Thursday 4 October 2012

ဇေကမ္ဘာကုမ္ပဏီ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှု အား အောက် တို ဘာလ(၁၁) ရက်နေ့၌ ရုံးချိန်း ထပ်မံခေါ်ယူသွားမည်


ဇေကမ္ဘာကုမ္ပဏီ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှု အား အောက် တို ဘာလ(၁၁) ရက်နေ့၌ ရုံးချိန်း ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေ အား ကုမ္ပဏီအသရေဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၅၀၀) ဖြင့် သြဂုတ်လ(၂၃)ရက်နေ့၌ တရားစွဲဆိုခဲ့ပြီး ပထမရုံးချိန်းအား စက်တင်ဘာလ(၆)ရက်နေ့၌ လည်းကောင်း၊ ဒုတိယရုံးချိန်းအား စက်တင် ဘာ လ (၂၀) ရက်နေ့၌ လည်းကောင်း ခေါ်ယူခဲ့ပြီး တတိယအကြိမ်ရုံးချိန်း အား အောက် တိုဘာလ (၄) ရက်နေ့ ၌ ခေါ်ယူပြီးဖြစ်ကြောင်း သိရသည်။
''ရုံးချိန်းကကြာဦးမှာပါ။ ပြီးဖို့ တော်တော်ကြာဦးမယ်။ တရားရုံးရဲ့လုပ်ထုံးလုပ်နည်းဆိုတော့ ကျွန်တော် တို့လည်း ဘာမှပြောလို့မရဘူး''ဟု အောက်တိုဘာလ(၄)ရက် နေ့ရုံးချိန်း၌ ဇေကမ္ဘာကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်ဇော် က ပြောကြားခဲ့ပါသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ပဲခူးမြို့မှ လယ်ယာမြေမှုခင်းကိစ္စရပ်များ၌ လိုက်ပါဆောင်ရွက်ပေးနေ သူရှေ့နေ ဦးအေးမြင့် (လမ်းပြကြယ်) က ''နေမျိုးဝေက လယ်သမားအကျိုးအတွက်လုပ်ပေးလို့ တရားစွဲခံရ တယ်။ ဒီအမှုကို ဥပဒေရှုထောင့်က သေချာ ကြည့်ရင် သေးသေးလေးပါ။ ဒါပေမယ့် ဒီအမှုမျိုးက လယ် သမား အပေါ် မတရားသဖြင့်လုပ်ထားတဲ့သူတွေက သူတို့လုပ်ထားတဲ့မတရားမှုမှာ ခံရတဲ့လယ် သမား ဘက် ကလိုက်ပေးရင် လိုက်တဲ့သူထောင်ထဲရောက်မယ်။ ဒါကို မင်းတို့ ကြည့်ကြ။ ဒီလို ဖြစ်မယ်ဆိုတာ နမူနာ အနေနဲ့ နေမျိုးဝေကိုတရားစွဲပြတာလို့ မှတ်ပါတယ်။ ဒီအမှုကို ဥပဒေနားလည်တဲ့သူတွေက မကူညီခဲ့ ရင် မတရားလုပ် တဲ့သူတွေက နိုင်သွားတော့မှာပေါ့။ ဒါ ကြောင့် ကျွန်တော်တို့ ဒီအမှုမှာ မေတ္တာနဲ့ ကူညီပေး ဖို့ လာရောက်ရခြင်း ဖြစ်ပါတယ်'' ဟု အောက်တိုဘာလ (၄)ရက်နေ့၌ ပြောကြားခဲ့သည်။

ရုံးချိန်းသို့ တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်၊ တရားစွဲဆိုခြင်းခံရသူ ဦးနေ မျိုးဝေနှင့် ဇေကမ္ဘာကုမ္ပဏီမှ စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်ရန် သိမ်းယူခြင်းခံရသော မင်္ဂလာဒုံ စက်မှု ဇုန် အပိုင်း (၁၊ ၂၊ ၃၊ ၄) မှ လယ်သမားများ၊ သင်္ယန်းကျွန်းကြီးနှင့် လှိုင်သာယာ (အတွင်း ပဌာန်၊ အပြင် ပဌာနမှ ) လယ်သမားများ တက်ရောက်ခဲ့ကြောင်းသိရပြီး အမှုကာလအတွင်း ဦးနေမျိုးဝေ အား ငွေကျပ်(၁၀) သိန်းတန် အာမခံဖြင့် ထားရှိကြောင်း သိရသည်။

No comments:

Post a Comment