Friday 16 August 2013

ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ပြောင်းလဲ၊ တပ်ဖွဲ့ဝင်များကို တရားစွဲဆို ပိုင်ခွင့် မရှိ

Photo: ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ပြောင်းလဲ၊ တပ်ဖွဲ့ဝင်များကို တရားစွဲဆို
ပိုင်ခွင့် မရှိ
Friday, August 16, 2013 

ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ဖြည့်စွက်လိုက်ပြီး ငြိမ်းချမ်းချိန် ကာလအတွင်း တပ်ဖွဲ့ဝင်များကို စစ်တပ်က တရားစွဲဆိုပိုင်ခွင့် မရှိသလို အပြစ်ပေးနိုင်ခွင့် လည်း မရှိတော့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

စည်းကမ်း ဖောက်ဖျက်မှု ပြုလုပ်သည်ဟု စွပ်စွဲခံနေရသော ထိုင်ဝမ် တပ်ဖွဲ့ဝင် ၃၅၀ ဦးကို စစ်ဘက် တရားရုံးတွင် တရားစွဲဆိုမှု မပြုဘဲ အရပ်ဘက် တရားရုံးသို့ လွှဲပြောင်း စစ်ဆေးလျက် ရှိသည်။

အထက် အရာရှိကြီးများ၏ လက်လွတ်စပယ် အပြစ်ပေး ခံထားရမှု၊ လက်အောက်ငယ်သားများကို လူမဆန်စွာဆက်ဆံမှု စသည့် အရေး
တကြီး အရေးယူ ဆောင်ရွက်ရန် လိုအပ်နေသည့် အမူအခင်းများကို လွဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ဘက် အကျဉ်းထောင်များတွင် ထောင်ဒဏ် ချခံနေရသော တပ်ဖွဲ့ဝင် ၂၅၀ ကျော်ကိုလည်း အရပ်ဘက် အကျဉ်းထောင်များ သို့ ပြောင်းလဲ ကျခံစေမည် ဖြစ်သည်။

ထိုင်ဝမ် စစ်ဘက် အကျဉ်းထောင်များကို ပိတ်သိမ်းရမည် ဖြစ်ပြီး ဇန်နဝါရီလမှ စ၍ စစ်ဘက် တရားရုံးများကို ရပ်ဆိုင်းပေးရမည် ဖြစ်သည်။

စစ်စည်းကမ်း ချိုးဖောက်သည့် ထိုင်ဝမ် တပ်သား တစ်ဦးကို အရာရှိများက အပြင်းအထန် အပြစ်ပေး အရေးယူရာမှ တစ်ဆင့် သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ယခုကဲ့သို့သော စစ်ဥပဒေ ပြောင်းလဲမှု ပေါ်ပေါက်လာခြင်း ဖြစ် သည်။

အသက် ၂၄ နှစ်အရွယ် ထိုင်ဝမ် စစ်သား ဟန်ချန်ချူသည် ပြင်းထန်သော စစ်ရေး လေ့ကျင့်ခန်းများကြောင့် အပူလျှပ်ပြီး သေဆုံးခဲ့ရခြင်းကို ပြည်သူ များက မကျေနပ်ခြင်းကြောင့် တိုင်ပေမြို့တော်၌ ပြီးခဲ့သည့် လအတွင်း လူထောင်ပေါင်းများစွာ စုဝေး ဆန္ဒပြခဲ့သည်။

စစ်စခန်း အတွင်းသို့ ဟန်ချန်ချူက ကင်မရာပါသော မိုဘိုင်းလ်ဖုန်း တစ်လုံး ယူဆောင်လာခြင်း ကြောင့် အလုံပိတ် အခန်းတွင်း ဖမ်းဆီး ချုပ်နှောင်ခြင်း၊
 နေပူရှိန်အောက်တွင် အပြစ်ပေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည့် အရေးယူမှုများကို အထက် အရာရှိများက ပြုလုပ်ခဲ့သည်။

အဆိုပါ တပ်သား သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်ဝမ် တပ်မတော် အရာရှိ ၁၈ ဦးကို တရားစွဲဆိုထားကာ ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက် ခဲ့ရသည်။

လက်ရှိ လုပ်ဆောင်နေသော စစ်ဥပဒေ ပြုပြင် ပြောင်းလဲမှုများသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် နေထိုင်ခဲ့ရသည့် ထိုင်ဝမ် နိုင်ငံအတွက် သိသာ ထင်ရှားသော အပြောင်းအလဲများ ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကာလ ကြုံတွေ့ခဲ့ရခြင်းကြောင့် သာမက စစ်တပ်အတွင်း အကျိုးစီးပွား ရှာဖွေမှုများ၊ အနိုင်ကျင့်မှုများ ပြည့်နှက်နေခြင်းကြောင့် ထိုင်ဝမ် ပြည်သူများက စစ်တပ်အပေါ် အဆိုးမြင်နေကြခြင်း ဖြစ်ကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။

