Tuesday 24 December 2013

ဖုန်းကင်မရာက lens နှင့် တွဲဖက်အသုံးပြုလိုသူများအတွက် camera lens

ဖုန်းကင်မရာမကောင်းသူများအတွက် အဆင်ပြေစေမည့် sony အမှတ်တံဆိပ် Camera Lens DSC - QX10 ဖြစ်သည်။ ဖုန်းကင်မရာက lens နှင့် တွဲဖက်အသုံးပြုလိုသူများအတွက် အဆင်ပြေစေမည်ဖြစ် သည်။
sony မှ အသစ်ထုတ်လုပ်လိုက်သည့် Camera Lens DSC - QX10 သည် Android ဖုန်းများတွင် သာမက iPhone အတွက်ပါ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

Camera Lens DSC - QX10 တွင် 18.2 MP ပါဝင်ပြီး NFC/Wifi ဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင် သည့် အပြင်Camera Lens မှာသာမက Smart Phone တွင်ပါ ဓာတ်ပုံများအား သိမ်းဆည်းနိုင်မည် ဖြစ်သည်။

ဓာတ်ပုံများကို Online/ Bluetooth တွင် ချက်ချင်း Share လုပ်ပေးနိုင်ပြီး အလင်းရောင်နည်းသောနေ ရာတွင်ပင် ကြည်လင်ပြတ်သားသောရုပ်ပုံကို ရရှိနိုင်မည်ဖြစ်သည်။

Zoom ချုံ့/ချဲ့ခြင်းများအား Camera Lens တွင်သာမက Smart Phone ဖုန်းမှပါ ထိန်းချုပ်ပေးနိုင်ပြီး High Quality 1080/ 30p HD အရည်အသွေးရှိသည့် Video ရိုက်ကူးနိုင်မည်ဖြစ်သည်။

Memory မှာ 32 GB အထိရှိပြီး SD card ထပ်မံတပ်ဆင်နိုင်ပြီး Zoom အား 10X အထိဆွဲနိုင်သည်။

အဆိုပါ Camera Lens အား တစ်နှစ်အာမခံရောင်းဈေး ကျပ် ၂၆၀,၀၀၀ ခန့် ဖြင့် မန္တလေးမြို့၊ ၂၆ လမ်း၊ ၇၇လမ်းနှင့် ၇၆ လမ်းကြား Mobile mother ဆိုင်တွင် ၀ယ်ယူရရှိနိုင်သည်။

Mizzima - News in Burmese

No comments:

Post a Comment