Thursday 4 October 2012

သိရိလင်္ကာ နိုင်ငံတွင် ဘင်္ဂလားဒေ့ရှ် သံအမတ် တိုက်ခိုက် ခံရ

သီရိလင်္ကာဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ်ကြီးကို  ဒေါသထွက်နေသော ဗုဒ္ဓ ဘာသာဝင် ဆန္ဒပြသူများက  တိုက်ခိုက် ခဲ့ သဖြင့် ဒဏ်ရာ အနည်းငယ်   ရရှိသွားကြောင်း သတင်း ရရှိသည်။



ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမူ အပေါ် မကျေနပ်သော ဗုဒ္ဓဘာသာဝင် ၅၀၀ ခန့်သည် ယနေ့နံနက်က ကိုလံဘိုမြို့ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးရှေ့ တွင်    သွားရောက် ဆန္ဒပြခဲ့ကြသည်။

ထိုသို့ ဆန္ဒပြစဉ်အတွင်း ကျောက်ခဲများ၊ ရေသန့်ဗူးများဖြင့် ဘင်္ဂလာဒေခ်ျ့ သံရုံးကို တိုက်ခဲ့သဖြင့် သီရိ လင်္ကာ ဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ်တွင် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ပုဂ္ဂလိက ရုပ်သံဌာနများမှ  ထုတ်လွှင့်သော သတင်းများတွင် ဖေါ်ပြသည်။

အဆိုပါ ဆန္ဒပြပွဲအား ဗုဒ္ဓဘာသာ အဖွဲ့အစည်း တစ်ခု ဖြစ်သော Bodu Bala Sena  ဦးဆောင်ပြု လုပ်ခြင်း   ဖြစ်ပြီး အချက် (၅) ချက်ပါ တောင်းဆိုချက်များကိုလည်း တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

တောင်းဆိုချက်များထဲတွင် တိုက်ခိုက်သူများကို အရေးယူ အပြစ်ပေးရန်၊ ပျက်စီးသွားသော ဘုန်းေ တ်ာကြီး   ကျောင်းများကို ပြန်လည် တည်ဆောက်ပေးရန်နှင့် လူနည်းစု ဗုဒ္ဓဘာသာများကို ကာကွယ်ပေးရန် တို့ ပါဝင်ကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇားခရိုင် ရာမူး ပန်းဝါတွင် လွန်ခဲ့သော စနေနေ့ညနေက မွတ်ဆလင် အကြမ်းဖက် သမားများက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို ၀င်ရောက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် အနည်းဆုံး ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း ပျက်စီးခဲ့သည်။

၎င်းနောက်ပိုင်းတွင် ဘုန်းတော်ကြီး ကျောင်းများ တိုက်ခိုက်မူကို မကျေနပ်သဖြင့် အမေရိကန် နိုင်ငံ နူယူးေ ယာက် ကုလသမဂ္ဂ ရုံးရှေ့ အပါအ၀င် ထိုင်း၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံများတွင် ဆန္ဒပြကန့်ကွက်မူ များ ပေါ်ပေါက်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ မီးရှို့တိုက်ခိုက်ရာတွင် ပါဝင်သူများကို အမြန်ဆုံး ဖမ်းဆီး အရေး ယူ ရန် ယမန်နေ့က ပြုလုပ်သော ကပ်ဘိနပ် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးကို ညွှန်ကြားခဲ့ သည်။

ယခုအခါ ကော့စ်ဘဇားနှင့် စစ်တကောင်းတွင် လူပေါင်း ၃၀၀ ကျော်ကို ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ref:narinjara

1 comment:

  1. We Buddhist oppose those violent activities regardless of religious differences. We don't like seeing our Buddhists being attacked as well as don't agree on attacking others.

    ReplyDelete