။

Mizzima - News in Burmese

No comments:

Post a Comment