
ရီးရဲလ်က ချဲလ်ဆီးကို ၃-၁ဂိုးနဲ့ အနိုင်ရတဲ့ ဂွန်းနက် နိုင်ငံတကာဖလား ဗိုလ်လုပွဲမှာရော်နယ်ဒိုကို ကွင်းအတွင်း ပြေး ၀င် ဖက်ခဲ့တဲ့ပရိသတ်ဟာ တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ခင်ဗျား(ရော်နယ်ဒို)က
ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါဗျာ။ ကျွန်တော်
ခင်ဗျားနောက်လိုက်ပြီး အမြဲအားပေးခဲ့တာပါလို့ ဂျိုကာ ပြောနေတုန်း
ရဲတွေရောက်လာခဲ့တာပါ။ အဲဒီအချိန်မှာ သူပြောခဲ့တာက “ ကျေးဇူးပြုပြီး
ရဲတွေကို ဖမ်းခွင့်မပြုလိုက်ပါနဲ့ဗျာ” ဆိုတာပါပဲ။ဒီအချိန်မှာ ရော်နယ်ဒိုဟာ ဂျိုကာကို တင်းတင်းဖက်ထားခဲ့ပါတယ်။ “ရော်နယ်ဒိုနဲ့ စကားပြောခွင့်ရတာ ကျွန်တော့်အတွက် မဟာအခွင့်အရေးပါပဲ။ ဒီအခွင့်အရေးကို ကျွန်တော်မဖြစ်မနေရအောင် ယူမှာပါ။ ဒီအတွက် အထိန်းသိမ်းခံရတာလည်း တန်ပါတယ်”လို့ ဂျိုကာက ပြောခဲ့ပါသေးတယ်။
YoYarLay
No comments:
Post a Comment