Friday 16 August 2013

မြက်ခင်းစိမ်း အထက်က အောင်မြင်မှု ကို ဆာလောင်နေသူ တစ်ဦး (သို့မဟုတ်) မြန်မာ အမျိုးသမီး အသင်း သမိုင်း တစ်လျှောက် တစ်ပွဲ တည်းခြောက်ဂိုး သွင်းခဲ့ သည့် တိုက်စစ်မှူး ရီရီဦး

Photo: မြက်ခင်းစိမ်းအထက်က အောင်မြင်မှုကို ဆာလောင်နေသူတစ်ဦး (သို့မဟုတ်) မြန်မာအမျိုးသမီးအသင်း သမိုင်းတစ်လျှောက် တစ်ပွဲ
တည်းခြောက်ဂိုးသွင်းခဲ့သည့် တိုက်စစ်မှူးရီရီဦး
Friday, August 16, 2013 

မြန်မာအမျိုးသမီးဘောလုံးအသင်း၏ စံချိန်တင်ရှင်ဂိုးသွင်းသူ။ တိတိကျကျ
 ပြောရရင် မြန်မာအမျိုးသမီးဘောလုံးအသင်း စတင်ဖြစ်တည်လာက
တည်းက အခုချိန်အထိ တစ်ပွဲတည်းကနေ ဂိုးခြောက်ဂိုးသွင်းခဲ့ဖူးသူ
မရှိတာကို ပါလက်စတိုင်း အသင်းဘက် သွင်းပြပြီး စံချိန်တင်ပြခဲ့သူ။ သူ့နာမည်က ရီရီဦး။

မကွေးတိုင်းဇာတိ၊ မင်းဘူးမှာ မွေးခဲ့သူ။ ဘောလုံးကို ငယ်ငယ်လေးက
တည်းက ရူးသွပ်ခဲ့သူ။ ငယ်စဉ်ကတည်းက ကျားကျားလျားလျား နှင့်
 ဘောလုံးကစားဖို့ကို ဝါသနာပါခဲ့သူ၊ ဘောလုံးကို သဘောကျလွန်းသည့်
အတွက်ကြောင့်ပင် ၁၅နှစ်အရွယ်ကတည်းက ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်နေပြီဖြစ်သည်။ သူ့ခြေစွမ်းကို တိုးတက်စေခဲ့သည်က မင်းဘူး
ကနေ မန္တလေးတိုင်း အား/ကာ သင်တန်းကျောင်းမှာ တက်ခွင့်ရခဲ့ ခြင်းက သူ့ဘဝ တစ်ဆစ်ချိုးဖြစ်စေခဲ့သည်။ ထိုစဉ်အချိန်က ၁၆နှစ်အရွယ်သာရှိ
ဦးမည်။ မသိသမျှ သင်ကြားခွင့်ရခဲ့သည်။

သင်ဆရာများစွာ နှင့် တွေ့ခွင့်ရခဲ့သည်။ လေ့ကျင့်မှုများစွာနှင့် ရင်း နှီး
လာခြင်းက ခြေစွမ်းတိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့သည်။ အား/
ကာ သင်တန်းကျောင်းတွင် လက်ဦးဆရာ ဒေါ်မြမြခိုင်က ကစားသမား
 ကောင်းတစ်ဦးဖြစ်လာအောင် ပုံဖော်ပေးခဲ့သည်။ 

လက်ဦးဆရာ၏ မြေတောင်မြှောက်ပေးမှု၊ ကိုယ်တိုင်က ကြိုးစားအားထုတ်မှု
များကြောင့် ရှစ် တန်းအရွယ်မှာပင် ၁၉ နှစ်အောက် လူငယ်လက်ရွေးစင်
ဖြစ်လာသည်။ ဒီထက်ပိုကြိုးစား နိုင်ခြင်းကြောင့်ပင် အကောင်းဆုံးဆုများက သူ့ အတွက်ဖြစ်လာသည်။ ယင်းနောက် မျှော်လင့်ချက်ပန်းတိုင်ဖြစ်သည့်
 မြန်မာ့လက်ရွေးစင်အသင်းထဲသို့ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။
''နိုင်ချင်စိတ်လား။ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းရှိနေတာက နိုင်ချင်စိတ်
အပြည့်လေ။ ကွင်းထဲရောက်ပြီဆိုရင်လဲ နိုင်ချင်စိတ်တွေပဲရှိ နေတာ။
 မြက်ခင်းတွေပေါ် ခြေချလိုက်ပြီဆိုတာ နဲ့ နိုင်ချင်စိတ်ကြောင့်ပဲ စိတ်ကလှုပ်
ရှားနေတတ်တာ''ဟု ရီရီဦးကဆိုသည်။

အသက်၂၃နှစ်သာ ရှိသေးသူ ရီရီဦးမှာ အခုဆိုလျှင် ပြည်ပပွဲပေါင်း ၁၁ ကြိမ်
ယှဉ်ပြိုင် ခဲ့ပြီးဖြစ်သည်။ငယ်ရွယ်သော်လည်း ပြည်ပအ တွေ့အကြုံကောင်း
များက သူ့ခြေစွမ်းတိုးတက် လာစေခဲ့သည်။ သူ့ခြေစွမ်းကို ပိုထွန်းတောက်
 စေခဲ့သည်က လက်ရှိ ဂျပန်နည်းပြကြီးကုမာဒါ ကြောင့်ဆိုမမှား။ ယခင်က ပုံမှန်ပွဲထွက်ခွင့်မရှိသည့် ရီရီဦး ကစားပုံက ကုမာဒါစိတ်ကြိုက်ဖြစ်ခဲ့သည်။ ဒီနည်းပြကြီး၏ ကစားကွက်တွင်အံဝင် အောင် ကစားနိုင်ခြင်းက ပုံမှန်ပွဲထွက်ခွင့်တစ် နေရာကို ခိုင်မာစေခဲ့သည်။ ခြေစွမ်းတိုးတက် လာမှု၊ ယုံကြည်ချက်မြင့်မားလာမှုက ဂိုးသွင်းလို စိတ်ကို ပြင်းထန်လာစေခဲ့သည်။
''ပါလက်စတိုင်းမှာ တစ်ပွဲတည်းဂိုးတွေ အ များဆုံးသွင်းနိုင်ခဲ့တာကိုလား။ အင်း...ပြောရမယ်ဆိုရင် နိုင်ငံခြားခရီးစဉ်တွေထဲမှာ အပျော်ဆုံးအခေါက်ဗျ။ ဒီလိုဂိုးတွေ သွင်းနိုင် ဖို့ကလဲ တစ်ယောက်တည်းနဲ့တော့ မရဘူး။ ကျွန်တော်
တစ်ယောက်တည်း ကောင်းရင်လဲမရနိုင်ဘူးပေါ့။ တစ်သင်းလုံး ပံ့ပိုးပေးနိုင်
လို့သာ ဒီလိုခြောက်ဂိုးသွင်းနိုင်တယ်ဆိုတာကြီးဖြစ်လာတာ။ 

အမျိုးသမီးအသင်း သက်တမ်းတစ်လျှောက်မှာ တစ်ပွဲတည်းကနေ ဂိုးအများ
ဆုံးသွင်းနိုင်သူဖြစ်လာလို့ အင်မတန်ပျော်မိတယ်။ လုံးဝ မမေ့နိုင်တဲ့ ရက်ပဲ။ ဒါကျွန်တော့်အတွက် သမိုင်းမှတ်တိုင်တစ်ခုပေါ့''ဟု ရီရီဦးက ပြောသည်။

စစ်မက်အန္တရာယ်၊ ဗုံးပေါက်ကွဲမှုအန္တရာယ်၊ အစ္စရေးနှင့်ပါလက်စတိုင်း
အကြား ကြိုးကြားကြိုး ကြားအန္တရာယ်များအကြား၊ အရှေ့အလယ်ပိုင်း
 ဒေသ ရောက်ရှိဖို့ရာ နှစ်ရက်လောက် ခရီးပန်း၊ လူပန်းသွားခဲ့ရသော်
လည်း မြန်မာ့ဂုဏ်ကို ပါ လက်စတိုင်းတွင် ထင်ဟပ်စေနိုင်ခဲ့သည်။ နှစ်ပွဲ 
နိုင်၊ တစ်ပွဲသရေ၊ ရမှတ်ခုနစ်မှတ်၊ သွင်းဂိုး လေး ဂိုးအသာဖြင့် တရုတ်
တိုင်ပေကို ကျော်ဖြတ်ကာ ပထမနေရာက ခြေစစ်ပွဲအောင်လာခဲ့သည်။ 

ယင်းသို့ တရုတ်တိုင်ပေကို ကျော်ဖြတ်ခြေစစ်ပွဲအောင်မြင်ဖို့ အဓိကကျခဲ့
သည့် ဂိုးကွာခြားချက်ဖြစ်စေခဲ့သည်က ပါလက်စတိုင်းကို ကိုးဂိုးပြတ် သွင်းနိုင်ခဲ့မှုက အခရာကျသည့် အချက်ဖြစ်ခဲ့သည်။ ပါလက်စတိုင်းကို တရုတ်တိုင်ပေ ခြောက်ဂိုးပြတ် နိုင်သော်လည်း ရီရီဦးက တစ်ဦးတည်း
 ခြောက်ဂိုး သွင်းပြခဲ့သည်။

ပါလက်စတိုင်းမှပြန်လာပြီး မြန်မာအမျိုး သမီးအသင်း ဂျပန်ကိုသွားပြီး
 လေ့ကျင့်သည်။ အာရှ၏ ဘောလုံးအထွန်းကားဆုံး ဂျပန်ခရီးစဉ်က
 မြန်မာအမျိုးသမီးအသင်းအတွက် အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံ
များစွာရခဲ့သည်။ ကွာခြားသည့် လေ့ကျင့်ခန်းပစ္စည်းများ၊ ကွဲပြားသည့်
ဖွဲ့စည်းပုံ၊ မြန်မာနိုင်ငံတွင်မရှိသည့် အမျိုးသမီးလိဂ်မှ ကမ္ဘာကျော် ကစား
သမားများပါသည့် ကလပ်များနှင့်ခြေစမ်းခွင့်ရခဲ့သည်။

''ဂျပန်ဘောလုံးသမားတွေက ငယ်ငယ် လေးကတည်းက အောက်ခြေ
ကစပြီးလေ့ကျင့်ခဲ့ကြရတာ။ ကျွန်တော်တို့ဆီမှာကျတော့ လက် ရွေးစင်
အသင်းကြီးနဲ့ လူငယ်အသင်းပဲရှိတာလေ။ သူတို့ဆီမှာကျတော့ ကလပ်
အသင်းတွေ၊ နိုင်ငံအလိုက်အဆင့် အသင်းတွေခွဲထားတာ အများ ကြီးပဲ။ ကမ္ဘာ့အဆင့်အတန်း ဝင်တဲ့အသင်းတွေဆို တအားကောင်းတာ။ သူတို့က
 တော်တော်လဲ ကျော်ကြားတယ်။ သူတို့ဆီက အသင်းကောင်း တွေနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့တာ အတွေ့အကြုံကောင်း တွေအများကြီးရခဲ့တယ်''ဟု ရီရီဦးက ဂျပန်ခရီး အတွေ့အကြုံကို ဖွင့်ဟသည်။

ထို့ပြင် မြန်မာအမျိုးသမီးအသင်း အောင် မြင်မှုရခဲ့ခြင်းတွင် ဂျပန်လူမျိုး
နည်းပြကြီးကုမာ ဒါက အဓိကကျနေသည်။ သူ၏ နည်းဗျူဟာ၊ မြန်မာ
အမျိုးသမီးအသင်းကို မည်သို့ကိုင်တွယ်ရမည်၊ မည်သို့နည်းပြပေးရမည်ကို သူကကောင်း ကောင်း နားလည်နေသည်။ လက်ရှိကစားသမား အများ
အပြားကလည်း ယူ-၁၉ အသင်းကတည်းက လက်တွဲခဲ့ကြသူများဖြစ်နေ
သည်ကြောင့် ကု မာဒါကို ကိုင်တွယ်ရ ပိုလွယ်ကူစေခဲ့ခြင်းဖြစ်သည်။ ယင်းကိုလည်း ''ဒီနည်းပြကြီးက တကယ်ကောင်းတယ်။ ကျွန်တော်တို့
အပေါ်လဲ စေတနာထား တယ်။ အားလုံးကို သေချာသင်ပေးတယ်။ သူ မြန်မာအသင်းကို ကိုင်တွယ်ပြီးကတည်းက ကျွန် တော် ပုံမှန်နေရာရလာ
တာလေ။ သူ့ရဲ့သင်ကြား မှုတွေကို သေချာလိုက်နာနိုင်ခဲ့တယ်။ ပွဲအတွေ့ အကြုံတွေကြောင့် ခြေစွမ်းပိုတက်လာခဲ့တာလို့ ယုံတယ်''ဟု ရီရီဦးက ထပ်ဆိုသည်။

ဂျပန်ခရီးစဉ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အတွေ့အကြုံများ
စွာ ရခဲ့သည်။ ထို့အပြင် ဂျပန်ယူ-၂၃အသင်းနှင့်လည်း မြန်မာ့မြေတွင် ထပ်ဆုံရဦးမည်ဖြစ်သည်။ ယခု ပွဲက ခြေစမ်းပွဲမဟုတ်၊ သူနိုင်ကိုယ်နိုင်အပြိုင် ကြဲရမည့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အမိမြေတွင် လက်ခံကျင်း
ပသည့် ပြိုင်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်လာမည့် ဂျပန်နှင့်က အုပ်စု
 နောက်ဆုံးပွဲစဉ်တွင် ကစားရမည်။ မြန်မာအမျိုး သမီးပွဲစဉ်များနှင့်ပတ်
သက်ပြီး ရီရီဦးက ''လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန်အသင်းတွေနဲ့ ကျွန် တော်တို့ ကစားရမှာလေ။ ပထမဦးဆုံး သုံးပွဲဆက် တိုက်က ပွဲချောင်တယ်လို့ ပြောလို့ရနိုင်တယ်။ 

