Friday 16 August 2013

အင်ဒိုနီးရှား စွမ်းအင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌ လာဘ်စားမှုဖြင့် ဖမ်းဆီးခံရ

Photo: အင်ဒိုနီးရှား စွမ်းအင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌ လာဘ်စားမှုဖြင့် ဖမ်းဆီးခံရ
Friday, August 16, 2013 

ရေနံကုမ္ပဏီ တစ်ခုထံမှ အမေရိကန် ဒေါ်လာ ငါးသိန်းခန့် လာဘ်စားသည် ဟူသော စွပ်စွဲချက်ကို စုံစမ်း စစ်ဆေးရန် အင်ဒိုနီးရှား စွမ်းအင် စည်းကမ်း ထိန်းသိမ်းရေး ဥက္ကဋ္ဌကို အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ က ဖမ်းဆီးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှား အစိုးရသည် နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ကြိုးပမ်းနေစဉ်တွင် ယခုကိစ္စသည် အင်ဒိုနီးရှား အစိုးရအတွက် ထိုးနှက်ချက် တစ်ခု ဖြစ်သည်။

အင်ဒိုနီးရှား စွမ်းအင် စည်းကမ်း ထိန်းသိမ်းရေး SKKMigs ၏ ဥက္ကဋ္ဌ ရူဒီရူဘီယံဒီနီသည် စင်ကာပူ အခြေစိုက် Kernel Oil ရေနံကုမ္ပဏီ ပိုင်ရှင် စီမွန်တန်ဂျာယထံမှ အမေရိကန် ဒေါ်လာ လေးသိန်း တန်ဖိုးရှိသော လက်ဆွဲအိတ်နှင့် BMW မော်တော်ဆိုင်ကယ် ပိုင်ဆိုင်သည့် စာရွက်စာတမ်း လက်ခံခဲ့ မှုဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။

ထို့ပြင် ၎င်း၏ နေအိမ်တွင် အမေရိကန် ဒေါ်လာ ၁၉၀၀၀၀ ကျော်ကို လည်း တွေ့ရှိခဲ့ရာ ယင်းငွေ ပမာဏသည် အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ (KPK) ၏ ၁၀ နှစ် သက်တမ်းအတွင်း ငွေပမာဏ အများဆုံး ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း KPK ပြောခွင့်ရ ပုဂ္ဂိုလ် ဂျိုနန်ဘူဒီက ပြောကြားသည်။

“အစိုးရက လာဘ်စားမှုကို လုံးဝ တိုက်ဖျက်ဖို့ လုပ်ထားတဲ့ အချိန်မှာ ဖြစ်လာ တဲ့ ဒီလို အမှုမျိုးက ရင်းနှီးမြှုပ်နှံတဲ့သူတွေဆီကို အချက်ပြလိုက်တာပါပဲ” ဟု အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီး Chatib Basri က ပြောကြားသည်။

ယခုသတင်းကြောင့် အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံထားသည့် ရေနံ ကုမ္ပဏီ များမှ အရာရှိများ တုန်လှုပ်သွားကြကြောင်း အဆိုပါ သတင်းတွင် ဖော်ပြ ထားသည်။

ယခင်က ကမ္ဘာ့ရေနံ ထုတ်လုပ်သူများအသင်း OPEC အိုပက် အဖွဲ့ဝင် နိုင်ငံဟောင်းဖြစ်သော အင်ဒိုနီးရှားသည် စွမ်းအင်ကဏ္ဍတွင် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းမှု မရှိခြင်းနှင့် အမျိုးသားရေး ဦးစားပေး အစီအစဉ်များ ပြုလုပ်သဖြင့် ဝေဖန်မှုများ ရှိနေသည့်အတွက် စွမ်းအင်ကဏ္ဍ ကျဆင်းမှုများ နှင့် ရင်ဆိုင်နေရသည်။

အင်ဒိုနီးရှား ထိပ်တန်း ရဲအရာရှိ ဂျိုကိုဆူဆီလိုက ငွေကြေး ခဝါချမှုဖြင့် တရားစွဲဆိုခံရပြီး အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ KPK သည် ဒီဇင်ဘာလက လူငယ်နှင့် အားကစား ဝန်ကြီး အန်ဒီအန်လ်ဖီယန် မာလာရန်ဂျင်းကိုလည်း လာဘ်စားမှုဖြင့် သံသယရှိကြောင်း စာရင်း ထုတ်ပြန်ထားသည်။

