Thursday 4 October 2012

ကိုရီးယားကျွန်းဆွယ်ဒေသ၌ နျူကလီးယားစစ်ပွဲဖြစ်နိုင်ဟု မြောက်ကိုရီးယားပြောကြား

(၆၇) ကြိမ်မြောက် ကုလသမဂ္ဂနှစ်စဉ်အထွေထွေညီလာခံ နောက်ဆုံးပိတ်အစည်းအဝေးကာလ ၌ မြောက် ကိုရီးယားလက်ထော က်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စု၏မူဝါဒများအပေါ် ဝေဖန်ပြစ်တင် ခဲ့ကြောင်း အောက်တိုဘာ ၂ ရက် သတင်းများတွင် ဖော်ပြသည်။
 အမေရိကန်ပြည်ထောင်စု၏ ရန်လိုသောမူဝါဒများကြောင့် ကိုရီးယားကျွန်း ဆွယ်ဒေသ သည် နျူက လီးယား စစ်မီး တောက်လောင်သွားနိုင်ပြီး ကမ္ဘာပေါ်၌ အန္တရာယ်အရှိဆုံးေ ဒသ ဖြစ်လာ ရကြောင်းမြောက် ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ခ်ကေးလ်ယွန် က ပြောကြားခဲ့သည်။မြောက်ကိုရီးယားအပေါ် လုပ်ဆောင်လာသော မည်သည့် ရန်စလှုံ့ဆော်မှုမျိုးကိုမဆို စစ်အင်အား အသုံးပြုတားဆီးသွား မည်ဖြစ်ကြောင်း ပက်ခ်ကေးလ်ယွန်က ၄င်း၏ အထွေထွေ ညီလာခံမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ 
စစ်ပွဲကိုတားဆီး ရန်နှင့် ကိုရီးယားကျွန်းဆွယ်ဒေသ ရေရှည် ငြိမ်းချမ်းမှုရှိရန်အတွက် အမေရိ ကန်ပြည်ထောင် စုက မြောက် ကိုရီးယားနိုင်ငံအပေါ် ထားရှိသည့် ရန်လိုသောမူဝါဒများအား အဆုံးသတ် ရန် လိုကြောင်း ¤င်းက ဝေဖန်သုံးသပ်ခဲ့သည်။ မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်းနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက သဘောထား မှတ်ချက် မပေး ခဲ့ပေ။ မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်းသည် မြောက်ကို ရီး ယားခေါင်းေ ဆာင် ကင်ဂျုံအီလ် ကွယ်လွန်အပြီး ¤င်း၏သားဖြစ်သူ ကင်ဂျုံအန်က အုပ်ချုပ်မှု အာဏာ ဆက်ခံ ခဲ့ သည့်နောက်ပိုင်း ကုလသမဂ္ဂအဖွဲ့၌ ပထမဆုံး ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သည်။ 
 
ref:AP

No comments:

Post a Comment