Thursday 4 October 2012

ပုဂ္ဂလိကဘဏ်များ ငွေလဲလှယ်ပေးသောပမာဏ ကန့်သတ်

နိုင်ငံခြားငွေ လဲလှယ်နိုင်သည့် ပမာဏကိုဗဟိုဘဏ်က ကန့်သတ်မထားသော်လည်း ပြင်ပဒေါ်လာေ ဈးနှုန်း ထက် ဘဏ်ငွေလဲနှုန်းက ဈေးပိုများနေသဖြင့် ဘဏ်များက မိမိအစီအ စဉ်ဖြင့် ငွေလဲကောင်တာ များ တွင် ငွေလဲနိုင်သည့် ပမာဏကို ကန့်သတ်လိုက်ကြောင်း ဘဏ်များမှ တာဝန်ရှိသူများ က ပြောသည်။

“အပြင်ဈေးနဲ့က ကွာနေတော့ နေ့တိုင်းလာရောင်းတဲ့ သူတွေလည်း ရှိနေတော့ ကန့်သတ်လိုက် တဲ့ သေ ဘာပဲ။ ဗဟို ဘဏ်က သတ်မှတ်တာတော့ မဟုတ်ဘူး။ စီးပွားရေးလုပ်တာဆိုတော့ အရှုံးမများအောင် ထိန်းပြီး လုပ်တဲ့ သဘောပဲ”ဟု CB ဘဏ်မှ ငွေလဲနှုန်းဌာနမှ တာဝန်ခံတစ်ဦးက ပြောသည်။ CB ဘဏ် အနေဖြင့် လူတစ်ယောက်လာရောင်းပါက တစ်ကြိမ်လျှင် ဒေါ်လာ ၁၀၀ သာ ၀ယ်ယူရန် ကန့်သတ်ထား သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ငွေပြန်ရောင်းလိုသူများမှာ ရာတန်နှစ်ရွက်၊ သုံးရွက် ရောင်းချရန်ပင် အကြိမ်ကြိမ်သွားရမည့် သဘောဖြစ်နေ၍ အဆင်မပြေဖြစ်နေရကြောင်း ငွေပြန်ရောင်းသူများက ပြောသည်။

ပြင်ပဈေးကွက်က ၀ယ်ယူလာသော ငွေများကို ဘဏ်များတွင် စီးပွားဖြစ် ပြန်လည်ရောင်းချသူများ ရှိနေေ သာကြောင့် အရှုံးနည်းအောင် ကန့်သတ်ထားခြင်းဖြစ်ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးကပြောသည်။

“ကျွန်တော်တို့ ဘဏ်မှာတော့ ဒေါ်လာ ၁၀၀၀ ထိ ၀ယ်ပေးတယ်။ ၁၀၀၀ ပဲ ၀ယ်ပေးတယ်ဆိုတာက လည်း     မှောင်ခိုလုပ်ပြီး လာရောင်းတဲ့သူကပဲ တစ်ရက်ကို ၁၅၀-၂၀၀ လောက်ရှိနေတော့ ဈေးကွက်ကို ထိန်း ထား တဲ့ သဘောပဲ”ဟု ယင်းကပြောသည်။

ယခုရက်ပိုင်းတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းများသည် ပြင်ပဈေးကွက်တွင် ဆက်တိုက်ကျဆင်းနေပြီး ဗဟို ဘဏ် သတ်မှတ်ချက်မှာ ပြောင်းလဲခြင်း မရှိသောကြောင့် ပြင်ပငွေဈေးနှင့် ဘဏ်များ တွင် ရောင်းချသောေ ဈးမှာ တစ်ဒေါ်လာပေါ်တွင် ရှစ်ကျပ်မှ တစ်ဆယ်ကျပ်အထိ ကွာခြားချက် များ ဖြစ်ပေါ်နေသည်။

“ဘဏ်တွေက ၀ယ်ထားတဲ့ဟာကို ဗဟိုဘဏ်က ပြန်ဝယ်ပေးရမယ်။ ဒါမှမဟုတ် ငွေဈေးကို အပြင်ဈေးနဲ့ လိုက်ညှိပေးတာမျိုးဖြစ်ဖြစ် လုပ်ရမယ်။ ဒါဆိုရင်ေ တာ့ ငွေဈေးကွက် က ရောင်းချင်သေ လာက် ရောင်းလို့ ရမယ် ဒါမျိုးမဟုတ်ဘူး”ဟု ဦးရဲမင်းဦး ကပြောသည်။

ဗဟိုဘဏ်က နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ရာတွင် ဘဏ်များက ရောင်းလို၊ ၀ယ်လိုသော ပမာ ဏနှင့်ရာင်းလို၊ ၀ယ်လိုသောဈေးကိုသာ ပြော၍ရသော်လည်း မည်သည့်ဈေး သတ်မှတ်ပေး ပါ ဟု တောင်း ဆို ၍မ ရကြောင်း ၎င်းကဆိုသည်။ ငွေလဲကောင်တာများ တွင် ငွေအရောင်း အ၀ယ် ပြုလုပ် ပါ က ဒေါ်လာ  တစ်သောင်း အထိ မှတ်ပုံတင်ပြရန် လိုအပ်ပြီး နိုင်ငံခြားသားများဆိုပါက ပတ်စ်ပို့ပြရ သည်။    ဒေါ်လာ တစ်သောင်းကျော်ပါက ၀င်ငွေရလမ်း ဖော်ပြရမည်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက် ဗဟိုဘဏ် ကို မေးမြန်းရာတွင် “ဘဏ်တွေက အမှန်တကယ် ဒေါ်လာဝင်ငွေရှိတဲ့ သူတွေကိုလည်း မ၀ယ်တာတွေ လည်း ရှိတယ်လို့ သိရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်ကိုလည်း စာတင်ဖို့ အခုလုပ်နေပါတယ်”ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
ref:7daynews

No comments:

Post a Comment