Tuesday 24 December 2013

မိုင်းကိုင်မြို့နယ် အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်စဉ် အက်စ် အက်စ်အေ (ရွက်ဆစ်) အဖွဲ့မှ နှောင့်ယှက် ပစ်ခတ်မှု ဖြစ်ပွား

Photo: မိုင်းကိုင်မြို့နယ် အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်စဉ် အက်စ် အက်စ်အေ (ရွက်ဆစ်) အဖွဲ့မှ နှောင့်ယှက် ပစ်ခတ်မှု ဖြစ်ပွား
==========================================

Tuesday, December 24, 2013

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ် အတွင်း နယ်မြေခံ သတင်း ပေးချက်အရ ဘိန်းခင်းများ ဖျက်ဆီးရန် အတွက် မိုင်းကိုင်မြို့ နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူ များ၊ မြို့နယ်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်မတော် စစ်ကြောင်းမှ လုံခြုံရေး လိုက်ပါလျက် ဒီဇင်ဘာ ၂၂ရက် နံနက်ပိုင်းက ဆုံလော ကျေးရွာမှ စတင် ထွက်ခွာ၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့သည်။ နံနက် ၁ဝနာရီခန့်တွင် ဆုံလောကျေးရွာနှင့် ပါခါးကျေးရွာ အကြား လုကန်ရွာ အနီးသို့ ရောက်ရှိစဉ် အသင့်စောင့်ဆိုင်း နေသော အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့ အင်အား ၅ဝဦးခန့်က စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်၍ ဗုံးပစ်လောင်ချာ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။

တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် ခုခံ ကာကွယ်ခြင်းကြောင့် နံနက် ၁၁နာရီခန့်တွင် အက်စ်အက်စ်အေ (ရွက်ဆစ်)အဖွဲ့ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး လိုက်လံရှင်းလင်းခဲ့ရာ ဘယ်ဘက် လက်မောင်းတွင် ကျားရုပ်ပုံပါ လက်မောင်းတံဆိပ်၊ ညာဘက်လက်မောင်းတွင် ဓားနှစ်လက်ပုံပါ လက်မောင်း တံဆိပ်နှင့် ရင်ဘတ် တွင် S. S. ARMY စာတန်းပါ ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော အလောင်း တစ်လောင်း၊ လမ်းလျှောက် စကားပြောစက် တစ်လုံး၊ မိုင်းနှင့် ဖောက်ခွဲ တိုက်ခိုက် ရာတွင် အသုံးပြုသည့် နိုင်လွန်ကြိုး ပေ ၅ဝခန့် တစ်ချောင်းနှင့် ဝါယာကြိုး ပေ ၅ဝ ခန့်တစ်ချောင်း၊ AAA ဓာတ်ခဲ အသေးခြောက်လုံး တို့အား သိမ်း ဆည်း ရမိခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင် စစ်သည် တစ်ဦး လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာရရှိပြီး တပ်မတော် စစ်ကြောင်းက ဆုတ်ခွာသွားသော အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့အား အသေးစိတ် လိုက်လံရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက် အရ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာတွင် ယခုကဲ့သို့ နှောင့်ယှက် ပစ်ခတ်ခြင်းများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ရည်မှန်းချက် အောင်မြင်ရေး အလေးထား ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ် အတွင်း နယ်မြေခံ သတင်း ပေးချက်အရ ဘိန်းခင်းများ ဖျက်ဆီးရန် အတွက် မိုင်းကိုင်မြို့ နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူ များ၊ မြို့နယ်ဌာန ဆိုင်ရာများမှ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်မတော် စစ်ကြောင်းမှ လုံခြုံရေး လိုက်ပါလျက် ဒီဇင်ဘာ ၂၂ရက် နံနက်ပိုင်းက ဆုံလော ကျေးရွာမှ စတင် ထွက်ခွာ၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့သည်။
နံနက် ၁ဝနာရီခန့်တွင် ဆုံလောကျေးရွာနှင့် ပါခါးကျေးရွာ အကြား လုကန်ရွာ အနီးသို့ ရောက်ရှိစဉ် အသင့်စောင့်ဆိုင်း နေသော အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့ အင်အား ၅ဝဦးခန့်က စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်၍ ဗုံးပစ်လောင်ချာ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။

တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် ခုခံ ကာကွယ်ခြင်းကြောင့် နံနက် ၁၁နာရီခန့်တွင် အက်စ်အက်စ်အေ (ရွက်ဆစ်)အဖွဲ့ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး လိုက်လံရှင်းလင်းခဲ့ရာ ဘယ်ဘက် လက်မောင်းတွင် ကျားရုပ်ပုံပါ လက်မောင်းတံဆိပ်၊ ညာဘက်လက်မောင်းတွင် ဓားနှစ်လက်ပုံပါ လက်မောင်း တံဆိပ်နှင့် ရင်ဘတ် တွင် S. S. ARMY စာတန်းပါ ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော အလောင်း တစ်လောင်း၊ လမ်းလျှောက် စကားပြောစက် တစ်လုံး၊ မိုင်းနှင့် ဖောက်ခွဲ တိုက်ခိုက် ရာတွင် အသုံးပြုသည့် နိုင်လွန်ကြိုး ပေ ၅ဝခန့် တစ်ချောင်းနှင့် ဝါယာကြိုး ပေ ၅ဝ ခန့်တစ်ချောင်း၊ AAA ဓာတ်ခဲ အသေးခြောက်လုံး တို့အား သိမ်း ဆည်း ရမိခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင် စစ်သည် တစ်ဦး လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာရရှိပြီး တပ်မတော် စစ်ကြောင်းက ဆုတ်ခွာသွားသော အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့အား အသေးစိတ် လိုက်လံရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက် အရ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးကို အရှိန်အဟုန်ဖြင့် ဆောင် ရွက်လျက် ရှိရာတွင် ယခုကဲ့သို့ နှောင့်ယှက် ပစ်ခတ်ခြင်းများ မကြာခဏ ဖြစ် ပွားလေ့ ရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ရည်မှန်းချက် အောင်မြင်ရေး အလေးထား ကြိုးပမ်း ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment