Friday 16 August 2013

ကားဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ်သုံးနှစ်လျော့ တင်သွင်းပါက တင်သွင်းခွင့် ပိတ်ပင်မည်

Photo: ကားဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ်သုံးနှစ်လျော့ တင်သွင်းပါက တင်သွင်းခွင့် ပိတ်ပင်မည်
Friday, August 16, 2013

ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ် သုံးနှစ်လျော့ တင်သွင်းပါက ယာဉ်တင်သွင်းသူကို တင်သွင်းခွင့် ပိတ်ပင်မည်ဖြစ် ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိ ရသည်။

မော်တော်ယာဉ် တင်သွင်းသူများအနေဖြင့် ယာဉ်အို၊ ယာဉ်ဟောင်းစနစ်ဖြင့် တင်သွင်းပါက သတ်မှတ်မိုဒယ်အောက် ၂ နှစ် လျော့အထိ ဒဏ်ကြေးငွေ ပေးဆောင်ကာ ထုတ်ယူနိုင်မည်ဖြစ်သော်လည်း သုံးနှစ်အောက်လျော့ ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်ကိုလည်း ပြည်ပမှ ထပ်မံတင်သွင်း ခွင့်မပြုဘဲ ပြည်တွင်းအရောင်းစင်တာများမှသာ ၀ယ်ယူခွင့်ပြုမည် ဖြစ်သည်။

သတ်မှတ်မိုဒယ်လျော့ ကားများ တင်သွင်းလာလျှင် ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ဖြင့် တင်သွင်းပါက 1 Year Down ကို ဒဏ်ကြေး ကင်းလွတ်ပေးမည်ဖြစ်ပြီး 2 Year Down ကို CIF တန်ဖိုး တစ်ဝက် ½ AV ဒဏ်ကြေး ပေးဆောင်ကာ ထုတ်ယူနိုင်မည်ဖြစ်သည်။ ဖရီး ပါမစ်ဖြင့် သတ်မှတ်မိုဒယ်လျော့ ကားများ တင်သွင်းလာပါက 1 Year Down ကို ဒဏ်ကြေးကင်း လွတ်၊ 2 Year Down ကို CIF တန်ဖိုးတစ်ဝက် ½ AV ၊ 3 Year Down ကို CIF တန်ဖိုး တစ်ဆ CIF ဒဏ်ကြေး ပေးဆောင်ကာ
ထုတ်ယူနိုင်မည်ဖြစ်ပြီး သုံးနှစ် အောက်လျော့ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

Automobile Journal
ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ် သုံးနှစ်လျော့ တင်သွင်းပါက ယာဉ်တင်သွင်းသူကို တင်သွင်းခွင့် ပိတ်ပင်မည်ဖြစ် ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိ ရသည်။

မော်တော်ယာဉ် တင်သွင်းသူများအနေဖြင့် ယာဉ်အို၊ ယာဉ်ဟောင်းစနစ်ဖြင့် တင်သွင်းပါက သတ်မှတ် မိုဒယ်အောက် ၂ နှစ် လျော့အထိ ဒဏ်ကြေးငွေ ပေးဆောင်ကာ ထုတ်ယူနိုင်မည်ဖြစ်သော်လည်း သုံးနှစ်အောက်လျော့ ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်ကိုလည်း ပြည်ပမှ ထပ်မံတင်သွင်း ခွင့်မပြုဘဲ ပြည်တွင်းအရောင်းစင်တာများမှသာ ၀ယ်ယူခွင့်ပြုမည် ဖြစ်သည်။

သတ်မှတ်မိုဒယ်လျော့ ကားများ တင်သွင်းလာလျှင် ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ဖြင့် တင်သွင်းပါက 1 Year Down ကို ဒဏ်ကြေး ကင်းလွတ်ပေးမည်ဖြစ်ပြီး 2 Year Down ကို CIF တန်ဖိုး တစ်ဝက် ½ AV ဒဏ်ကြေး ပေးဆောင်ကာ ထုတ်ယူနိုင်မည်ဖြစ်သည်။ ဖရီး ပါမစ်ဖြင့် သတ်မှတ်မိုဒယ်လျော့ ကားများ တင်သွင်းလာပါက 1 Year Down ကို ဒဏ်ကြေးကင်း လွတ်၊ 2 Year Down ကို CIF တန်ဖိုးတစ်ဝက် ½ AV ၊ 3 Year Down ကို CIF တန်ဖိုး တစ်ဆ CIF ဒဏ်ကြေး ပေးဆောင်ကာထုတ်ယူနိုင်မည်ဖြစ်ပြီး သုံးနှစ် အောက်လျော့ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

Automobile Journal

No comments:

Post a Comment