Friday 27 July 2012

မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု ဘယ်လိုမလုပ်ရမလဲ ကမ္ဘာ့အသစ်လွင်ဆုံးရှေ့တန်းဈေးကွက်အတွက် ကြုံတွေ့ဖွယ်ရှိသည့် စွန့်စားရမှုများ



(မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ဘီလျံဆယ်နှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံ တွင်းသို့ စီးဝင်လာလျှက်ရှိသည်။ သို့သော် အကျိုး အမြတ်များများရခြင်းနောက်ကိုသာ လိုက်နေကြ သောရင်းနှီးမြှုပ်နှံမှုများသာလွမ်းခြုံထားခြင်းကြောင့် အတိတ်က တံခါးဖွင့်ခဲ့သည့်စီးပွားရေးများ ကဲ့သို့ ပင် ထိလွယ်ရှလွယ် ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုမရှိသော ဘဏ္ဍာရေးကဏ္ဍ၊ ရင့်သန်မှုမရှိသေးသော ကုန်စည်ဈေးကွက်နှင့် အားနည်းသော အုပ်ချုပ်မှုအဆောက် အအုံကြောင့် သတိထားစရာဖြစ်နေသည်။ )

ဘရိုင်ယန် ပီ ကလိန်းသည်အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ အရှေ့တောင်အာရှဒါရိုက်တာ
ဟောင်းဖြစ်ပြီး မက္ကရိုဘောဂ ဗေဒပညာရှင်နှင့် ဂျီအိုပိုလက်တစ်မဟာဗျူဟာသမားတစ်ဦးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့သော ပြီးခဲ့သည့် ဧပြီလပါလီမန်ရွေးကောက်ပွဲပြီးကတည်းက
 ဒေသတွင်းစီပွားရေးပါဝါတစ်ခု၏ ပြန်လည်ထွက်ပေါ်ခြင်း တွင် အားပါးတရပါဝင်ရန် အာရှနှင့် အနောက်ကမ္ဘာစီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင်းသို့ အလုံးအရင်း ဖြင့် ၀င်ရောက်ခဲ့ကြသည်။ ပြီးခဲ့သည့် လပေါင်းများစွာအတွင်း သြစတြေးလျ၊ ကနေဒါ၊ ယူနိုက်တက်ကင်းဒမ်းနှင့် (မေလတွင် အမေရိကန် ပြည်ထောင်စုတို့သည် မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံရေးအချို့ကို ပြန်ဖွင့်ခဲ့ကြသည်။ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေး ရန်ပုံငွေများ ထောက်ပံ့ခြင်းနှင့် မြန်မာစစ်အစိုးရခေါင်းဆောင်
များအတွက် ကာလရှည်တားမြစ်ခဲ့သော အမေရိကန်အရေးယူပိတ်ဆို့မှုများကိုလည်း ယခုအခါ အတော်များများဆိုင်းငံထားပြီးဖြစ်သည်။ 
ကိုကာကိုလာ၊ ဂျီးအီးနှင့် ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီများကလည်း မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ရန်
အလွန်စိတ်ဝင်စားကြောင့် ထုတ်ဖော် ပြောဆိုခဲ့ပြီးဖြစ် သည်။ ဟိုတယ်များလည်း အလျင်အမြန်ပြည့်နေပြီး လွန်ခဲ့သည့်ခြောက်လ တစ်နေငှားရမ်းခ ဒေါ်လာ ၆၀ တန်အခန်းများ သည်ပင် ယနေ့အချိန်တွင် ဒေါ်လာ ၄၀၀ ခန့်ဖြစ်သွားသည်။ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရပြီးနောက် မြန်မာနိုင်ငံသည်
ရှေ့တန်းဈေးကွက်မြေပုံ၏ ဗဟိုသို့ရွေ့လာခဲ့ သည်။သို့သော်လည်း နိုင်ငံရေးအုပ်စုကွဲမှုရာသီဥတုအလား
အလာနှင့် အန္တရာယ်ရှိလှစွာ သော ထိလွယ်ရှလွယ်စီးပွားရေးကြောင့် အလျင်အမြန် ဖွင့်ခြင်း သည် ရုတ်တရက်ကြွယ်ဝချမ်းသာလာခြင်းနှင့်အတူ အခြေမကျသော ရလဒ်များလည်း ပေါ်ပေါက်လာဖွယ်ရှိသည်။
