Friday 16 August 2013

လိုအပ်ချက်ကြောင့် တရုတ်ဆန် ဝယ်ဈေး မြင့်နိုင်

Photo: လိုအပ်ချက်ကြောင့် တရုတ်ဆန် ဝယ်ဈေး မြင့်နိုင်
Friday, August 16, 2013 

တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ဝယ်ဈေးနှင့် မကိုက်သဖြင့် ပြည်တွင်းမှ တင်ပို့ ရောင်းချနိုင်မှု နည်းနေသော်လည်း မြန်မာ့ဆန်ကြမ်း ဝယ်လိုအား ရှိနေသဖြင့် တရုတ် ဝယ်လက်ဈေး ပိုမို မြင့်တက်လာနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် ဆန်ကုန်သည်များက သုံးသပ် ပြောကြား သည်။

ဗီယက်နမ် ဆန်များကို တရုတ် ဝယ်ယူခွင့် နည်းနေသဖြင့် မြန်မာ့ဆန်ကြမ်း အဝယ်လိုက်လာကာ သြဂုတ်လဆန်းပိုင်းမှ စတင်၍ ပိဿာ ၃၀ ဝင် ဆန် တစ်အိတ်လျှင် ၃ ယွမ်ခန့် မြင့်တက်ခဲ့ပြီး သြဂုတ်လကုန်ပိုင်းထိ ဆက်လက် မြင့်တက်လာနိုင်ကြောင်း မူဆယ် ဆန်စပါးလုပ်ငန်း အသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမင်းသိန်းက ပြောကြားသည်။

“တရုတ် လိုသလောက် ပစ္စည်းမရတော့ အရောင်းအဝယ်က ပုံမှန်ပါပဲ။
 ပြည်တွင်းဈေးက မြင့်ပြီး သူတို့ ဝယ်ဈေး မမြင့်လို့ မူဆယ်ကို ဆန်သိပ်မဝင်ဘူး” ဟု ၎င်းက ဆိုသည်။

မူဆယ် ဆန်ဈေးကွက်တွင် သြဂုတ်လ ၁၄ ရက်နေ့က ဆန်ကွဲအိတ် ၇၀၀၀ ကျော်၊ ဆန်ကြမ်း အစုံ အိတ် ၈၀၀၀ ကျော် အရောင်းအဝယ် ရှိကြောင်း မူဆယ် ဆန်စပါးလုပ်ငန်းအသင်း စာရင်းများအရ သိရသည်။

“ပုံမှန်ဆို ဆန်အိတ် လေးသောင်းကျော်လောက် အရောင်းအဝယ် ဖြစ်တတ် တာ။ ပြည်တွင်းဈေးက မြင့်မြင့်နေတော့ ရောင်းရတာ မမြတ်ဘူး” ဟု မူဆယ်မြို့ အခြေစိုက် ဆန်ကုန်သည် တစ်ဦးက ဆိုသည်။

ပြည်တွင်း ဆန်ကြမ်း ဈေးကွက်တွင် ရက်ပိုင်းအတွင်း ဆန် တစ်အိတ်လျှင် တစ်ထောင်ကျပ်ခန့် မြင့်တက်မှု ရှိပြီး ရွှေဘိုဒေသမှ ထွက်ရှိသည့် ၇၄၇ ဆန်များမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လုနီးပါး ရှိနေကြောင်း ရွှေဘိုဒေသ မှ ဆန်စက် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

“ခါတိုင်း ၇၄၇ ဆန်က စက်တင်ဘာ လကုန်လောက်မှ ပစ္စည်း ကုန်တာ၊ ဒီနှစ်မှာ စိုက်ဧက နည်းလို့ ခုရက်ပိုင်းတွင်းကို ဆန်ရှားသလောက် ရှိနေပြီ” ဟု ၎င်းက ဆိုသည်။

မန္တလေး ဈေးကွက်အတွင်း ၇၄၇ ဆန်ကြမ်း တစ်အိတ်လျှင် ၁၉၇၀၀ ကျပ်ထိ ဈေးပေါက်နေပြီး အဝယ်များကာ ရောင်းလိုအား နည်းနေကြောင်း မန္တလေးမြို့တော် ဆန်ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