ဂျပန်အသင်းနဲ့ နောက်ဆုံးပွဲကျမှတွေ့မယ်ဆို တာကြောင့် ရှေ့ကပွဲတွေကို နိုင်ထားဖို့လိုတယ်။ ဒီအတွက် အကောင်းဆုံးကစားနိုင်ဖို့လိုတယ်။ ဂျပန်အသင်းနဲ့ တွေ့တဲ့အခါကျရင် ခံစစ်ပိုင်းကို သေချာပြင်ထားရမှာပါ။ သူတို့ခြေစွမ်းက ကိုယ့် အသင်းထက် တအားကောင်းတော့ ဂိုးတွေအများ ကြီးမပေးရအောင် ခံစစ်ကစားပုံကို သေချာ လုပ်နေကြတယ်''ဟု လက်ရှိ မြန်မာအမျိုးသမီး၏ အာဆီယံချန်ပီယံရှစ်ပွဲအပေါ် ပြင်ဆင်နေ
ပုံကို ပြောပြသည်။

မြန်မာနိုင်ငံက စက်တင်ဘာလတွင် အာ ဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ
ကို လက်ခံ ကျင်းပရမည်။ ယင်းနောက် ဒီဇင်ဘာတွင် ဆီး ဂိမ်းပြိုင်ပွဲကို လက်ခံကျင်းပပေးရဦးမည်။ တကယ့် ပွဲကြီးပွဲကောင်းများကို လက်ခံ
ကျင်းပပေးနေ ရခြင်းဖြစ်သည်။ 

ထိုပွဲများက မြန်မာပြည်သူများ စောင့်ကြည့်နေသည့် ပွဲများလည်းဖြစ်သည်။
 ဘောလုံးကို ရူးသွပ်စွာအားပေးနေသည့် မြန်မာ ပြည်သူများက အောင်မြင်
မှုရလာသည့် အမျိုးသ မီးအသင်းအပေါ် ပိုပြီးသတိထားအာရုံစိုက်နေ ကြပြီဖြစ်သည်။ ယင်းကြောင့် ပြိုင်ပွဲနှစ်ခုစလုံးတွင် မြန်မာအမျိုးသမီးအသင်း
 အောင်မြင်မှုရ စေရန်ကို လိုလားနေကြသည်။ မြန်မာအမျိုးသမီး လက်ရွေးစင်ကစားသမားများကလည်း လက်ရှိ ပြင်ဆင်နေမှုကြောင့် ဆီးဂိမ်းတွင် ချန်ပီယံဖြစ်နိုင် မည်ဟု ယုံကြည်နေသည်။ ကစားသမားတစ်ဦး ချင်းစီကလည်း အားနည်းချက်များကို ပြင်ဆင် လျက်ရှိနေသည်။ ကွင်း
အတွင်းတွင် တစ်ဦးအပေါ် တစ်ဦးယုံကြည်မှု၊ စည်းလုံးမှုများရှိနေသည်က
 မြန်မာအမျိုးသမီးအသင်း ဆီးဂိမ်းတွင်ရွှေရရေးအတွက်အဓိက ဖြစ်စေနိုင်
သည့်အချက်ဟုပင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တိုက်စစ် မှူး ရီရီဦးက ပြောခဲ့ပြန်သည်။

အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ကျင်းပမည်က ရက်ပေါင်း ၂ဝကျော်ကျော်
သာ ကျန်ရှိ တော့သည်။ ဆီးဂိမ်းပြိုင်ပွဲက ၁၁၆ရက်ပဲကျန် တော့သည်။
 အောင်မြင်မှုအတွက် မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပြင်းပြသည့်စိတ်ဓာတ်
များ ဖြင့် မြက်ခင်းစိမ်းများအထက်မှ မြန်မာ့ဂုဏ်၊ မြန်မာ့အလံကို ထည်ဝါစေမည့် မြန်မာ့အမျိုးသမီးအသင်းသားလေးများ မည်သို့အောင်လံ
ထူ ပေးမည်နည်းဆိုသည်ကို ကျွန်ုပ်တို့စောင့်ကြည့် ရတော့မည်သာဖြစ်
ပါသည်။

