Thursday 4 October 2012

တရုတ်ရေနံကုမ္ပဏီ မိုင်းခွဲရှာဖွေမှုကြောင့် လယ်မြေဧက ၁၀၀ ခန့် စိုက်ပျိုးမရဖြစ်

တရုတ်ရေနံကုမ္ပဏီ၏ မိုင်းဖောက်ခွဲမှုကြောင့် ပြိုကျသွားသော ပုံတောင်ပုံညာအနီး ထီးလင်းမြို့နယ် အထက်ကျော် ရွာရှိ လယ်မြေဧက တစ်ရာခန့်မှာ စိုက်ပျိုးရေးလုပ်ကိုင်၍ မရတော့ကြောင်း သတင်းရ ရှိသည်။
“စပါးစိုက်တာ ဧကခုနစ်ဆယ်လောက်ရှိတယ်။ နောက်ပြီး ပြောင်း၊ မြေပဲ၊ နှမ်းစိုက်တဲ့ဧက ၃၀ လောက် ရှိမယ်။ ထိခိုက်သွားတဲ့ဧက ၁၀၀ ကျော်ပါတယ်။ မြေကြီးက အတော်လေးပြိုနေတယ်။ မနှစ်က လည်း ပြိုတယ်။ အခု မြက်တွေဘာတွေတော့ ပေါက်နေတာပေါ့။ စိုက်လို့ပျိုးလို့ မရတော့ဘူး။ တချို့လယ် ကွင်းေ တွ က လှန်ပစ်လိုက်သလို ဖြစ်သွားတယ်။ တစ်နေရာနဲ့တစ်နေရာ ငုပ်သွားပြီး ကမ်းပါးတွေ လို ဖြစ်သွား တာ”ဟု မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အထက်ကျော်ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးညိုဝင်းကပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ လူမှုစီးပွားနှင့် ပတ်ဝန်း ကျင် ထိခိုက်နစ်နာမှုများ ရှိပါက စည်းကမ်းကျင့်ဝတ် ဖောက်ဖျက်သော ကုမ္ပဏီများကို ယခင်က လုပ်ငန်း လိုင်စင် ဖျက်သိမ်းခဲ့ကြောင်း၊ ယခုကုမ္ပဏီသည် အမှန်တကယ် စည်းကမ်းမလိုက်နာပါက လုပ်ငန်းလိုင်စင် ပယ်ဖျက် သည်အထိ သက်ဆိုင်ရာက လုပ်ပိုင်ခွင့်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦး က ပြောသည်။

၂၀၁၁ ခုနှစ် မေလမှ သြဂုတ်လအတွင်း တရုတ်နိုင်ငံ ဆီနိုပက်ကုမ္ပဏီက ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရန် ပုံတောင်ပုံညာတစ်ဝိုက်ရှိ သစ်တောကြိုးဝိုင်းများတွင် မိုင်းဖောက်ခွဲခဲ့သည်။ ထို့ကြောင့် သစ်တောမြေ ဧကငါးထောင်ခန့်တွင် လယ်ယာမြေဧက ၁၀၀ ခန့် ပျက်စီးခဲ့ကြောင်း မကွေးမြို့ မြစ်ကွေ့ ဧရာလူမှုကွန်ရက်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ကျော်ကပြောသည်။

“ဒေသခံတွေရဲ့ သဘောဆန္ဒကတော့ ရိက္ခာပြတ်လပ်မှု ပြေလည်စေဖို့ အစိုးရကသော်လည်းကောင်း၊ အရပ်ဘက် အဖွဲ့အစည်းတွေက သော်လည်းကောင်း ကူညီပေးဖို့ လိုလားလျက် ရှိပါတယ်။ ဒါ့အပြင် သဘာ ၀ ဓာတ်ငွေ့ နဲ့ ရေနံရှာဖွေသွားတဲ့ တရုတ်ဆီနိုပက်ကုမ္ပဏီကို မြန်မာအစိုးရက တာဝန်ခံပြီး တရားစွဲ ဆို လျော်ကြေး၊ နစ်နာကြေး တောင်းဆိုတာတွေကို ပြုလုပ်ပေးဖို့ ဆန္ဒရှိခဲ့ကြပါတယ်။ အစိုးရဌာန အဆင့် ဆင့် နဲ့ လွှတ်တော်ကို တင်ပြပြီးဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ပြည်ပနိုင်ငံများမှ ကုန်းတွင်းရေနံ ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွား များအား ထိခိုက်မှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည်ဟူ၍ စာချုပ်ချုပ်ဆိုရာတွင် ပါဝင်ပြီး နစ် နာကြေးတောင်း ဆိုရာ၌ သက်ဆိုင်ရာ အာဏာပိုင်များမှတစ်ဆင့် ၀န်ကြီးဌာနကို ဆက်သွယ်တောင်း ခံနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်ပကုန်းတွင်းရေနံရှာဖွေရေး ကုမ္ပဏီများ စာချုပ်ချုပ်ဆိုရာတွင် စမ်းသပ်တူးဖော် သည့် လုပ်ငန်းဖြစ်စေ ၊ တူးဖော်ထုတ်လုပ်နေသည့် လုပ်ငန်းဖြစ်စေ တူးဖော်လုပ်ကိုင်ပြီးပါက မူလစိုက် ပျိုးမြေဖြစ်အောင် လုပ်ဆောင်ပေးရမည့် စည်းကမ်းချက်များ ထည့်သွင်း စာချုပ်ချုပ်ဆိုထားကြောင်း စွမ်းအင် ၀န်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၂ ခုနှစ် သြဂုတ် ၃၀ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးကော်မ တီဥက္ကဋ္ဌ ဦးလွန်းသီနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ထံသို့လည်း ဒေသခံများ၏ လိုလားချက်များအား တင်ပြထားသည်။ ထို့ကြောင့် စက်တင်ဘာ ၉ ရက်က နေပြည်တော်မှ စေလွှတ်လိုက်သော စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့သည် ထီးလင်းမြို့နယ် အထက်ကျော်ကျေးရွာသို့ သွားရောက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ref: 7Day News Journal

No comments:

Post a Comment