Friday 16 August 2013

ဂျပန်၏ကျူးကျော်မှုအတွက် နောင်တစကား ဝန်ကြီးချုပ် မပြောကြားတော့

Photo: ဂျပန်၏ကျူးကျော်မှုအတွက် နောင်တစကား ဝန်ကြီးချုပ် မပြောကြားတော့
Friday, August 16, 2013 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က ကျူးကျော် တိုက်ခိုက်ခဲ့မှုများနှင့် ပတ်သက်ပြီး နောင်တရကြောင်း
 ပြောဆိုလေ့ရှိသည့် အစဉ်အလာကို ဖယ်ရှားသွားခဲ့ကြောင်းသိရသည်။ 

(၁၉၄၅)ခုနှစ်က ဂျပန်တို့ ဒုတိယကမ္ဘာစစ်တွင် လက်နက်ချ အရှုံးပေး
ခဲ့သည့် ဖြစ်ရပ်အတွက် နှစ်ပတ်လည်နေ့တွင် အဘေးက မိန့်ခွန်းပြောကြားရာ၌ နှစ်ပေါင်း(၂၀)မျှအတွင်း ပထမဆုံးအကြိမ်အဖြစ် အဆိုပါ အစဉ်အလာကို ချိုးဖောက်သွားခြင်း ဖြစ်သည်။ ဂျပန်က အာရှနိုင်ငံများအပေါ် ကျူးကျော်တိုက်ခိုက်ခဲ့မှုကို နောင်တရကြောင်း
 ပြောဆိုမှု မပြုခဲ့ခြင်းသည် လက်ရှိ ဂျပန်နိုင်ငံနှင့် တရုတ်၊ တောင်ကို
ရီးယားတို့ကြား အားပြိုင်မှု အခြေအနေများကို ထင်ဟပ်လာစေသည်။ အထူးသဖြင့် ဂျပန်က ကျူးကျော် တိုက်ခိုက်ဖူးသည့် တရုတ်နိုင်ငံနှင့် 
လက်ရှိ ဂျပန်အစိုးရတို့သည် ရေပိုင်နက်အငြင်းပွားမှု ပြဿနာများကြောင့် ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေသည်။

ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားသည့် ဂူဗိမာန် တစ်ခုသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီး(၂)ဦး၊ လွှတ်တော်အမတ် (၁၀၀)မျှ တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားကို ရည်ညွှန်းကာ အဘေးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်သည် ဂူဗိမာန် နေရာသို့မူ ကိုယ်တိုင်လာရောက်ခြင်း မပြုခဲ့ချေ။ တစ်ချိန်က ဂျပန်ဘုရင့် တပ်မတော်သည် ပစိဖိတ်လွှမ်းမိုးမှု မူဝါဒအရ အာရှအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း နိုင်ငံများကို ကျူးကျော်စစ် ဆင်နွှဲခဲ့သည်။

အဘေးသည် ဝန်ကြီးချုပ်အဆက်ဆက် ပြောဆိုလေ့ရှိသည့် "ဂျပန်ရဲ့ စစ်ကို ရှောင်လွှဲချင်တဲ့ ဆုံးဖြတ်ချက်ကို ဆက်လက် ထိန်းသိမ်းသွား
ပါမယ်"ဆိုသော စကားမျိုးကိုပါ ချန်လှပ်သွားသည်။ ယင်းသည် တရုတ်၏ ခြိမ်းခြောက်မှုများအတွက် လိုအပ်လျှင် ဂျပန်က တုံ့ပြန်မည်ဆိုသော သဘောမျိုးဟု ယူဆနိုင်ကြောင်း လေ့လာသူများက ဆိုသည်။ "ကျွန်တော့် အနေနဲ့ ဂျပန်ရဲ့ ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝချမ်းသာမှုတွေဟာ အသက်ပေါင်း
များစွာ စတေးခံပြီး တည်ဆောက်ခဲ့ရတယ် ဆိုတာကို ဘယ်တော့မှ မမေ့ပါဘူး"ဟုလည်း အဘေးက ပြောကြားခဲ့သည်

ဂျပန်သည် (၁၉၄၅)ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့က မဟာမိတ်တို့ထံ အပြီးတိုင် လက်နက်ချခဲ့သည်။ ယူဆူကူနီ နေရာသည် စစ်အတွင်း
 သေဆုံးခဲ့သူများစွာအတွက် ရည်စူး ဆောက်လုပ်ခဲ့ပြီး စစ်တရားခံအဖြစ် သတ်မှတ်ခဲ့သည့် ဂျပန်ဗိုလ်ချုပ်များအတွက်ပါ ဆက်နွယ်နေရာ ယင်းနေရာသို့ ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ခြင်းသည် ဂျပန်က စစ်ပြုဖူးသော နိုင်ငံများအတွက် ဒေါသထွက်လာစေဖွယ် ရှိနေသည်။ ထို့ကြောင့်လည်း အခမ်းအနားတွင် ဂူဗိမာန်နှင့် အဝေး၌သာ အဘေးက ရှိနေခဲ့ခြင်း ဖြစ်နိုင်သည်။

အခမ်းအနားသို့ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီး ယိုရှီတာကာ ရှင်ဒို တက်ရောက်ခဲ့သလို အခြား အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သူ ကီဂျီဖူရူယာလည်း ရောက်ရှိလာခဲ့သည်။ "စစ်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ ဝိညာဉ်တွေကို တိုင်တည်နှစ်သိမ့်တယ် ဆိုတာက ပြည်တွင်းရေးရာ ကဏ္ဍတစ်ခုတည်းပါပဲ။ တခြားတိုင်းပြည်တွေကို တစ်ခုခု ရည်စူးတာမျိုး မရှိပါဘူး"ဟု ဖူရူယာက ပြောကြားသွားသည်။

Planet Myanmar Network 
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က ကျူးကျော် တိုက်ခိုက်ခဲ့မှုများနှင့် ပတ်သက်ပြီး နောင်တရကြောင်း ပြောဆိုလေ့ရှိသည့် အစဉ်အလာကို ဖယ်ရှားသွားခဲ့ကြောင်းသိရသည်။
(၁၉၄၅)ခုနှစ်က ဂျပန်တို့ ဒုတိယကမ္ဘာစစ်တွင် လက်နက်ချ အရှုံးပေးခဲ့သည့် ဖြစ်ရပ် အတွက် နှစ်ပတ် လည်နေ့ တွင် အဘေးက မိန့်ခွန်းပြောကြားရာ၌ နှစ်ပေါင်း(၂၀)မျှအတွင်း ပထမဆုံးအကြိမ်အဖြစ် အဆိုပါ အစဉ်အလာကို ချိုးဖောက်သွားခြင်းဖြစ်သည်။ ဂျပန်ကအာရှနိုင်ငံများအပေါ် ကျူးကျော်တိုက်ခိုက်ခဲ့မှု ကို နောင်တရကြောင်း ပြောဆိုမှုမပြုခဲ့ခြင်းသည် လက်ရှိ ဂျပန်နိုင်ငံနှင့် တရုတ်၊ တောင်ကို ရီးယားတို့ကြား အားပြိုင်မှု အခြေအနေများကို ထင်ဟပ်လာစေသည်။ အထူးသဖြင့် ဂျပန်က ကျူးကျော် တိုက်ခိုက်ဖူးသည့် တရုတ်နိုင်ငံနှင့် လက်ရှိ ဂျပန်အစိုးရတို့သည် ရေပိုင်နက်အငြင်းပွားမှု ပြဿနာများကြောင့် ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေသည်။

ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားသည့် ဂူဗိမာန် တစ်ခုသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီး(၂)ဦး၊ လွှတ်တော်အမတ် (၁၀၀)မျှ တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားကို ရည်ညွှန်းကာ အဘေးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်သည် ဂူဗိမာန် နေရာသို့မူ ကိုယ်တိုင် လာရောက်ခြင်း မပြုခဲ့ချေ။ တစ်ချိန်က ဂျပန်ဘုရင့် တပ်မတော်သည် ပစိဖိတ်လွှမ်းမိုးမှု မူဝါဒအရ အာရှ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း နိုင်ငံများကို ကျူးကျော်စစ် ဆင်နွှဲခဲ့သည်။

အဘေးသည် ဝန်ကြီးချုပ်အဆက်ဆက် ပြောဆိုလေ့ရှိသည့် "ဂျပန်ရဲ့ စစ်ကို ရှောင်လွှဲချင်တဲ့ ဆုံးဖြတ်ချက် ကို ဆက်လက် ထိန်းသိမ်းသွားပါမယ်"ဆိုသော စကားမျိုးကိုပါ ချန်လှပ်သွားသည်။ ယင်းသည် တရုတ်၏ ခြိမ်းခြောက်မှုများအတွက် လိုအပ်လျှင် ဂျပန်က တုံ့ပြန်မည်ဆိုသော သဘောမျိုးဟု ယူဆနိုင်ကြောင်း လေ့ လာသူများကဆိုသည်။ "ကျွန်တော့်အနေနဲ့ ဂျပန်ရဲ့ ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝချမ်းသာ မှုတွေဟာ အသက်ပေါင်း
များစွာ စတေးခံပြီး တည်ဆောက်ခဲ့ရတယ် ဆိုတာကို ဘယ်တော့မှ မမေ့ပါဘူး"ဟုလည်း အဘေး က ပြောကြားခဲ့သည်

ဂျပန်သည် (၁၉၄၅)ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့က မဟာမိတ်တို့ထံ အပြီးတိုင် လက်နက်ချခဲ့သည်။ ယူဆူကူနီ နေရာသည် စစ်အတွင်း သေဆုံးခဲ့သူများစွာအတွက် ရည်စူး ဆောက်လုပ်ခဲ့ပြီး စစ်တရားခံအဖြစ် သတ်မှတ်ခဲ့သည့် ဂျပန်ဗိုလ်ချုပ်များအတွက်ပါ ဆက်နွယ်နေရာ ယင်းနေရာသို့ ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ခြင်းသည် ဂျပန်က စစ်ပြုဖူးသော နိုင်ငံများအတွက် ဒေါသထွက်လာစေဖွယ် ရှိနေသည်။ ထို့ကြောင့်လည်း အခမ်းအနားတွင် ဂူဗိမာန်နှင့် အဝေး၌သာ အဘေးက ရှိနေခဲ့ခြင်း ဖြစ်နိုင်သည်။

အခမ်းအနားသို့ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီး ယိုရှီတာကာ ရှင်ဒို တက်ရောက်ခဲ့သလို အခြား အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သူ ကီဂျီဖူရူယာလည်း ရောက်ရှိလာခဲ့သည်။ "စစ်ပွဲအတွင်းမှာ သေဆုံး ခဲ့တဲ့ ဝိညာဉ်တွေကို တိုင်တည်နှစ်သိမ့်တယ် ဆိုတာက ပြည်တွင်းရေးရာ ကဏ္ဍတစ်ခုတည်းပါပဲ။ တခြား တိုင်းပြည်တွေကို တစ်ခုခု ရည်စူးတာမျိုး မရှိပါဘူး"ဟု ဖူရူယာက ပြောကြားသွားသည်။

Planet Myanmar Network

No comments:

Post a Comment