မှတ်ချက်။ (ရီရီဦးအနေဖြင့် အာရှအမျိုးသမီးခြေစစ်ပွဲတွင် ပါလက်စတိုင်း
ဘက်သို့ ဂိုး သွင်းယူနိုင်သည်မှာ ငါးဂိုးဟု ယူဆမှုများ ရှိ သော်လည်း အာရှဘောလုံးအဖွဲ့ချုပ်က ယင်းပွဲတွင် ခြောက်ဂိုးသွင်းနိုင်ခဲ့သည်ဟု သတ်မှတ် ဖော်ပြထားခြင်းကို မှီငြမ်းထားခြင်းဖြစ်သည်။)

Yangon Media Group
မြန်မာအမျိုးသမီးဘောလုံးအသင်း၏ စံချိန်တင်ရှင်ဂိုးသွင်းသူ။ တိတိကျကျပြောရရင် မြန်မာအမျိုး သမီးဘောလုံးအသင်း စတင်ဖြစ်တည်လာကတည်းက အခုချိန်အထိ တစ်ပွဲတည်းကနေ ဂိုးခြောက်ဂိုး သွင်းခဲ့ဖူးသူမရှိတာကို ပါလက်စတိုင်း အသင်းဘက် သွင်းပြပြီး စံချိန်တင်ပြခဲ့သူ။ သူ့နာမည်က ရီရီဦး။
မကွေးတိုင်းဇာတိ၊ မင်းဘူးမှာ မွေးခဲ့သူ။ ဘောလုံးကို ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့သူ။ ငယ်စဉ်က တည်းက ကျားကျားလျားလျား နှင့်ဘောလုံးကစားဖို့ကို ဝါသနာပါခဲ့သူ၊ ဘောလုံးကို သဘောကျလွန်းသည့်
အတွက်ကြောင့်ပင် ၁၅နှစ်အရွယ်ကတည်းက ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်နေပြီဖြစ်သည်။ သူ့ခြေစွမ်းကို တိုးတက်စေခဲ့သည်က မင်းဘူးကနေ မန္တလေးတိုင်း အား/ကာ သင်တန်းကျောင်းမှာ တက်ခွင့်ရခဲ့ခင်းက သူ့ဘဝ တစ်ဆစ်ချိုးဖြစ်စေခဲ့သည်။ ထိုစဉ်အချိန်က ၁၆နှစ်အရွယ်သာရှိဦးမည်။ မသိသမျှ သင်ကြားခွင့် ရခဲ့သည်။

သင်ဆရာများစွာ နှင့် တွေ့ခွင့်ရခဲ့သည်။ လေ့ကျင့်မှုများစွာနှင့် ရင်း နှီးလာခြင်းက ခြေစွမ်းတိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့သည်။ အား/ကာ သင်တန်းကျောင်းတွင် လက်ဦးဆရာ ဒေါ်မြမြခိုင်က ကစား သမားကောင်းတစ်ဦးဖြစ်လာအောင် ပုံဖော်ပေးခဲ့သည်။

လက်ဦးဆရာ၏ မြေတောင်မြှောက်ပေးမှု၊ ကိုယ်တိုင်က ကြိုးစားအားထုတ်မှုများကြောင့် ရှစ် တန်းအရွယ် မှာပင် ၁၉ နှစ်အောက် လူငယ်လက်ရွေးစင်ဖြစ်လာသည်။ ဒီထက်ပိုကြိုးစား နိုင်ခြင်းကြောင့်ပင် အကောင်း ဆုံးဆုများက သူ့ အတွက်ဖြစ်လာသည်။ ယင်းနောက် မျှော်လင့်ချက်ပန်းတိုင်ဖြစ်သည့် မြန်မာ့လက်ရွေးစင် အသင်းထဲသို့ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ ''နိုင်ချင်စိတ်လား။ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းရှိနေတာ က နိုင်ချင်စိတ်အပြည့်လေ။ ကွင်းထဲရောက်ပြီဆိုရင်လဲ နိုင်ချင်စိတ်တွေပဲရှိ နေတာ။ မြက်ခင်းတွေပေါ် ခြေ ချ လိုက်ပြီဆိုတာ နဲ့ နိုင်ချင်စိတ်ကြောင့်ပဲ စိတ်ကလှုပ်ရှားနေတတ်တာ''ဟု ရီရီဦးကဆိုသည်။

