Thursday 4 October 2012

စတုတ္ထမျိုးဆက် ဆက်သွယ်ရေး နည်းပညာ (သို့) LTE




Long Term Evolution ကို အတိုကောက် LTE လို့ ခေါ်တဲ့ တနည်းဆိုရရင် 4G ( Fourth Generation ) ဆက်သွယ်ရေး နည်းပညာ တစ်ခုဟာ အခုဆိုရင် Apple ရဲ့ iPhone 5 နှင့် အတူ အသုံးပြုလို့ရနေပါပြီ ။ ဖုန်းကုမ္ပဏီအများစု တည်ထွင်ဖန်တီးထားတဲ့ ဒီနည်းပညာဟာ ဆိုရင် WiMax ထက် အဖက်ဖက်က သာလွန်ကောင်းမွန်နေပါတယ် ။

20 Megabits Per Second ဆိုတဲ့ ၁ စက္ကန့်မှာ သတင်းအချက်အလက် 20 Mbits လွှဲပြောင်းနိုင်ခြင်းအား LTE ရဲ့ ထင်ရှားတဲ့ Specification တစ်ခုပါ ။
Cable တွေ DSL Service တွေထက်တောင် အမြန်နှုန်းကမြင့်နေသေးတော့ မက်လောက်စရာပေါ့ ။ iPhone User တွေအတွက်တော့ ယခင် 3G Network မှ Data လွှဲပြောင်းမှု ထက် ၁၀ မက ပိုမိုမြန်ဆန် သွား တာကို မြင်တွေ့နိုင်ပါတယ်တဲ့ ။

Verizon Wireless ကုမ္ပဏီက အမေရိကားမှ မြို့ပေါင်း ၃၇၀ လောက်ကို LTE တပ်ဆင်ပေးထားတာဟာ ၂ နှစ်လောက်တောင်ရှိနေပါပြီ ။ သူ့နောက်ကနေတော့ AT & T က မြို့ပေါင်း ၆၂ မြို့နဲ့ နောက်က လိုက်နေ ပါတယ် ။

iPhone 4s အသုံးပြုသူတွေအတွက် မေးခွန်းထုတ်စရာကတော့ သူတို့ ဖုန်းမှာ ပါလာတဲ့ 4G ဆိုတာ LTE ကိုပြောတာမဟုတ်ဘူးလား ပေါ့ ။ မဟုတ်ပါဘူး - LTE ဟာ 4G တော့ 4G ပါပဲ ဒါပေမယ့် သူက Fourth Generation ဆက်သွယ်ရေး နည်းပညာ သစ်ပါ ။ iPhone 4s က 4G နဲ့မတူပါဘူး ။
ပြီးတော့ iPhone 4s ရဲ့ ဖုန်းမျက်နှာပြင် Status Bar မှာ ပြထားတဲ့ 4G ဆိုတာလည်းတကယ်တမ်းတော့ 3G ပဲအလုပ်လုပ်နိုင်ပါတယ် ။

ယခု လက်ရှိ iPhone 5 ကလည်း ပထမဆုံး LTE Network အသုံးပြု ဖုန်းတစ်လုံးတော့မဟုတ်ခဲ့ပါဘူး ။ Samsung , HTC တို့က လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်တည်းက သူတို့ရဲ့ ဖုန်းအချို့မှာ ထည့်သွင်းပေးခဲ့ ဖူးပြီး သားပါ ။ မြန်မာပြည်မှာ လက်ရှိသုံးနေတဲ့ 3G , EVDO , HSPA Network တွေထက်စာရင် အဆေ ပါင်ြးေ မာက်များစွာ LTE ကသာလွန်ကောင်းမွန်နေပေမယ့် လောလောဆယ်မှာတော့ အသုံးပြုဖို့ မဖြစ်နိုင်သေး ပါဘူး ။

အဆုံးသတ်အနေနဲ့ ပြောရရင် LTE က ဘယ်လောက်ပဲကောင်းကောင်း လောလောဆယ်မှာတော့ ဖုန်း Calling မှာတော့ အသုံးပြုလို့မရသေးပါဘူး Data Only ပါတဲ့ ။ မကြာခင်မှာတော့ Calling အတွက် Voice ကိုပါ အထောက်အပံ့ပေးနိုင်အောင် စီစဉ်နေပါပြီးလို့ သတင်းကောင်းပါးလိုက်ပါတယ် ။

Cyra (TSJ Tech Team)

No comments:

Post a Comment