ရေနံနှင့် ဓာတ်ငွေ့၊ ဆန်၊ ကျွန်းသစ်နှင့် အဖိုးထိုက်တန်သော ကျောက်မျက်ရတနာများ (ယခုအခါတွင် ယင်းတို့ထဲမှ အများစုကိုကုန်ချောမပြုလုပ်ဘဲ တင်ပို့ခဲ့ပြီး) အပါအ၀င် အလွန်များပြားလှသော သဘာဝရင်းမြစ်များကြောင့် ထုတ်လုပ်နိုင်စွမ်းတည်ဆောက်ရန် အခွင့်အလမ်းများစွာရှိနေသည်။ ပရိဘောဂအချောထည်များ၊ ပတ္တမြားလုံးချောများနှင့် အရည်အသွေးမြင့်ဆန်တို့ပင်လျှင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ ဆောက်လုပ်ရေး လုပ်ငန်း သုံးပစ္စည်းများနှင့် ကုန်ချောထုတ်လုပ်ရေးလုပ်ငန်းများအပြင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ကို ဆွဲဆောင်နိုင်ပေလိမ့်မည်။ ယမန်နှစ်က နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀ ဘီလျံကျော်တိုင်းပြည်တွင်း
သို့စီးဝင်ခဲ့ပြီး အများစုမှာ တရုတ်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ကာ ယခင်ဆယ်စုနှစ်
နှစ်ခုပေါင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအားလုံးထက် ပိုမိုခဲ့သည်။သို့သော်လည်း အချို့ကတော့ 
သတိဖြင့်တိုင်ပင်ဆွေးနွေးနေခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းကလည်း မှန်ကန်သောလုပ်ဆောင်မှုဖြစ်သည်။ ပြီးခဲ့သည့်ဆယ်စုနှစ် ၂ ခုအတွင်း ကာလအတော်များများကို နေအိမ်အကျယ်ချုပ်ဖြင့်နေခဲ့ရပြီး ၂၀၁၀ တွင် လွတ်မြောက်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က အားပါးတရ ရင်းနှီးမြုပ်နှံမည့်သူများကို မကြာသေးမီက သတိပေးမှုတစ်ခုပြုလုပ်ခဲ့သည်။ ဖြစ်လာနိုင်ဖွယ်ရှိသောစီးပွားရေးလုပ်ဆောင်မှုအသစ်များအားလုံးကို ပြုလုပ်
နေခဲ့သည့် အစိုးရသစ်၏ပြုပြင်ပြောင်းလဲမှုများတွင် ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ကြောင်း မီးမောင်းထိုးပြရင်း နမော်နမဲ့အကောင်းမြင်ဝါဒကို ဇွန်လတွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
 ဆွေးနွေးပွဲတစ်ခုတွင် သူမက သတိပေးခဲ့သည်။ ထိုသို့မဟုတ်လျှင် မြန်မာပြည်သူများသည် ပါဝါအနည်းငယ်သာရှိပြီး ဆက်လက်ဆုံရှုံးနေမည်ဟု သူမက ပြောခဲ့သည်။ 

သူမ၏ အကြံပြုချက်ကို ဂရုစိုက်ရန် အခြားအကြောင်းများစွာလည်း ရှိသည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး
အားနည်းနေခြင်းနှင့်အတူ (ထွန်းသစ်စ စီးပွားရေး နိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်တို့ပင်
 နှေးကွေးနေပြီ) အလျင်အမြန်ဖွံကဖြိုးတိုးတက်မှု၏ဆွဲဆောင်မှုကို ရင်းနှီးမြှုပ်နှံသူများ ငြင်းဆိုရန် ခက်ခဲနေ ပေလိမ့်မည်။ သို့သော် အကျိုး အမြတ်များများရခြင်းနောက်ကိုသာ လိုက်နေကြ သော
ရင်းနှီးမြှုပ်နှံမှုများသာလွမ်းခြုံထားခြင်းကြောင့် အတိတ်က တံခါး ဖွင့်ခဲ့သည့်စီးပွားရေးများကဲ့သို့ပင် ထိလွယ်ရှလွယ် ဖြစ်နေသည်။ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အားကောင်းသော
 ငွေကြေးဆိုင်ရာမူဝါဒ ထိန်းချုပ်မှုများရှိလေ့ မရှိသော ယင်းသို့သောနိုင်ငံများတွင် ငွေလဲနှုန်း၊
 ငွေကြေးထောက်ပံမှုနှင့် ငွေကြေးဖောင်းပွခြင်းတို့တွင် အလွန်အမင်း အလှုပ် အယမ်းများများခြင်းတို့ ရံဖန်ရံခါဖြစ်နေသော ကာလများလိမ့်မည်။ စံချိန်စံညွှန်းများမရှိခြင်းကြောင့် ဘဏ်များက ငွေများ အပြိုင်ချေးခြင်းကဲ့သို့ ဘဏ္ဍာရေးပူပေါင်းများဖန်တီးမိခြင်းများ တိုးပွားစေသည်။