အသက်၂၃နှစ်သာ ရှိသေးသူ ရီရီဦးမှာ အခုဆိုလျှင် ပြည်ပပွဲပေါင်း ၁၁ ကြိမ် ယှဉ်ပြိုင် ခဲ့ပြီးဖြစ်သည်။ ငယ်ရွယ်သော်လည်း ပြည်ပအ တွေ့အကြုံကောင်းများက သူ့ခြေစွမ်းတိုးတက် လာစေခဲ့သည်။ သူ့ခြေစွမ်း ကို ပိုထွန်းတောက်စေခဲ့သည်က လက်ရှိ ဂျပန်နည်းပြကြီးကုမာဒါ ကြောင့်ဆိုမမှား။ ယခင်က ပုံမှန်ပွဲထွက် ခွင့် မရှိသည့် ရီရီဦး ကစားပုံက ကုမာဒါစိတ်ကြိုက်ဖြစ်ခဲ့သည်။ ဒီနည်းပြကြီး၏ ကစားကွက်တွင် အံဝင် အောင် ကစားနိုင်ခြင်းက ပုံမှန်ပွဲထွက်ခွင့်တစ် နေရာကို ခိုင်မာစေခဲ့သည်။ ခြေစွမ်းတိုးတက် လာမှု၊ ယုံကြည်ချက်မြင့်မားလာမှုက ဂိုးသွင်းလို စိတ်ကို ပြင်းထန်လာစေခဲ့သည်။ ''ပါလက်စတိုင်းမှာ တစ်ပွဲတည်း ဂိုးတွေ အများဆုံးသွင်းနိုင်ခဲ့တာကိုလား။ အင်း...ပြောရမယ်ဆိုရင် နိုင်ငံခြားခရီးစဉ်တွေထဲမှာ အပျော်ဆုံး အခေါက်ဗျ။ ဒီလိုဂိုးတွေ သွင်းနိုင် ဖို့ကလဲ တစ်ယောက်တည်းနဲ့တော့ မရဘူး။ ကျွန်တော်တစ်ယောက် တည်း ကောင်းရင်လဲမရနိုင်ဘူးပေါ့။ တစ်သင်းလုံး ပံ့ပိုးပေးနိုင်လို့သာ ဒီလိုခြောက်ဂိုးသွင်းနိုင်တယ်ဆိုတာ ကြီးဖြစ်လာတာ။

အမျိုးသမီးအသင်း သက်တမ်းတစ်လျှောက်မှာ တစ်ပွဲတည်းကနေ ဂိုးအများဆုံးသွင်းနိုင်သူဖြစ်လာလို့ အင်မတန်ပျော်မိတယ်။ လုံးဝ မမေ့နိုင်တဲ့ ရက်ပဲ။ ဒါကျွန်တော့်အတွက် သမိုင်းမှတ်တိုင်တစ်ခုပေါ့''ဟု ရီရီဦး က ပြော သည်။

စစ်မက်အန္တရာယ်၊ ဗုံးပေါက်ကွဲမှုအန္တရာယ်၊ အစ္စရေးနှင့်ပါလက်စတိုင်းအကြား ကြိုးကြားကြိုးကြား အန္တရာယ် များအကြား၊ အရှေ့အလယ်ပိုင်းဒေသ ရောက်ရှိဖို့ရာ နှစ်ရက်လောက် ခရီးပန်း၊ လူပန်းသွားခဲ့ ရသော်လည်း မြန်မာ့ဂုဏ်ကို ပါ လက်စတိုင်းတွင် ထင်ဟပ်စေနိုင်ခဲ့သည်။ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ခုနစ်မှတ်၊ သွင်းဂိုး လေး ဂိုးအသာဖြင့် တရုတ်တိုင်ပေကို ကျော်ဖြတ်ကာ ပထမနေရာက ခြေစစ်ပွဲအောင် လာ ခဲ့သည်။

ယင်းသို့ တရုတ်တိုင်ပေကို ကျော်ဖြတ်ခြေစစ်ပွဲအောင်မြင်ဖို့ အဓိကကျခဲ့သည့် ဂိုးကွာခြားချက်ဖြစ်စေခဲ့ သည်က ပါလက်စတိုင်းကို ကိုးဂိုးပြတ် သွင်းနိုင်ခဲ့မှုက အခရာကျသည့် အချက်ဖြစ်ခဲ့သည်။ ပါလက်စတိုင်း ကို တရုတ်တိုင်ပေ ခြောက်ဂိုးပြတ် နိုင်သော်လည်း ရီရီဦးက တစ်ဦးတည်းခြောက်ဂိုး သွင်းပြခဲ့သည်။

ပါလက်စတိုင်းမှပြန်လာပြီး မြန်မာအမျိုး သမီးအသင်း ဂျပန်ကိုသွားပြီး လေ့ကျင့်သည်။ အာရှ၏ ဘောလုံး အထွန်းကားဆုံး ဂျပန်ခရီးစဉ်က မြန်မာအမျိုးသမီးအသင်းအတွက် အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံ များစွာရခဲ့သည်။ ကွာခြားသည့် လေ့ကျင့်ခန်းပစ္စည်းများ၊ ကွဲပြားသည့် ဖွဲ့စည်းပုံ၊ မြန်မာနိုင်ငံတွင်မရှိသည့် အမျိုးသမီးလိဂ်မှ ကမ္ဘာကျော် ကစားသမားများပါသည့် ကလပ်များနှင့်ခြေစမ်းခွင့်ရခဲ့သည်။

''ဂျပန်ဘောလုံးသမားတွေက ငယ်ငယ် လေးကတည်းက အောက်ခြေကစပြီးလေ့ကျင့်ခဲ့ကြရတာ။ ကျွန်တော်တို့ဆီမှာကျတော့ လက် ရွေးစင်အသင်းကြီးနဲ့ လူငယ်အသင်းပဲရှိတာလေ။ သူတို့ဆီမှာကျတော့ ကလပ်အသင်းတွေ၊ နိုင်ငံအလိုက်အဆင့် အသင်းတွေခွဲထားတာ အများ ကြီးပဲ။ ကမ္ဘာ့အဆင့်အတန်း ဝင်တဲ့အသင်းတွေဆို တအားကောင်းတာ။ သူတို့ကတော်တော်လဲ ကျော်ကြားတယ်။ သူတို့ဆီက အသင်းကောင်း တွေနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့တာ အတွေ့အကြုံကောင်း တွေအများကြီးရခဲ့တယ်''ဟု ရီရီဦးက ဂျပန်ခရီး အတွေ့အကြုံကို ဖွင့်ဟသည်။

ထို့ပြင် မြန်မာအမျိုးသမီးအသင်း အောင် မြင်မှုရခဲ့ခြင်းတွင် ဂျပန်လူမျိုးနည်းပြကြီးကုမာ ဒါက အဓိက ကျနေသည်။ သူ၏ နည်းဗျူဟာ၊ မြန်မာအမျိုးသမီးအသင်းကို မည်သို့ကိုင်တွယ်ရမည်၊ မည်သို့နည်းပြပေး ရမည်ကို သူကကောင်း ကောင်း နားလည်နေသည်။ လက်ရှိကစားသမား အများအပြားကလည်း ယူ-၁၉ အသင်းကတည်းက လက်တွဲခဲ့ကြသူများဖြစ်နေသည်ကြောင့် ကု မာဒါကို ကိုင်တွယ်ရ ပိုလွယ်ကူစေ ခဲ့ခြင်းဖြစ် သည်။ ယင်းကိုလည်း ''ဒီနည်းပြကြီးက တကယ်ကောင်းတယ်။ ကျွန်တော်တို့ အပေါ်လဲ စေတနာထားတယ်။ အားလုံးကို သေချာသင်ပေးတယ်။ သူ မြန်မာအသင်းကို ကိုင်တွယ်ပြီးကတည်းက ကျွန် တော် ပုံမှန်နေရာရလာတာလေ။ သူ့ရဲ့သင်ကြား မှုတွေကို သေချာလိုက်နာ နိုင်ခဲ့တယ်။ ပွဲအတွေ့ အကြုံတွေကြောင့် ခြေစွမ်းပိုတက်လာခဲ့တာလို့ ယုံတယ်''ဟု ရီရီဦးက ထပ်ဆိုသည်။

ဂျပန်ခရီးစဉ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အတွေ့အကြုံများစွာ ရခဲ့သည်။ ထို့အပြင် ဂျပန်ယူ-၂၃အသင်းနှင့်လည်း မြန်မာ့မြေတွင် ထပ်ဆုံရဦးမည်ဖြစ်သည်။ ယခု ပွဲက ခြေစမ်းပွဲမဟုတ်၊ သူနိုင်ကိုယ်နိုင်အပြိုင် ကြဲရမည့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အမိမြေတွင် လက်ခံကျင်းပသည့် ပြိုင်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်လာမည့် ဂျပန်နှင့်က အုပ်စုနောက်ဆုံးပွဲစဉ်တွင် ကစားရမည်။ မြန်မာအမျိုး သမီးပွဲစဉ်များနှင့်ပတ်သက်ပြီး ရီရီဦးက ''လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန်အသင်းတွေနဲ့ ကျွန် တော်တို့ ကစားရမှာလေ။ ပထမဦးဆုံး သုံးပွဲဆက် တိုက်က ပွဲချောင်တယ်လို့ ပြောလို့ရနိုင်တယ်။

