Friday 16 August 2013

ဧည့်မထဆန်ဖြင့်သာ ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ဟု ကုန်သည် အချို့ဆို

Photo: ဧည့်မထဆန်ဖြင့်သာ ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ဟု ကုန်သည်
အချို့ဆို
Friday, August 16, 2013

မြန်မာနိုင်ငံဆန်ကို ပြည်ပတင်ပို့ရာတွင် ကမ္ဘာသိ ပေါ်ဆန်းမွှေး
ဆန်ထက် ဆန်ကြမ်းအုပ်စုဝင်ဖြစ်သော ဧည့်မထဆန်ဖြင့်သာ
နိုင်ငံတကာ ဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်မည် ဖြစ်ကြောင်း
မြန်မာ့ ထိပ်တန်း ဆန်ကုန်သည်ကြီးအချို့က တညီတညွတ်တည်း သုံးသပ်ပြောကြားသည်။

ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့လုပ်ငန်းစဉ် ခုနစ်ချက်တွင်
ပေါ်ဆန်းမွှေးဆန်ဖြင့် ကမ္ဘာ့ဆန်ဈေးကွက်ကို ထိုးဖောက်ရန် ထည့်သွင်းထားခြင်း အပေါ်တွင် အဆိုပါ ကုန်သည်ကြီးများက
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံ
ဆန်စပါး အသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကောင်စီအစည်း
အဝေးတွင် ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ ပေါ်ဆန်းမွှေးဆန်သည် ဒေသမရွေး စိုက်ပျိုး၍ မရခြင်းကြောင့် ဆန်ကြမ်း အုပ်စုဝင် ဧည့်မထဆန်ကိုသာ ပြည်ပဈေးကွက်တွင် အမှတ်တံဆိပ်တစ်ခု အနေနှင့် သိရှိအောင် ကြိုးစားသင့်သည်ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆိုသည်။

“မြန်မာပေါ်ဆန်းမွှေးကို ကမ္ဘာက သိပေမယ့် ဧည့်မထကိုလည်း အရည်အသွေး အဆင့်သတ်မှတ်ပြီး ပြည်ပပို့ဖို့ လုပ်သင့်တယ်။ လက်ရှိပို့နေတဲ့ ဆန်တွေမှာ ၇ မီလီမီတာ အရှည်ရှိတဲ့ ဆန်တွေပါတဲ့အတွက် ဆန်ကောင်းတွေကို ဈေးပေါပေါနဲ့ ရောင်းလိုက်သလို ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းကဆိုသည်။

ပေါ်ဆန်းမွှေးသည် ပြည်ပဈေးကွက်တွင် နာမည်ကောင်း ရသော်လည်း
ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှု နည်းသည့်အတွက် ပြည်ပတင်ပို့ရန် အခက်အခဲ ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောကြားသည်။

ကမ္ဘာ့ဆန်တင်ပို့သည့် နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနက သုတေသန ပြုထုတ်လုပ်ထားသော ဧည့်မထ စပါးမျိုးများကိုသာ သက်ဆိုင်ရာနိုင်ငံများ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီရန် ပြုပြင်၍ စိုက်ပျိုးလျက် ရှိကြကြောင်း ပြည်တွင်းဆန်စပါး လုပ်ငန်းရှင်ကြီးများက ဆိုသည်။

မြန်မာနိုင်ငံသည် ဒေသအတွင်း ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံများ စာရင်းတွင် ပါဝင်ရပ်တည်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်းက ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့နိုင်
ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်ထံမှ သိရသည်။

The Voice Weekly
မြန်မာနိုင်ငံဆန်ကို ပြည်ပတင်ပို့ရာတွင် ကမ္ဘာသိ ပေါ်ဆန်းမွှေး ဆန်ထက် ဆန်ကြမ်းအုပ်စုဝင်ဖြစ်သော ဧည့်မထဆန်ဖြင့်သာ နိုင်ငံတကာ ဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်မည် ဖြစ်ကြောင်း မြန်မာ့ ထိပ်တန်း ဆန် ကုန်သည် ကြီးအချို့က တညီတညွတ်တည်း သုံးသပ်ပြောကြားသည်။ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့လုပ်ငန်းစဉ် ခုနစ်ချက်တွင် ပေါ်ဆန်းမွှေးဆန်ဖြင့် ကမ္ဘာ့ဆန်ဈေး ကွက် ကို ထိုးဖောက်ရန် ထည့်သွင်းထားခြင်း အပေါ်တွင် အဆိုပါ ကုန်သည်ကြီးများက ပြီးခဲ့သည့် သြဂုတ် လ ၁၃ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကောင်စီ အစည်း အဝေးတွင် ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ ပေါ်ဆန်းမွှေးဆန်သည် ဒေသမရွေး စိုက်ပျိုး၍ မရခြင်းကြောင့် ဆန်ကြမ်း အုပ်စုဝင် ဧည့်မထ ဆန်ကိုသာ ပြည်ပဈေးကွက်တွင် အမှတ်တံဆိပ်တစ်ခု အနေနှင့် သိရှိအောင် ကြိုးစားသင့်သည် ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆိုသည်။

“မြန်မာပေါ်ဆန်းမွှေးကို ကမ္ဘာက သိပေမယ့် ဧည့်မထကိုလည်း အရည်အသွေး အဆင့်သတ်မှတ် ပြီး ပြည်ပပို့ဖို့ လုပ်သင့်တယ်။ လက်ရှိပို့နေတဲ့ ဆန်တွေမှာ ၇ မီလီမီတာ အရှည်ရှိတဲ့ ဆန်တွေပါတဲ့အတွက် ဆန်ကောင်းတွေကို ဈေးပေါပေါနဲ့ ရောင်းလိုက်သလို ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းကဆိုသည်။

ပေါ်ဆန်းမွှေးသည် ပြည်ပဈေးကွက်တွင် နာမည်ကောင်း ရသော်လည်း ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှု နည်းသည့်အတွက် ပြည်ပတင်ပို့ရန် အခက်အခဲ ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောကြားသည်။

ကမ္ဘာ့ဆန်တင်ပို့သည့် နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနက သုတေသနပြု ထုတ် လုပ်ထားသော ဧည့်မထစပါးမျိုးများကိုသာ သက်ဆိုင်ရာနိုင်ငံများ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီ ရန် ပြုပြင်၍ စိုက်ပျိုးလျက် ရှိကြကြောင်း ပြည်တွင်းဆန်စပါး လုပ်ငန်းရှင်ကြီးများက ဆိုသည်။

မြန်မာနိုင်ငံသည် ဒေသအတွင်း ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံများ စာရင်းတွင် ပါဝင်ရပ်တည်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်းက ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment