Thursday 4 October 2012

 ဖားကန့်မြို့ ဖားပြင်ကျေးရွာအထက်ပိုင်းမှ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ၏ ရေကန်ကြီးများ ကျိုးပေါက်ကျမှုကြောင့် ဥရုချောင်းတစ်လျှောက်မှ အိမ်ခြေ ၄၀ ကျော် မျောပါဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး

Thursday, 04 October 2012 01:29
ဖားကန်မြို့စည်ပင်သာယာဈေး

ဖားကန့်ဒေသရှိ ဖားပြင်ကျေးရွာတွင် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် က ကျောက် မျက်တူးဖော် ရေးကုမ္ပဏီများမှ ရေကန် ၃ ကန်ကျိုး ပေါက်ခဲ့မှုကြောင့် အိမ်ခြေ ၄၀ ကျော် မျော ပါပျက်စီးဆုံးရှုံးခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာဖားပြင်ကျေးရွာ အထက်ပိုင်းတွင်ရှိသော ကျောက်မျက်တူးဖော် ရေးကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံများကြောင့် ရေတွင်းရေကန်ကဲ့သို့ ဖြစ်ပေါ်နေသော အဲဗားဝင်းနားရေကန်နှင့် ရွှေထိုင်းရေကန်တို့တွင် မိုးတွင်းကာလတစ် လျောက်လုံး ရေ၀င်ရောက်နေရာမှ မြေစာပုံ နံရံကျိုးပေါက်ကျခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျိုးပေါက်ကျလာသည့်ရေများမှာ ဥရုချောင်းအတွင်း ၀င်ရောက်ကာ ချောင်းဘေးရှိ ဖားပြင်ကျေးရွာမှ အိမ်ခြေ ၄၃ လုံးရေလုံးတွင် မျောပါပျက်စီး သွားခဲ့ကြောင်းဒေသခံများထံမှ သိရ သည်။
''ည ၁၀ နာရီခွဲဝန်းကျင်ဆိုတော့ မအိပ်ကြသေးဘူး။ အချိန်မီသိပြီး လူတွေက ရေလွတ်ရာကို ရွှေ့ပြောင်းနိုင်ခဲ့တာ။ အိမ်တွေကတော့ ရေလုံးနဲ့ မျောပါသွားတယ်။ အမျိုးသမီးတစ်ဦးကတော့ တောင်ပေါ်ကကျလာတဲ့ ရေလုံးကို မြင်ပြီး နှလုံးလန့်ပြီး ဆုံးသွားတာ''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
''ကုမ္ပဏီတွေက မြေစာပုံတွေကြောင့် ဘောလုံးကွင်းလောက်ကျယ်ပြီး ပေ ၁၀၀ လောက်နက်တဲ့ ရေတွင်းကြီးတွေလို ဖြစ်နေတာ။ တချို့ကန်တွေက သုံးဧကလောက်ထိရှိတယ်။ အဲလိုကန်သုံးကန် ကျိုးပေါက်ကျပြီး ဥရုချောင်းထဲကို ရေအလုံးအရင်းနဲ့ ၀င်လာပြီး ချောင်းဘေးက ဖားပြင်ရွာက အိမ်ခြေတွေမျောပါ ကုန်တာ။ အခိုင်အမာဆောက်ထားတဲ့ ၂ ခန်းပတ်လည် အိမ်တွေရော၊ အိမ်ပျော့တွေရောဆို အိမ်ခြေ ၄၃ လုံးမျောပါ ပျက်စီးသွားတယ်''ဟု ဖားပြင်ကျေးရွာမှ ရေမဆေးကျောက် ရှာဖွေသူတစ်ဦးက ပြောပြပါသည်။
ယင်းသို့ ဖြစ်စဉ်များဖြစ်ပေါ်ခြင်း မရှိစေရန် မိုးတွင်းကာလများတွင် ရေ၀င်ရောက်နေသော မြေစာပုံများအား စက်ယန္တရားများဖြင့် တာဖို့ခြင်းများ ဆောင်ရွက်လေ့ရှိသော်လည်း ယခုနှစ်တွင် ဒေသတွင်း အခြေအနေများအရ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ ရပ်နားထားရခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများက ဆိုပါသည်။

http://www.first-11.com

No comments:

Post a Comment