ဂျပန်အသင်းနဲ့ နောက်ဆုံးပွဲကျမှတွေ့မယ်ဆို တာကြောင့် ရှေ့ကပွဲတွေကို နိုင်ထားဖို့လိုတယ်။ ဒီအတွက် အကောင်းဆုံးကစားနိုင်ဖို့လိုတယ်။ ဂျပန်အသင်းနဲ့ တွေ့တဲ့အခါကျရင် ခံစစ်ပိုင်းကို သေချာပြင်ထားရမှာပါ။ သူတို့ခြေစွမ်းက ကိုယ့် အသင်းထက် တအားကောင်းတော့ ဂိုးတွေအများ ကြီးမပေးရအောင် ခံစစ်ကစားပုံကို သေချာ လုပ်နေကြတယ်''ဟု လက်ရှိ မြန်မာအမျိုးသမီး၏ အာဆီယံချန်ပီယံရှစ်ပွဲ အပေါ် ပြင်ဆင်နေပုံကို ပြောပြသည်။

မြန်မာနိုင်ငံက စက်တင်ဘာလတွင် အာ ဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို လက်ခံ ကျင်းပရမည်။ ယင်းနောက် ဒီဇင်ဘာတွင် ဆီး ဂိမ်းပြိုင်ပွဲကို လက်ခံကျင်းပပေးရဦးမည်။ တကယ့် ပွဲကြီးပွဲကောင်းများကို လက်ခံကျင်းပပေးနေ ရခြင်းဖြစ်သည်။

ထိုပွဲများက မြန်မာပြည်သူများ စောင့်ကြည့်နေသည့် ပွဲများလည်းဖြစ်သည်။ ဘောလုံးကို ရူးသွပ်စွာ အားပေးနေသည့် မြန်မာ ပြည်သူများက အောင်မြင်မှုရလာသည့် အမျိုးသ မီးအသင်းအပေါ် ပိုပြီးသတိထား အာရုံစိုက်နေ ကြပြီဖြစ်သည်။ ယင်းကြောင့် ပြိုင်ပွဲနှစ်ခုစလုံးတွင် မြန်မာအမျိုးသမီးအသင်းအောင်မြင်မှု ရ စေရန်ကို လိုလားနေကြသည်။ မြန်မာအမျိုးသမီး လက်ရွေးစင်ကစားသမားများကလည်း လက်ရှိ ပြင်ဆင်နေမှုကြောင့် ဆီးဂိမ်းတွင် ချန်ပီယံဖြစ်နိုင် မည်ဟု ယုံကြည်နေသည်။ ကစားသမားတစ်ဦး ချင်းစီကလည်း အားနည်းချက်များကို ပြင်ဆင် လျက်ရှိနေသည်။ ကွင်းအတွင်းတွင် တစ်ဦးအပေါ် တစ်ဦးယုံကြည်မှု၊ စည်းလုံးမှုများရှိနေသည်က မြန်မာအမျိုးသမီးအသင်း ဆီးဂိမ်းတွင်ရွှေရရေးအတွက် အဓိက ဖြစ်စေနိုင်သည့်အချက်ဟုပင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တိုက်စစ် မှူး ရီရီဦးက ပြော ခဲ့ပြန် သည်။

အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ကျင်းပမည်က ရက်ပေါင်း ၂ဝကျော်ကျော်သာ ကျန်ရှိ တော့သည်။ ဆီးဂိမ်းပြိုင်ပွဲက ၁၁၆ရက်ပဲကျန် တော့သည်။ အောင်မြင်မှုအတွက် မျှော်လင့်ချက်၊ ယုံကြည် ချက်၊ ပြင်းပြသည့်စိတ်ဓာတ်များ ဖြင့် မြက်ခင်းစိမ်းများအထက်မှ မြန်မာ့ဂုဏ်၊ မြန်မာ့အလံကို ထည်ဝါစေ မည့် မြန်မာ့အမျိုးသမီးအသင်းသားလေးများ မည်သို့အောင်လံထူ ပေးမည်နည်းဆိုသည်ကို ကျွန်ုပ် တို့စောင့်ကြည့် ရတော့မည်သာဖြစ်ပါသည်။

မှတ်ချက်။ (ရီရီဦးအနေဖြင့် အာရှအမျိုးသမီးခြေစစ်ပွဲတွင် ပါလက်စတိုင်းဘက်သို့ ဂိုး သွင်းယူနိုင်သည်မှာ ငါးဂိုးဟု ယူဆမှုများရှိ သော်လည်း အာရှဘောလုံးအဖွဲ့ချုပ်က ယင်းပွဲတွင် ခြောက်ဂိုးသွင်းနိုင်ခဲ့သည်ဟု သတ်မှတ် ဖော်ပြထားခြင်းကို မှီငြမ်းထားခြင်းဖြစ်သည်။)

Yangon Media Group

No comments:

Post a Comment