မေးခွန်းထုတ်စရာကောင်းသော အိမ်ခြံမြေဈေးကွက်များ ပြိုလဲခြင်း (၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပြဿနာမျိုး) များလည်း ရံဖန်ရံခါဖြစ်လာတက်သည်။ နိုင်ငံခြားတိုက်ရိုက်
ရင်းနှီးမြှုပ်နှံမှုများ ရုတ်တရက် စီးဝင်လာခြင်းသည် တရားမျှတမှုကို ရပ်စဲစေဖွယ်ဖြစ်ပြီး မတည်ငြိမ်မှု၏ ပထမဆုံလက္ခဏာများ လျင်မြန်စွာပြလာမည်ဖြစ်သည်။ဘဏ္ဍာရေးကဏ္ဍသည် တစ်ခုတည်းသော
 ပြဿနာနယ်ပယ်သာဖြစ်သည်။ အရည်အသွေးပြည့်ဝသော အကောက်ခွန်နှင့် နယ်ခြား ထိန်းချုပ်မှုမရှိခြင်း ကြောင့် သွင်းကုန်များ (အထူးသဖြင့် စိုက်ပျိုးရေးနှင့် ဈေးပေါသောကုန်ချောပစ္စည်းများ) သည် ဈေးကွက်တွင်းသို့ ပမာဏများပြားစွာ အလွယ်တကူ စီးဝင်နိုင်ပြီး ပြည်တွင်းကုန်ထုတ်လုပ်ရေးသမား ယှဉ်ပြိုင်နိုင်စွမ်းမရှိဖြစ်မည်။ ပိုပြီး ယေဘုယျကျစွာပြောရလျှင် ထုတ်ကုန်ပစ္စည်းအတုများသည် သည် လည်း ကုန်စည် ဈေးကွက်အတွင်းရောက်ရှိပြီး ကျန်းမာရေးနှင့် လုံခြုံရေးအန္တရာယ်များဆီသို့ ဦးတည်စေနိုင်သည်။ လက်နက်များနှင့် မူးယစ်ဆေးဝါးများ စီဆင်းခြင်းနှင့် စီမံခန့်ခွဲမှုမရှိသော စီးပွားရေးဖွံ့ဖြိုတိုးတက်မှုနှင့်အတူ ရံဖန်ရံခါတိုးပွားလာသော လူများစသည်တို့သည် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက် နမ်တို့နည်းတူ
 မြန်မာနိုင်ငံအတွက်လည်း ပြဿနာတစ်ရပ်ဖြစ်လာဖွယ်ရှိသည်။ 

