Thursday 4 October 2012

သန်း ၁ထောင်ကျော် Facebook user များအတွက် ဇူကာဘတ်၏ ပီတိစကား

အောက်တိုဘာ ၄- 

အစောပိုင်းလေတင် ဇူကာဘတ်က တင်လိုက်တဲ့ Status ဖြစ်ပါတယ်။

 

သူတင်တဲ့ Status အရ ဇူကာဘတ်ဟာ သူတည်ထောင်ခဲ့တဲ့ Facebook အတွက် အရမ်း ပီတိ ဖြစ်နေပါတယ်။ သူပြောတဲ့စကားကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

"ယနေ့မနက် စစ်တမ်းအရ လစဉ် Facebook အသုံးပြုသူ သန်း ၁ ထောင် ကျော်လွန်သွားပါပြီ။

ကျွန်တော်နဲ့ ကျွန်တော့ရဲ့ အဖွဲ့ငယ်လေးကို အားပေးထောက်ပံ့ပေးတဲ့ Facebook user များကို အထူးပင် ကျေးဇူး တင်တင်ရှိပါတယ်။

လူဦးရေ သန်း တစ်ထောင်ကျော်ကို ဆက်သွယ်ပေးနိုင်ခဲ့အတွက်လည်း ဂုဏ်ယူလို့ မဆုံးပါဘူး။

ကျန်နေသေးတဲ့ လူဦးရေ တွေကိုလည်း ဆက်သွယ်ဖြစ်အောင် ဖန်တီးပေးရင်း Facebook ကို တစ်နေ့တစ်နေ့ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးမယ်လို့ ဆန္ဒပြု ကတိပေးအပ်ပါတယ်။"

ယနေ့ချိန်ထိ Facebook ဟာ ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်ဝဘ်ဆိုဒ် တစ်ခု အနေနဲ့ တည်ရှိနေသေးတယ်လို့ သိရပါတယ်။
---
Ref: Mark Zuckerberg
News from : TechSpace Journal
 

No comments:

Post a Comment