Thursday 4 October 2012

ကျေးလက်ဒေသများတွင် နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်း အရစ်ကျ ရောင်းမည်

Thursday, 4 October 2012

မြန်မာနိုင်ငံ လူဦးရေ၏ ခုနှစ်ဆယ်ရာခိုင်နှုန်းရှိသော ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများအား ဝယ်ယူ အသုံးပြုနိုင်ရန် ကျပ်နှစ်သိန်းတန် GSM ဖုန်းများကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာန
တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် ကျေးလက်ဒေသများအတွက် သီးသန့်ရောင်းချပေးခြင်းဖြစ်ပြီး ကနဦးတွင် ကျပ်လေးသောင်း စတင်ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသော ကျပ်တစ်သိန်းခြောက်သောင်းကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများကို ကျပ်နှစ်သိန်းအထိ လျှော့ချ၍ ရောင်းချသည် ဆိုသော်လည်း မိုဘိုင်းဖုန်းများ ၏ ဈေးနှုန်းများမှာ အာဆီယံနိုင်ငံများ နှင့် နှိုင်းယှဉ်လျှင် အဆမတန် ဈေးနှုန်းကြီးမြင့် လျက်ရှိပြီး ငါးထောင်တန် မိုဘိုင်းဖုန်းများကို ဖြန့်ဖြူးပေးမည့် ကုမ္ပဏီကိုမူ လုပ်ကိုင်ခွင့် ချထားပေးခြင်း မရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက်ရည်ရွယ်၍ ဂျီအက်စ်အမ်ဖုန်းများကို အရစ်ကျ စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ပြီး ဖုန်းအရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပဲ အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့ အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရတနာပုံ Call Center ထံမှ သိရသည်။

နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းကို ၂၀၁၂ ခုနှစ် ဧပြီလမှစတင်ရောင်းချပေးခဲ့ပြီး ယခုအချိန်ထိ ဖုန်းအလုံးရေ နှစ်သန်းခန့်ရောင်းချထားပြီး၊ လာမည့် ၂၀၁၃ခုနှစ်တွင် လက်ရှိဈေးနှုန်းထက်လျော့နည်းသော တန်ဖိုးနည်းဖုန်း လေးသန်း ထပ်မံရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ထံမှသိရသည်။

်မူရင်းသတင်း - The Voice Weekly

No comments:

Post a Comment