Thursday 4 October 2012

ဂျော့ခ်ျအော်ဝဲလ် သွားခဲ့သည့်အတိုင်း ခရီးစဉ်တစ်ခုကို ခရီးသွားကုမ္ပဏီတစ်ခု ၀န်ဆောင်မှုပေးမည်

ရန်ကုန်၊အောက်တိုဘာ-၎

ရန်ကုန်အခြေစိုက် Slow Burma Travel ကုမ္ပဏီသည် ယခုနှစ် ဆောင်းရာသီအတွင်း မြန်မာနိုင်ငံတွင်း အင်္ဂလိပ် စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ် သွားခဲ့သည့် ခရီးအတိုင်း သွားမည့် ခရီးစဉ်တစ်ခုကို စတင် ၀န်ဆောင်ပေးတော့မည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်မှာ စာရေးဆရာကြီးအော်ဝဲလ် သွားခဲ့သည့် ခရီးစဉ်အတိုင်းဖြစ်ပြီး၊ ခရီးစဉ်ကို ခရီးသွား စာရေးဆရာ ကိတ်သ်လိုင်ယွန်နှင့် သမိုင်းဆရာ ရောဘတ်ပါစီဗယ်တို့က ဦးဆောင်မည်ဖြစ်ကာ ဧရာဝတီမြစ်အတိုင်း ကသာသို့ သွားမည်ဖြစ်သည်။ Animal Farm နှင့် Nineteen Eighty Four ၀တ္ထုများဖြင့် ကမ္ဘာကျော်သော စာရေးဆရာကြီး အော်ဝဲလ်သည် ကိုလိုနီခေတ် မြန်မာပြည်တွင် ၁၉၂၀ နှစ်များက ရဲတစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ ၄င်းသည် ၁၉၇၂ တွင် မြန်မာပြည် မှ ပြန်လာ ခဲ့ပြီးနောက် ကိုလိုနီမြန်မာပြည် အတွေ့အကြုံများကို Burmese Days ဟူသော အမည်ဖြင့် ၀တ္ထုရေး သားခဲ့သည်။

Slow Burma Travel ခရီးသွားကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း၌ လူသိ နည်းသော   နေရာဒေသ များသို့   လေ့လာရေး စီစဉ်ပေးနေသော ကုမ္ပဏီဖြစ်သည်။ ယခု ၂၀၁၂-၁၃ ကာလ တွင် ကုမ္ပဏီက ၀န်ဆောင် မှုပေး မည့် Orwell Burmese Day Tours ခရီးစဉ်များ တွင် နိုင်ငံအနှံ့ ရေနွေးငွေ့စက်ခေါင်းဖြင့် ခရီးသွားခြင်း၊ ရှေးခေတ်မေမြို့ (ယခု ပြင်ဦးလွင်)ရှိ အော်ဝဲလ် နေထိုင် ခဲ့ရာ တောင်ကုန်း ဘူတာရုံရှိ ရှေးဟို တယ်ဟောင်းတစ်ခုတွင် တည်း ခိုခြင်း၊ မန္တလေးတွင် အော်ဝဲလ် မကြာခဏ သောက်လေ့ရှိသော လက်ဖက်ရည်အချိုနှင့် နို့လက်ဖက်ရည်များ သွားရောက်မြည်းစမ်းခြင်း စသည့် ခရီးစဉ်များ ပါဝင်သည်။

Ref: etravelblackboardasia.com, 7daynews

No comments:

Post a Comment