ပိုဆိုးသည်မှာ ကုန်ကြမ်းပစ္စည်းများကို လောလောလတ်လတ်အလွဲသုံးမှုကြောင့် စီးပွားရေးသည်လည်း ချိန်ခွင်လျှာမညီဖြစ်သွားနိုင်သည်။ ကမ္ဘတစ်ဝှမ်းမှ ဖွံ့ဖြိုးရေးထောက်ပံငွေများအလျင်အမြန်ဝင်ရောက်
လာခြင်းကြောင့်လည်း ဆင်းရဲချမ်းသာကွာဟမှုကျယ်ပြန့်နိုင်ကာ အစိုးရအာဏာပိုင်များမစိစစ်မှု ကြောင့် ကိုယ်ကျိုးရှာသမားများကြီးပွားသွားနိုင်သည်။ အစိုးရအင်စတီကျူးရှင်းများ ဖွံ့ဖြိုးတိုးတက်မှုကို လျစ်လျူပြုခြင်းသည် ဖွံ့ဖြိုးဆဲကမ္ဘာတွင် ဖြစ်နေ ကျ လမ်းကြောင်းများဖြစ်ခဲ့သည်။ ရေနံကြွယ်ဝမှုကြောင့် လူနည်းစုသာ အကျိုးဖြစ်ထွန်းပြီး အလယ်အလတ်ဝင်ငွေအဆင့်အတန်းတစ်ခုသို့ မည်သည့် အခါကမှ မချဉ်းကပ်နိုင်ခဲ့သည့် နိုင်ဂျီးရီးယားနှင့် ဆူဒန်တို့အပါအ၀င် ရင်းမြစ်ကြွယ်ဝသော အာဖရိကနိုင်ငံများကို ကြည့်လျှင် အားကောင်းသော လူလတ်တန်းစားတစ်ရပ်၏ စီးပွားရေးပျက်သုန်းနေသည်ကို
တွေ့ရမည်ဖြစ်သည်။ ခိုင်မာအားကောင်းသော တရားရုံးများ၊ အခွန်ကောက်ခံခြင်း၊ 
နယ်ခြားထိန်းချုပ်ခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းတို့သည် တိုင်းပြည်တစ်ခုလုံး၏ ပိုမိုကြီး မားသောလိုအပ်ချက်များဖြည့်ဆည်းပေးသည့် ကျယ်ပြန့်သောအခြေခံဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပုံစံတစ်ရပ်ဖြစ်ပေါ်လာနိုင်သည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည်က သူမ၏ မိန့်ခွန်းများတွင် အကြိမ်ကြိမ်ပြောခဲ့သလိုမျိုး လူအနည်းငယ်သာအကျိုးဖြစ်စေမည့် နည်းလမ်းများဖြင့် တိုင်းပြည်၏ အက်ဆက်များကို အစိုးရက ဆက်လက်ရောင်းချနေချိန်တွင် နောက်ပိုင်းတွင် ပူပန်စရာများ ရံဖန်ရံဖန်ဖြစ်လာမည်ဖြစ်သည်။ မိုင်းတွင်းသယံဇာတများက ဒေါ်လာ ၁ ထရီလီယံဖိုးခန့်ရှိပြီး ဂဏန်းနှစ်လုံးဖွံ့ဖြိုးတိုးတက်မှုရှိသော မွန်ဂိုလီယားသည် ထိုသို့သော တည်ငြိမ်မှုနှင့် လူမှုဘ၀သာတူညီမျှမှုများကို ခြိမ်းခြောက်သော မထိန်းချုပ်နိုင်သည့် ခြစားမှုများဖြစ်ပေါ်လာသည်။
အကောင်းဘက်ဦးတည်သောခြေလှမ်းတစ်ရပ်တွင် နိုင်ငံခြား အကူအညီများနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ပိုမိုဖွင့်ပေးခြင်း အပါအ၀င် ဇွန်လတွင် သမ္မတဦးသိန်းစိန်ကြေညာခဲ့သော ဒုတိယလှိုင်းပြုပြင်ပြောင်းလဲရေးဖြစ်သည်။ သူကလည်း ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပါလီမန်သို့တင်ခဲ့ပြီး (အသေးစိတ် ယခုအထိမထွက်သေး) ဇူလိုင်လကုန်တွင် အတည်ပြုမည်ဟုမျှော်မှန်းထားသည်။ အဆိုပါဥပဒေတွင် မြေယာငှားရမ်းမှုကန့်သတ်ချက်များ ကို ဖြေလျှော့ပေးမည်ဖြစ်ပြီး နိုင်ငံခြားစီးပွားရေုး
လုပ်ငန်းများအတွက် အခွန်မက်လုံးများလည်း ပေးမည်ဖြစ်သည်။ စက္ကူပေါ်ရှိပြုပြင်ပြောင်းလဲရေးများမှာ လိုအပ်သည်ဖြစ်သော်လည်း အစိုးရသစ်အခွင့်အာဏာများအတွက် လုံလောက်သောငွေကြေး
ပမာဏအပါအ၀င် အကောင်အထည်ဖော်ရေးမှာ သော့ချက်အဖြစ် ကျန်နေဆဲဖြစ်သည်။
အရေးကြီးသည်မှာလည်း မြန်မာနိုင်ငံလျှောက်လှမ်းမည့် ပိုမိုကျယ်ပြန့်သောဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင် အချို့သောရှင်းလင်းမှုများဖြစ်သည်။ အနောက်နိုင်ငံများနှင့် ဂျပန်ဈေးကွက်များကြီးထွားနေချိန် လွန်ခဲ့သည့်ရာစုနှစ်ဝက်လောက် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအများစုလိုက်ခဲ့ကြသော ပို့ကုန် ဦးဆောင်သော မိုဒယ်သည် တည်ရှိတော့မည်မဟုတ်ပေ။ 

ကုန်ချောထုတ်ကုန်များကို ပြည်ပတင်ပို့ခြင်းထက် ပြည်တွင်းဝယ်လိုအားဖြင့်မောင်း နှင့်သော စီပွားရေးတစ်ရပ်ဖန်တီးရန် မြန်မာတွင် ရှားရှားပါးပါးအခွင့်အလမ်းတစ်ရပ်ရှိသည်။ များပြားလှသောလူဦးရေ၊ ကျယ်ပြောလှသော သဘာဝသယံဇာတများ နှင့်အတူ အရင်းအနှီးများစီးဝင်လာမှုတိုးမြင့်
လာခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးလင်းပွင့်မှုတစ်ခုအတွက် လိုအပ်သော အခြေခံအုတ်မြစ်ရှိပြီး ဖြစ်သည်။ လတ်တလောလိုအပ်နေသည်မှာ အသေးစားနှင့်အလတ်စား
လုပ်ငန်းများအတွက် အရင်းအနှီးများရရှိမှုတိုးတက်ရန်နှင့် အမှန်တကယ်အားဖြင့် ရှေ့ဆက်နိုင်ရန် ဥပဒေကြောင်းအရအကာကွယ်များဖော်ဆောင်ရန်သာဖြစ်သည်။လာမည့်နှစ်တွင် ရန်ကုန်-နိုင်ငံတကာမှ 
အမှုဆောင်များ အခန်းကြိုတင်မှာရမည့် အကြောင်းများနှင့်အတူ အထက်ပါအချက်အားလုံးသည် သတိပြုရမည့် အချက်များဖြစ်သည်။ 
ယခုအချိန်တွင် မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးခြင်းသည်ဒီအတိုင်းဖြစ်လာသည်ဟုတ်။ 
ဆက်ဆံရေးပုံမှန် ဖြစ်အောင်ပြုလုပ်ရန်အတွက် အနောက်နိုင်ငံများ၏ တင်ကူးသတ်မှတ်ထားသော
အချက်များစွာနှင့်အညီ မြန်မာနိုင်ငံကပြုမူခဲ့ခြင်းကြောင်းဖြစ်သည်။ ယခုနှစ် ဧပြီလတွင် ပါလီမန်၏ လစ်လပ်သွားသော နေရာများအတွက် လွတ်လပ်ပြီး ယေဘုယျအားဖြင့် မျှတသောရွေးကောက်ပွဲများ
ကျင်းပပေးခဲ့သည်။ (အများစုကို စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံပြုပါတီများအတွက် ထားရှိဆဲဖြစ်သည်။) နိုင်ငံရေးအကျဉ်းသားများစွာကို အစိုးရကလွှတ်ပေးခဲ့ သည်။ ငွေကြေးကိုလည်း
တန်ဖိုးပြန်လည်သတ်မှတ်ခဲ့သည်။ ယခင်က တစ်ဒေါ်လာလျှင် ကျပ်ငွေခြောက်ကျပ်နှုန်းဖြင့် သတ်မှတ်ထားခဲ့သော မြန်မာကျပ်ငွေကို ဧပြီလတွင် ယခင်မှောင်ခိုဈေးနှုန်းနီးပါး တစ်ဒေါ်လာကို ကျပ် ၈၀၀ သတ်မှတ်ခဲ့သည်။ ဇွန်လအစောပိုင်းတွင် တစ်ဒေါ်လာလျှင် ၈၄၀ ကျပ်အထိ ရောက်ရှိခဲ့သည်။ ယခုလို ခုန်တက်သွားခြင်းကြောင့် ရင်းနှီးမြှုပ်နှံရန်အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများ
 ငွေကြေးအပေါ်ယုံကြည်မှု ရရှိ တိုးမြင့်ခဲ့သည်။ ယခုအခါတွင် တိုကျိုစတော့အိတ်ချိန်းနှင့်ဂျပန်၏ ဒိုင်ဝါအင်စတီကျုတို့က မြန်မာစတော့အိတ်ချိန်းအကောင်အထည်ဖော်ရန် ကူညီလျှက် ရှိသည်။ အိန္ဒိယက ချေးငွေဒေါ်လာသန်း ၅၀၀ ပေးမည်ဟု မေလတွင် ကြေညာခဲ့သည်။ သို့သော် ရင့်သန်မှုမရှိသေးသော စီးပွားရေးတစ်ခုတွင်းသို့ များပြား သောငွေကြးတန်ဖိုးများဝင်လာခြင်းမှာ
 မေးခွန်းထုတ်စရာဖြစ်နေဆဲဖြစ်သည်။ ယမန်နှစ်က ကမ္ဘောဒီးယားတွင် လည်ပတ်လုပ်ကိုင်နေသော စတော့ဈေး ကွက်တစ်ခု ထူထောင်ခဲ့သည်။ ထိုဈေးကွက်တွင် အစိုးရကုမ္ပဏီအနည်းငယ်ကသာ
စာရင်းသွင်းထားပြီး ရှယ်ယာဈေးနှုန်းများ အတက်အကျကြမ်းနေခဲ့ သည်။ ရှေ့တန်းဈေးကွက်တစ်ခုတွင် ရင်းနှီးမြှုပ်နှံမည့် စွန့်စားမှုတစ်ရပ်အဖြစ် ဆုံးရှုံးဖွယ်ရှိသည်ပြဿနာမှာ အကြောင်းတစ်ရပ်ဖြစ်သော်လည်း အဓိက ကျသော အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းတွင် အချိန်နှင့် ရင်းမြစ်များပိုမိုသုံးစွဲခြင်းနှင့် ထိရောက်သော တရားဥပဒေစိုးမိုးမှုတို့သည် အကျိုးအမြတ်ပိုများသောအရင်းအနှီးများကို ဆွဲဆောင်ဖွယ်ရှိသည်။ 

အခြေမခိုင်သော နိုင်ငံတော်တစ်ခု နုနယ်သော ဒီမိုကရေဒီသို့ (အကန့်အသတ်များရှိသည့်တိုင်) အသွင်ကူးပြောင်းမှုတွင် ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိ ခဲ့လျှင် မြန်မာသည် လူနည်းစုကြီးစိုးမှုဖြင့်သာ အဆုံးသတ်သွားဖွယ်ပေမည်။ ပြဿနာများကို ထိန်းချုပ်ရခက်ခဲသည့်အခြေအနေကို လက်ခံထားလျှင် လူမှုရေးနှင့် စီးပွားရေးမညီမျှမှုများကျယ်ပြန့်လာခြင်းသာဖြစ်ဖွယ်ရှိတော့သည်။ မြန်မာသည် လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ချိန်ခွင်လျှာညီသော ဖွံ့ဖြိုးတိုးတက်မှုကို လမ်းခွဲရာ လမ်းဆုံးသို့ရောက်ရှိခဲ့ပြီဖြစ်သည်။ အများစုမှာ ငါးဆယ်တန်းနှင့် ခြောက်ဆယ်အစောပိုင်းတန်းသို့ရောက်ရှိနေပြီးဖြစ်သော အစိုးရအဖွဲ့ကို ကြီးစိုးထားသည့် တပ်မတော်ခေါင်းဆောင်ဟောင်းများသည် မိမိတို့တိုင်းပြည်၏ အနာဂတ်ကို စိတ်ထဲထည့်ထားလျှင် အားကောင်းမောင်း သန်လူလတ်တန်းစားတစ်ခုအား ထောက်ပံခြင်းအပေါ် ဦးတည်သည့် မူဝါဒများချမှတ်ဖော်ဆောင်ခြင်းသည်သာ ချမ်းသာဖို့ရေတိုပြိုင်ပွဲတစ်ခုထက် မြန်မာ ပြည်အား အထောက်အကူဖြစ်စေမည်ဖြစ်သည်။
 ref:messenger

How Not to Invest in Myanmar
The Risks for the World's Newest Frontier Market
Brian P. Klein
July 25, 2012
www.foreignaffairs.com

No comments:

Post a Comment