The Voice Weekly
တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ဝယ်ဈေးနှင့်မကိုက်သဖြင့် ပြည်တွင်းမှ တင်ပို့ရောင်းချနိုင်မှု နည်းနေသော်လည်း မြန်မာ့ဆန်ကြမ်း ဝယ်လိုအားရှိနေသဖြင့် တရုတ်ဝယ်လက်ဈေး ပိုမိုမြင့်တက် လာနိုင်ကြောင်း မန္တလေးမြို့တော်အခြေစိုက် ဆန်ကုန်သည်များက သုံးသပ် ပြောကြားသည်။
ဗီယက်နမ် ဆန်များကို တရုတ် ဝယ်ယူခွင့် နည်းနေသဖြင့် မြန်မာ့ဆန်ကြမ်း အဝယ်လိုက်လာကာ သြဂုတ် လဆန်းပိုင်းမှစတင်၍ ပိဿာ ၃၀ ဝင် ဆန် တစ်အိတ်လျှင် ၃ ယွမ်ခန့် မြင့်တက်ခဲ့ပြီး သြဂုတ်လကုန်ပိုင်းထိ ဆက်လက် မြင့်တက်လာနိုင်ကြောင်း မူဆယ်ဆန်စပါးလုပ်ငန်းအသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမင်းသိန်း က ပြောကြားသည်။

“တရုတ် လိုသလောက် ပစ္စည်းမရတော့ အရောင်းအဝယ်က ပုံမှန်ပါပဲ။ ပြည်တွင်းဈေးက မြင့်ပြီး သူတို့ ဝယ်ဈေး မမြင့်လို့ မူဆယ်ကို ဆန်သိပ်မဝင်ဘူး” ဟု ၎င်းက ဆိုသည်။

မူဆယ် ဆန်ဈေးကွက်တွင် သြဂုတ်လ ၁၄ ရက်နေ့က ဆန်ကွဲအိတ် ၇၀၀၀ ကျော်၊ ဆန်ကြမ်း အစုံ အိတ် ၈၀၀၀ ကျော် အရောင်းအဝယ် ရှိကြောင်း မူဆယ် ဆန်စပါးလုပ်ငန်းအသင်း စာရင်းများအရ သိရသည်။

“ပုံမှန်ဆို ဆန်အိတ် လေးသောင်းကျော်လောက် အရောင်းအဝယ် ဖြစ်တတ် တာ။ ပြည်တွင်းဈေး က မြင့်မြင့်နေတော့ ရောင်းရတာ မမြတ်ဘူး” ဟု မူဆယ်မြို့ အခြေစိုက် ဆန်ကုန်သည် တစ်ဦးက ဆိုသည်။

ပြည်တွင်း ဆန်ကြမ်း ဈေးကွက်တွင် ရက်ပိုင်းအတွင်း ဆန် တစ်အိတ်လျှင် တစ်ထောင်ကျပ်ခန့် မြင့်တက်မှု ရှိပြီး ရွှေဘိုဒေသမှ ထွက်ရှိသည့် ၇၄၇ ဆန်များမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လုနီးပါး ရှိနေကြောင်း ရွှေ ဘိုဒေသ မှ ဆန်စက် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

“ခါတိုင်း ၇၄၇ ဆန်က စက်တင်ဘာ လကုန်လောက်မှ ပစ္စည်း ကုန်တာ၊ ဒီနှစ်မှာ စိုက်ဧက နည်းလို့ ခုရက်ပိုင်းတွင်းကို ဆန်ရှားသလောက် ရှိနေပြီ” ဟု ၎င်းက ဆိုသည်။

မန္တလေး ဈေးကွက်အတွင်း ၇၄၇ ဆန်ကြမ်း တစ်အိတ်လျှင် ၁၉၇၀၀ ကျပ်ထိ ဈေးပေါက်နေပြီး အဝယ် များကာ ရောင်းလိုအား နည်းနေကြောင်း မန္တလေးမြို့တော် ဆန်ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
The Voice Weekly

No comments:

Post a Comment