Thursday 4 October 2012

ရန်ကုန်တွင် တရားမ၀င် ကန်ထရိုက်တိုက် ဆောက်လုပ်မှု ပိုများလာ

ရန်ကုန်မြို့အတွင်း ဆောက်လုပ်ခွင့်လိုင်စင်မဲ့ ကန်ထရိုက်ဆောက်လုပ်မှုသည် ပြီးခဲ့သည့်နှစ်များထက် ယ ခုနှစ် တွင် အများဆုံးဖြစ်ပြီး လက်ရှိ တရားစွဲဆို အရေးယူထားသော ကန်ထရိုက်အလုံးရေ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံအင်ဂျင်နီယာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။

 လိုင်စင်မဲ့ ကန်ထရိုက်အဆောက်အအုံ ၂၀၀ ကျော်အား စည်ပင်သာယာရေးကော်မတီ ဥပဒေပုဒ်မ-၂၈ ဖြင့် တရားစွဲဆို ဒဏ်ကြေးပေးဆောင်စေကာ မြို့နယ်စည်ပင်သာယာမှ အသိပေးစာများ ကပ်သော်လည်း လိုက်နာမှု မရှိ၍ ဥပဒေပုဒ်မ-၂၉ အရ ဒဏ်ကြေးငွေ တစ်ရက်လျှင် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်း အထိ ခွင့်ပြုရက် ကာလမတိုင်ခင်အထိ ပေးဆောင်ရမည်ဟု ဆိုသည်။

“ဒီနှစ်မှများတာ။ အရင်နှစ်က ဒီလောက်ထိမများဘူး။ ဘာလို့ များလာတာလဲဆိုတော့ ကန်ထရိုက်တွေက စည်းကမ်း မလိုက်နာကြလို့။ ကော်မတီအနေနဲ့ ဆောက်လုပ်ခွင့်ချပေးတာ နှစ်လတောင်မကြာပါဘူး”ဟု ဌာနမှူး ဦးမောင်မောင်ဇော်က ပြောသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်းရှိ အရေးယူထားသော ကန်ထရိုက်များအနက် သင်္ဃန်းကျွန်းမြို့နယ်၌ လိုင်စင်မဲ့ ကန်ထရိုက်တိုက်များကို အများဆုံးအရေးယူရပြီး ဆ/ကရပ်ကွက်အတွင်း၌ပင် အရေးယူခံရသော ကန်ထရိုက် တိုက် ၁၃၀ ကျော်အား အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

ref:7daynews

No comments:

Post a Comment