The Voice Weekly
ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ဖြည့်စွက်လိုက်ပြီး ငြိမ်းချမ်းချိန် ကာလအတွင်း တပ်ဖွဲ့ဝင်များကို စစ်တပ်က တရားစွဲဆိုပိုင်ခွင့် မရှိသလို အပြစ်ပေးနိုင်ခွင့် လည်း မရှိတော့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
စည်းကမ်းဖောက်ဖျက်မှု ပြုလုပ်သည်ဟု စွပ်စွဲခံနေရသော ထိုင်ဝမ်တပ်ဖွဲ့ဝင် ၃၅၀ ဦးကို စစ်ဘက်တရားရုံး တွင် တရားစွဲဆိုမှုမပြုဘဲ အရပ်ဘက်တရားရုံးသို့ လွှဲပြောင်း စစ်ဆေးလျက်ရှိသည်။

အထက်အရာရှိကြီးများ၏ လက်လွတ်စပယ် အပြစ်ပေးခံထားရမှု၊ လက်အောက်ငယ်သားများကို လူမဆန် စွာ ဆက်ဆံမှု စသည့် အရေးတကြီး အရေးယူ ဆောင်ရွက်ရန် လိုအပ်နေသည့် အမူအခင်းများကို လွဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ဘက် အကျဉ်းထောင်များတွင် ထောင်ဒဏ် ချခံနေရသော တပ်ဖွဲ့ဝင် ၂၅၀ ကျော်ကိုလည်း အရပ်ဘက် အကျဉ်းထောင်များ သို့ ပြောင်းလဲ ကျခံစေမည် ဖြစ်သည်။

ထိုင်ဝမ် စစ်ဘက် အကျဉ်းထောင်များကို ပိတ်သိမ်းရမည် ဖြစ်ပြီး ဇန်နဝါရီလမှ စ၍ စစ်ဘက် တရားရုံး များကို ရပ်ဆိုင်းပေးရမည် ဖြစ်သည်။

စစ်စည်းကမ်း ချိုးဖောက်သည့် ထိုင်ဝမ်တပ်သားတစ်ဦးကို အရာရှိများက အပြင်းအထန် အပြစ်ပေး အရေးယူရာမှ တစ်ဆင့် သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ယခုကဲ့သို့သော စစ်ဥပဒေ ပြောင်းလဲ မှု ပေါ်ပေါက် လာခြင်း ဖြစ် သည်။

အသက် ၂၄ နှစ်အရွယ် ထိုင်ဝမ် စစ်သား ဟန်ချန်ချူသည် ပြင်းထန်သော စစ်ရေး လေ့ကျင့်ခန်းများကြောင့် အပူလျှပ်ပြီး သေဆုံးခဲ့ရခြင်းကို ပြည်သူ များက မကျေနပ်ခြင်းကြောင့် တိုင်ပေမြို့တော်၌ ပြီးခဲ့သည့် လအတွင်း လူထောင်ပေါင်းများစွာ စုဝေး ဆန္ဒပြခဲ့သည်။

စစ်စခန်း အတွင်းသို့ ဟန်ချန်ချူက ကင်မရာပါသော မိုဘိုင်းလ်ဖုန်း တစ်လုံး ယူဆောင်လာခြင်း ကြောင့် အလုံပိတ် အခန်းတွင်း ဖမ်းဆီး ချုပ်နှောင်ခြင်း၊ နေပူရှိန်အောက်တွင် အပြစ်ပေး လေ့ကျင့်ခန်းများ ပြု လုပ်ခြင်း စသည့် အရေးယူမှုများကို အထက် အရာရှိများက ပြုလုပ်ခဲ့သည်။

အဆိုပါ တပ်သား သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်ဝမ် တပ်မတော် အရာရှိ ၁၈ ဦးကို တရားစွဲဆိုထားကာ ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက် ခဲ့ရသည်။

လက်ရှိ လုပ်ဆောင်နေသော စစ်ဥပဒေ ပြုပြင် ပြောင်းလဲမှုများသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ် ချုပ်ရေးအောက် နေထိုင်ခဲ့ရသည့် ထိုင်ဝမ်နိုင်ငံအတွက် သိသာ ထင်ရှားသော အပြောင်းအလဲ များ ဖြစ် သည်။

စစ်အုပ်ချုပ်ရေးကာလ ကြုံတွေ့ခဲ့ရခြင်းကြောင့် သာမက စစ်တပ်အတွင်း အကျိုးစီးပွား ရှာဖွေမှုများ၊ အနိုင်ကျင့်မှုများ ပြည့်နှက်နေခြင်းကြောင့် ထိုင်ဝမ် ပြည်သူများက စစ်တပ်အပေါ် အဆိုးမြင်နေ ကြခြင်း ဖြစ်ကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။
The Voice Weekly

No comments:

Post a Comment