The Voice Weekly
ရေနံကုမ္ပဏီ တစ်ခုထံမှ အမေရိကန် ဒေါ်လာ ငါးသိန်းခန့် လာဘ်စားသည် ဟူသော စွပ်စွဲချက်ကို စုံစမ်း စစ်ဆေးရန် အင်ဒိုနီးရှား စွမ်းအင် စည်းကမ်း ထိန်းသိမ်းရေး ဥက္ကဋ္ဌကို အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ က ဖမ်းဆီးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှား အစိုးရသည် နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ကြိုးပမ်းနေ စဉ်တွင် ယခုကိစ္စသည် အင်ဒိုနီးရှား အစိုးရအတွက် ထိုးနှက်ချက် တစ်ခု ဖြစ်သည်။

အင်ဒိုနီးရှား စွမ်းအင် စည်းကမ်း ထိန်းသိမ်းရေး SKKMigs ၏ ဥက္ကဋ္ဌ ရူဒီရူဘီယံဒီနီသည် စင်ကာပူ အခြေစိုက် Kernel Oil ရေနံကုမ္ပဏီ ပိုင်ရှင် စီမွန်တန်ဂျာယထံမှ အမေရိကန် ဒေါ်လာ လေးသိန်း တန်ဖိုးရှိသော လက်ဆွဲအိတ်နှင့် BMW မော်တော်ဆိုင်ကယ် ပိုင်ဆိုင်သည့် စာရွက်စာတမ်း လက်ခံခဲ့ မှုဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။

ထို့ပြင် ၎င်း၏ နေအိမ်တွင် အမေရိကန် ဒေါ်လာ ၁၉၀၀၀၀ ကျော်ကို လည်း တွေ့ရှိခဲ့ရာ ယင်းငွေ ပမာဏ သည် အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ (KPK) ၏ ၁၀ နှစ် သက်တမ်း အတွင်း ငွေပမာဏ အများဆုံး ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း KPK ပြောခွင့်ရ ပုဂ္ဂိုလ် ဂျိုနန်ဘူဒီက ပြောကြားသည်။

“အစိုးရက လာဘ်စားမှုကို လုံးဝ တိုက်ဖျက်ဖို့ လုပ်ထားတဲ့ အချိန်မှာ ဖြစ်လာ တဲ့ ဒီလို အမှုမျိုးက ရင်းနှီးမြှုပ်နှံတဲ့ သူတွေဆီကို အချက်ပြလိုက်တာပါပဲ” ဟု အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီး Chatib Basri က ပြောကြားသည်။

ယခုသတင်းကြောင့် အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံထားသည့် ရေနံ ကုမ္ပဏီ များမှ အရာရှိများ တုန်လှုပ် သွားကြကြောင်း အဆိုပါ သတင်းတွင် ဖော်ပြ ထားသည်။

ယခင်က ကမ္ဘာ့ရေနံ ထုတ်လုပ်သူများအသင်း OPEC အိုပက် အဖွဲ့ဝင် နိုင်ငံဟောင်းဖြစ်သော အင်ဒိုနီးရှား သည် စွမ်းအင်ကဏ္ဍတွင် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းမှု မရှိခြင်းနှင့် အမျိုးသားရေး ဦးစားပေး အစီအစဉ်များ ပြုလုပ်သဖြင့် ဝေဖန်မှုများ ရှိနေသည့်အတွက် စွမ်းအင်ကဏ္ဍ ကျဆင်းမှုများ နှင့် ရင်ဆိုင်နေ ရ သည်။

အင်ဒိုနီးရှား ထိပ်တန်း ရဲအရာရှိ ဂျိုကိုဆူဆီလိုက ငွေကြေး ခဝါချမှုဖြင့် တရားစွဲဆိုခံရပြီး အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ KPK သည် ဒီဇင်ဘာလက လူငယ်နှင့် အားကစား ဝန်ကြီး အန်ဒီအန်လ်ဖီယန် မာလာရန်ဂျင်းကိုလည်း လာဘ်စားမှုဖြင့် သံသယရှိကြောင်း စာရင်း ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment