Friday 16 August 2013

ပေါက်ကွဲမှုကြောင့် နစ်မြုပ်ခဲ့သည့် အိန္ဒိယ ရေငုပ်သင်္ဘောမှ အလောင်းများ စတင်တွေ့ရှိ

Photo: ပေါက်ကွဲမှုကြောင့် နစ်မြုပ်ခဲ့သည့် အိန္ဒိယ ရေငုပ်သင်္ဘောမှ အလောင်းများ စတင်တွေ့ရှိ
Friday, August 16, 2013

အိန္ဒိယ ရေတပ်၏ ရေငုပ်သမားများသည် ပေါက်ကွဲမှု ဖြစ်ပွားပြီး နစ်မြုပ်သွားသည့် ရေငုပ်သင်္ဘောမှ အလောင်း(၃)လောင်းကို စတင်တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း မွမ်ဘိုင်းရှိ သင်္ဘောကျင်း တစ်ခုတွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး နစ်မြုပ်နေခဲ့သည့် သင်္ဘောအတွင်း အနည်းဆုံး ရေတပ်သား (၁၈)ဦးမျှ ပိတ်မိနေမည်ဟု
ရေတပ်က အစောပိုင်းက ကြေညာထားသည်။ ယခုအခါ အလောင်း
(၃)လောင်းကို စတင်တွေ့ရှိခဲ့ပြီး ကျန်ရေတပ်သားများ၏ အသက်ရှင်ခွင့်
အတွက်လည်း မျှော်လင့်ချက် နည်းပါးနေကြောင်း သိရှိရသည်။

"အလောင်း(၃)လောင်းတော့ ပြန်ရှာတွေ့ထားပါပြီ။ တော်တော်လေးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်။ ဘယ်သူဘယ်ဝါ ဆိုတာကို မှန်းဆလို့ မရလောက်အောင် မီးလောင်မှုတွေရှိနေတယ်"ဟု ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "လက်ရှိမှာတော့ ရှာဖွေရေးတွေ ဆက်လုပ်နေပါတယ်။ ဒါပေမဲ့ အသက်ရှင် ကျန်ရစ်သူတွေကို တွေ့ရှိဖို့တော့ ဖြစ်နိုင်ခြေ နည်းသွားပါပြီ"ဟုလည်း ဝန်ခံခဲ့သည်။ ယမန်နေ့မှ စတင်ကာ ပျောက်ဆုံးသူ (၁၈)ဦး၏ မိသားစုများသည် မွမ်ဘိုင်းတွင် လာရောက် စုရုံးနေပြီ ဖြစ်သည်။ လက်ရှိ အချိန်ထိ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုလည်း တိတိကျကျ မဖော်ထုတ်နိုင်သေးချေ။

ထို့အပြင် INS ဆင်ဟာရက်ရှက် ရေငုပ်သင်္ဘော တည်ဆောက်ပုံအရ အတွင်းမှ ပိတ်ထားသော တံခါးများကို ဖျက်ဆီးဝင်ရောက်ရန် ခက်ခဲနေ
ဆဲဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းများ ကြံ့ကြာနေကြောင်း သိရှိရသည်။

ရေငုပ်သမားများသည် (၃၆)နာရီကြာ ကယ်ဆယ်ရေး လုပ်ငန်းများ အပြီးတွင် မှန်ပြောင်းကြည့် မျှော်စင်အတွင်းဘက် ဒုတိယအခန်းထိသာ
ရောက်ရှိနိုင်သေးသည်။ လတ်တလောတွင် ဆယ်ယူတွေ့ရှိသော အလောင်းများကို DNA စစ်ဆေးမှု ပြုလုပ်ရန် ရေတပ် ဆေးရုံသို့ ပို့ဆောင်ထားသည်။ ရေတပ်သည် ကြာသပတေးနေ့က ပျောက်
ဆုံးနေသည့် ရေတပ်သား (၁၈)ဦး၏ အမည်များကို ကြေညာခဲ့ပြီး အရာရှိ (၃)ဦးနှင့် တပ်သားအဆင့် (၁၅)ဦး ပါဝင်သည်။ အဆိုပါ ရေငုပ်သင်္ဘောကို ရုရှားထံမှ (၂၀၀၀)ပြည့်လွန်နှစ်များ မတိုင်မီက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ လက်နက်အဆင့် မြှင့်တင်မှုများ၊ တော်ပီဒို တပ်ဆင်မှုများကို ဒေါ်လာ သန်း(၈၀) အကုန်အကျခံ မွမ်းမံထားသည်။

Planet Myanmar Network
အိန္ဒိယ ရေတပ်၏ ရေငုပ်သမားများသည် ပေါက်ကွဲမှု ဖြစ်ပွားပြီး နစ်မြုပ်သွားသည့် ရေငုပ်သင်္ဘောမှ အလောင်း (၃)လောင်းကို စတင်တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း မွမ်ဘိုင်းရှိ သင်္ဘောကျင်း
တစ်ခုတွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး နစ်မြုပ်နေခဲ့သည့် သင်္ဘောအတွင်း အနည်းဆုံး ရေတပ်သား (၁၈)ဦးမျှ ပိတ်မိနေမည်ဟု ရေတပ်က အစောပိုင်းက ကြေညာထားသည်။ ယခုအခါ အလောင်း (၃)လောင်း ကို စတင်တွေ့ရှိခဲ့ပြီး ကျန်ရေတပ်သားများ၏ အသက်ရှင်ခွင့်အတွက်လည်း မျှော်လင့်ချက် နည်းပါးနေကြောင်း သိရှိရသည်။

"အလောင်း(၃)လောင်းတော့ ပြန်ရှာတွေ့ထားပါပြီ။ တော်တော်လေးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်။ ဘယ်သူဘယ်ဝါ ဆိုတာကို မှန်းဆလို့ မရလောက်အောင် မီးလောင်မှုတွေရှိနေတယ်" ဟု ရေတပ် ပြောရေး ဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "လက်ရှိမှာတော့ ရှာဖွေရေးတွေ ဆက်လုပ်နေပါတယ်။ ဒါပေမဲ့ အသက်ရှင် ကျန်ရစ်သူတွေကို တွေ့ရှိဖို့တော့ ဖြစ်နိုင်ခြေ နည်းသွားပါပြီ"ဟုလည်း ဝန်ခံခဲ့သည်။ ယမန်နေ့မှ စတင်ကာ ပျောက်ဆုံးသူ (၁၈)ဦး၏ မိသားစုများသည် မွမ်ဘိုင်းတွင် လာရောက် စုရုံးနေပြီ ဖြစ်သည်။ လက်ရှိ အချိန်ထိ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုလည်း တိတိကျကျ မဖော် ထုတ်နိုင်သေးချေ။

ထို့အပြင် INS ဆင်ဟာရက်ရှက် ရေငုပ်သင်္ဘော တည်ဆောက်ပုံအရ အတွင်းမှ ပိတ်ထားသော တံခါး များကို ဖျက်ဆီးဝင်ရောက်ရန် ခက်ခဲနေဆဲဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းများ ကြံ့ကြာနေကြောင်း သိရှိရသည်။

ရေငုပ်သမားများသည် (၃၆)နာရီကြာ ကယ်ဆယ်ရေး လုပ်ငန်းများ အပြီးတွင် မှန်ပြောင်းကြည့် မျှော်စင် အတွင်းဘက် ဒုတိယအခန်းထိသာ ရောက်ရှိနိုင်သေးသည်။ လတ်တလောတွင် ဆယ်ယူတွေ့ရှိသော အလောင်းများကို DNA စစ်ဆေးမှု ပြုလုပ်ရန် ရေတပ် ဆေးရုံသို့ ပို့ဆောင်ထားသည်။ ရေတပ်သည် ကြာသပတေးနေ့က ပျောက်ဆုံးနေသည့် ရေတပ်သား (၁၈)ဦး၏ အမည်များကို ကြေညာခဲ့ပြီး အရာရှိ (၃)ဦးနှင့် တပ်သားအဆင့် (၁၅)ဦး ပါဝင်သည်။ အဆိုပါ ရေငုပ်သင်္ဘောကို ရုရှားထံမှ (၂၀၀၀)ပြည့် လွန်နှစ်များ မတိုင်မီက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ လက်နက်အဆင့် မြှင့်တင်မှုများ၊ တော်ပီဒို တပ်ဆင်မှုများကို ဒေါ်လာ သန်း(၈၀) အကုန်အကျခံ မွမ်းမံထားသည်။

Planet Myanmar Network

No comments:

Post a Comment